Monday, June 11, 2012

Rakhaing nationals are taking on their security post for their temple in Sit twe




·         နောက်ဆုံးအခြေအနေ

ပေါက်တောမြို့ နောက်ဆုံးရသတင်းများ (ဇွန် ၁၁)
၁၆၃၀ နာရီချိန်တွင် ဘုံဝန်ချောင်းအနောက်ဝစုကျေးရွာမှ ဘင်္ဂါလီလူမျိုး (၁၈၀၀)ခန့်သည် ကပ်လျက် တည်ရှိသော ရပ်ကွက်(၄)မှ ရခိုင်တိုင်းရင်းသား (၂၀၀၀)ခန့်တို့နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။

ယင်းသို့ ထိပ်တိုက်ရင်ဆိုင်ချိန်တွင် ရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သော်လည်း တား၍ မရခဲ့ပေ။ ၄င်းနောက် ၁၇၀၀ နာရီချိန်တွင် တပ်မတော်ကို အုပ်ချုပ်မှုအာဏာလွှဲပြောင်းပေးခဲ့ရာ ယင်းအုပ်စု (၂)စု အကြားတွင် တပ်မတော်မှ တံတိုင်းကာ၍ စည်းများ သတိပေးပြောကြားကာ တားမြစ်ခဲ့သည်။ သို့သော်လည်း နှစ်ဘက်စလုံးမှ နောက်မဆုတ်ဘဲ တစ်ဘက်နှင့်တစ်ဘက် မီးရှို့ထားသော ဓါတ်ဆီ ပုလင်းများ၊ ခဲများဖြင့် ပစ်ခတ်ကာ ဆက်တက်လာခဲ့သည်။ နှစ်ဘက်စလုံးအား တက်မလာဘဲ နောက်ဆုတ်ကြရန် ထပ်မဲ ပြောကြားခဲ့သော်လည်း လက်မခံဘဲ တက်လာကြသဖြင့် တပ်မတော်မှ ပစ်ခတ်ရှင်းလင်းခဲ့သည်။
 

ယင်းသို့ ပစ်ခတ်ခဲ့မှုကြောင်း ဘင်္ဂါလီလူမျိုး ၁၀ ဦး(၁ ဦးစိုးရိမ်ရ၊ ၉ ဦး မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား (၄)ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။




·ယနေ့ မွန်းလွဲ ၂ နာရီခန့်အချိန်က ရာဂဏန်းခန့်ရှိသော ဘင်္ဂါလီများမှာ အဆိုပါ ကွင်းပြင်ကို ဖြတ်ပြီး တစ်ဖက်ရှိ စစ်တွေမြို့ အာကျိတ်တော်ကုန်းစေတီနှင့် ဘုန်ကြီးကျောင်းများအနီးသို့ ချဉ်းကပ်လာသဖြင့် ရခိုင်တိုင်းရင်းသားများ ထပ်မံချဉ်းကပ်မှု မရှိစေရန် ယခုကဲ့သို့ လုံခြုံရေး တာဝန်ယူနေကြခြင်း ဖြစ်ပါသည်။

(စောင့်ဆိုင်းသူများ၏ ရှေ့တွင်မြင်နေရသည်မှာ ဘဂါင်္လီအများစု နေထိုင်သော နာဇီရွာဖြစ်ပြီး ရခိုင်ဘုန်းတော်ကြီးကျောင်း အများအပြားရှိရာ အာကျိတ်တော်ကုန်းနှင့် အဆိုပါ ကွင်းပြင်သာ ခြားပါသည်။)




မောလိပ် တွင် ညမထွက်ရအမိန့် ထုတ်သော်လည်း ဘင်္ဂါလီ ၃ ယောက်ဝင်လာ၍ ပျောက်ဆုံးသွားကြောင်း
ညအချိန် ဘင်္ဂါလီများမှ ရပ်ကွပ်တိုင်းသို့ အဖွဲ့လိုက် ဝင်ရောက်ရန်အစီအစဉ်ကြားထားကြောင်း
စစ်တွေ မြို့ခံရခိုင်များ မှ လုံခြုံရေး ကို မိမိတို့ တတ်နိုင်သလောက် အားဖြည့်နေကြောင်း
မြို့ခံ ရခိုင်များမှာ ဘင်္ဂါလီတို့ကို ဓားဓားချင်း ဒုတ်ဒုတ်ချင်း ရင်ဆိုင်ရန် လုံးဝမကြောက်ကြောင်း ။ သူတို့တွင် လက်နက်များရှိ၍သာ စိုးရိမ်နေကြောင်း
နာဇီရွာတွင် စစ်တပ်နှင့် အပြန်အလှန် ပစ်ခက်မှုရှိကြောင်း
မြို့ခံများမှ ပြောသည်မှာ ညမထွက်ရ အမိန့်လို့သာပြောပြီး ဘင်္ဂါလီများမှာ ကြောက်ရွံ့မှု မရှိ အလေးမထားကြောင်း ပြောကြားသွား

No comments:

Post a Comment