Saturday, June 9, 2012

Latest News from Sittwe စစ်တွေနောက်ဆုံးသတင်း

စစ်တွေ(ည၉နာရီ)

ဘင်္ဂါလီအများစုနေထိုင်ရာ စစ်တွေတက္ကသိုလ်အနီးရှိ ဘုမေကျေးရွာသို့ အနီးအနားရွာများမှ ဘင်္ဂါလီများ လာရောက်စုရုံးနေကြသည်ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ စစ်တွေမြို့နယ်မှ ဦးအောင်မြကျော်ကပြောသည်။ ၄င်းက“မြို့ပြင်ဖက်မှာတော့ တော်တော်စိုးရိမ်ရတဲ့အခြေအနေရှိတယ်၊ မြို့ထဲမှာတော့ ထိန်းချုပ်လို့ရနေတယ်”ဟုပြောသည်။ သူ၏ပြောပြချက်အရ ဘုမေကျေးရွာတွင် စုစည်းနေသူအင်အားမှာ အလွန်များပြားနေကြောင်း၊ ရဲတပ်ဖွဲ့ လုံခြုံရေး အင်အား ၄၀ခန့်သည် အဆိုပါကျေးရွာနှင့် မြို့ကို ပိုင်းခြားတည်ရှိသည့် စစ်တွေမြို့ဖက် ရထားလမ်းမှနေ၍ ဘင်္ဂါလီများဝင်ရောက်ရန် မကြာခဏ ကြိုးစားနေသဖြင့် သေနတ်ပစ်ဖောက် ထိန်းသိမ်းနေကြောင်း၊ လုံခြုံရေးဖွဲ့များ၏ အင်အားမှာ ယနေ့ညဦးပိုင်းအချိန်အထိ နည်းပါးစွာပင်ရှိနေသေးကြောင်း ၄င်းကပြောသည်။
 
စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက အခြေအနေအရပ်ရပ်ကို ကျေအေးရန် လက်မှတ်ထိုးခိုင်း””

ယနေ့ ဇွန်လ ၉ ရက် နံနက် ၁၁နာရီက ကျာက်နီမော်ကျေးရွာသို့ အစိုးရမှ ဖွဲ့စည်းလိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရခိုင်ပြည်နယ်ထောင်အုပ်စုမှူး၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးကျော်ခင် ရောက်ရှိလာပြီး ကျေးရွာ ဥက္ကဌ ဦးသန်းထွန်း၏ နေအိမ်တွင် ရွာသူရွာသားများကို စုရုံးစေကာ ရခိုင်နှင့် အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီတို့အကြား လက်ရှိဖြစ်ပွားနေသော ပြဿနာ အခြေအနေအရပ်ရပ်ကို ကျေအေးကြရန်လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ထို့နောက် ဗိုလ်မှူးကျော်ခင်သည် သေဆုံးသူ မသီတာထွေး၏ မိခင်ဖြစ်သူအား ခေါ်ယူ၍ အစိုးရ၏ ထောက်ပံ့ဂရုဏာကြေးသဖွယ် ငွေကျပ် ၁၅ သိန်းကိုပေးအပ်ရာ မသီတာထွေး၏ မိခင်က ငြင်းဆိုပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ယင်းငွေကျပ် ၁၅ သိန်းကို ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်ကို ပေးအပ်ရာ ဦးခင်မောင်မြင့်ကလည်း လက်မခံဘဲ စံပြကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပေးအပ်စဉ်
တွင် ရွာသူရွာသားများက လက်မခံသဖြင့် ယင်းငွေများကို ဗိုလ်မှူးကျော်ခင် ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း ကျောက်နီမော်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပြသည်။
““လက်ခံလိုက်တာ မကောင်းဘူးလို့ ကျွန်တော်တို့ ယူဆတယ်။ အခု ဥက္ကဌ ဦးသန်းထွန်းက ဗိုလ်မှူးကျော်ခင်ကို ညစာကျွေးဖို့ ပြင်ဆင်နေပါ တယ်”” ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
 
မသီတာထွေးအား မုဒိမ်းကျင့်သတ်ဖြတ်သူတရားခံ ၁ ဦး
ထောင်တွင်း အဆုံးစီရင်သွားကြောင်းသတင်းများထွက်ပေါ်

ရန်ကုန်၊ ဇွန်-၉
ရမ်းဗြဲမြို့နယ်ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူသုံးဦးအနက်မှ ၁ဦးဖြစ်သောထက်ထက်(ခ)ရော်ရှီးသည်ကျောက်ဖြူအကျဉ်းထောင်အတွင်းတွင် မိမိကိုယ်ကိုယ် ဆွဲကြိုးချအဆုံးစီရင်သွားကြောင်း သတင်းများထွက် ပေါ်လာသည်။
ထိုသတင်းနှင့်ပတ်သက်၍ ကျောက်ဖြူအကျဉ်းထောင်တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာ "အခုမပြောချင်ဘူး။ နက်ဖြန်အစိုးရကထုတ်ပြန်ပါလိမ့်မယ်" ဟု သာပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment