Monday, June 11, 2012

Ko Ko Gyi (88 Students Generation) expresses his view on Rohingya roit to Arakanese(Rakhaing national)



နယ်စပ်ဒေသဖြစ်ပွားသည့်ကိစ္စတွင် ဘာသာရေးပုံစံမျိုး ကူးဆက် မလာစေရန် ၀ိုင်းဝန်းပြီးအားလုံးတားဆီးရမည်ဟု ကိုကိုကြီးဆို

“နယ်စပ်ဒေသက တရားမ၀င်ဝင်ရောက်လာတဲ့ သူတွေအပေါ်မှာအခြေပြုပြီးဖြစ်လာတဲ့ ကိစ္စသည်မူစလင်နဲ့ ဗုဒ္ဓဘာသာကိစ္စမဟုတ်ပါဘူး။ အဲဒါကိုပြတ်ပြတ်သားသားပဲခွဲခြားနားလည်ဖို့လိုပါတယ်။ ဒီကိစ္စတွေ မဖြစ်ခင် တုန်းက မူစလင်နဲ့ ဗုဒ္ဓဘာသာဆိုတဲ့ ပဋိပက္ခမျိုးမရှိပါဘူး။ ဒါပေမယ့် နယ်စပ်ဒေသဖြစ်ပွားတဲ့ကိစ္စမှာ ဘာသာ ရေးပုံစံမျိုး ကူးဆက်တာကိုတော့ ကျွန်တော်တို့ဝိုင်းဝန်းပြီးအားလုံးတားဆီးရမယ့်ကိစ္စလို့မြင်ပါတယ်။လူတော် တော်များက ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ပြောတဲ့အခါမှာ နယ်နိမိတ်တွေပဲမရှိတော့လိုလို လူသား ၀ါဒကိုပဲ အခြေပြုရမလိုလိုနဲ့ သဘောထားအယူအဆတွေပြန့်နှံ့လာတာတွေ့ရပါတယ်။ နောက်ပိုင်းလူငယ်တွေထဲမှာ ပြည်ပကအတွေးအခေါ်ဆိုင်ရာ ခေတ်ပြိုင်အယူအဆဆိုင်ရာစာအုပ်တွေမှာ တွေ့နေရတော့ လူသားဝါဒ ဆိုတာ ကို တော်တော်လေးဦးစားပေးပြောဆိုလာကြပါတယ်။ ကျွန်တော်လဲကြိုက်ပါတယ် ။ ဆိုမာလီမှာ ပိန်ချုန်းနေတဲ့ ကလေးလေးတစ်ယောက်တွေ့ရင် ကျွန်တော်လဲလူသားတစ်ယောက်အနေနဲ့ ခံစားရပါတယ်။ ကမ္ဘာနေရာ တစ်ခုခုမှာ ငတ်ပြတ်နေတဲ့ဒုက္ခရောက်နေတဲ့ လူသားတစ်ယောက်ကိုတွေ့ရင် ကျွန်တော်တို့လည်းနစ်နစ်နဲနဲ ခံစားရပါတယ်။ ” ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပသည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် သတင်းစားရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

No comments:

Post a Comment