Saturday, June 16, 2012

အစိုးရမှလိမ်မှုကြီးကို စုံစမ်းသင့် The inquiry commission should invistigate government's lie

MRTV ရုပ်သံလှိုင်းမှ မနေ့ညနေ သတင်းတွင် ဖော်ပြခဲ့သော အကြမ်းဖက်သမားဟု စွပ်စွဲဖမ်းဆီးထားခြင်းခံရသူ ၂၉ဦးမှာ သာမန် အရပ်သားများသာဖြစ်ကြောင်း ဒေသခံများနှင့် ဖမ်းဆီးခံရသူ မိသားစုများ၏ ပြောပြချက်အရ သိရှိရသည်။
538409 397147133656249 65926176 n
“ညနေ သတင်းကိုကြည့်လိုက်တော့ အကုန်လုံး ကိုယ်တွေနဲ့ နီးနီးကပ်နေကြတဲ့ မာရမာ၊ ဟိန္ဒူတွေနဲ့ ရခိုင် တွေချည်းဘဲမြင်လိုက်ရတော့ တော်တော် အံသြသွားတယ်။ သူတွေအကုန်လုံးက ဗုဒ္ဓဘာသာဝင်တွေ ချည်းဘဲ၊ အဲဒီထဲမှာ ဘင်္ဂလီမူဆလင်ဆိုလို့ တစ်ယောက်မှ မပါဘူး။ ဒါဟာ အစိုးရအနေနဲ့ တမင်သက်သက် လုပ်ကြံတဲ့ ဇာတ်လမ်းတစ်ခုလို ဖြစ်နေပါတယ် ”ဟု စစ်တွေဈေးမှ ဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောပြသည်။
ဇွန်လ ၁၃ရက်နေ့က အကြမ်းဖက်သမားများဟု စွပ်စွဲကာ ဖမ်းဆီးခြင်းခံထားရသူ ၂၉ဦးတို့မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးခံထားရသူများသာဖြစ်ကြောင်း သိရှိရသည်။
၎င်းအထဲမှ ကိုဇော်မျိုးထွန်းမှာ ရခိုင်တစ်ဦးဖြစ်ပြီး အလုပ်မှ ပြန်လာပြီး အိမ်ရှေ့တွင် ထွက်ရပ်နေချိန် စစ်တပ်ကားဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရပြီး၊ ကျန်လူများမှာလည်း ကိုဇော်မျိုးထွန်း ကဲ့သို့ပင် အိမ်ရှေ့တွင် ည ၆နာရီ နောက်ပိုင်း ထွက်နေကြသော သူများသာဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
“အစိုးရက ဘယ်လိုဖြစ်ပြီး ဒီညမထွက်ရအမိန့်နဲ့ ဖမ်းဆီးခံထားရတဲ့သူတွေကို ဖမ်းဆီးပြီး ဒီလိုမျိုး အကြမ်းဖက်သမားတွေလို့ စွပ်စွဲ လုပ်ကြံလိုက်တာလည်းမသိဘူး၊ သူတို့ တကယ် ထုတ်ပြမယ်ဆိုရင် သူတို့အခုဖမ်းထားတဲ့ AZGက ဦးကျော်လှတို့ရှိတယ်၊ နောက်ပြီး အယ်ကိုင်ဒါးနဲ့ ချိတ်ဆက်နေတဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြပါလား၊ နိုင်ငံတကာနဲ့ ပြည်သူလူထုရှေ့ကို ချပြသင့်တယ်”ဟု ကိုဇော်မျိုးထွန်းရဲ့ သူငယ်ချင်းတစ်ဦးမှ ပြောပြသည်။
အရေးအခင်းအတွင်း ဖမ်းဆီးခဲ့သော ဒေါက်တာ ထွန်းအောင်နှင့် AZGမှ ဦးကျော်လှတို့နှင့် ပက်သက်သော အမှုကိစ္စ၊ အယ်ကိုင်ဒါးနဲ့ ချိတ်ဆက်ထားတဲ့ စာရွက်စာတမ်းတွေနဲ့ ပက်သက်၍ အစိုးရဘက်မှ ယခုအချိန်ထိ တစ်စုတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဟုလည်း သိရှိရသည်။

 Written by မင်းသွီး    Friday, 15 June 2012 12:00  
Arakan Time

No comments:

Post a Comment