Tuesday, June 19, 2012

Power line system in Yangoon for danger to be fixed


ရန်ကုန်မြို့တော်အတွင်းရှိ လျှပ်စစ်ဓာတ်တိုင်များ၌ သွယ်တန်း ထားရှိသော လျှပ်စစ်ဝါယာကြိုး များမှာ တပ်ဆင်ရာတွင် ရှင်းလင်း ၍ စနစ်ကျခြင်းမရှိသည့်အတွက် လျှပ်စစ်လုပ်သားအချို့ဓာတ်လိုက် သေဆုံးရမှုများရှိကြောင်း စုံစမ်း သိရှိရသည်။ ရန်ကုန်မြို့တွင်း ဓာတ်တိုင်များ၌ တပ်ဆင်ထားရှိ သောဝါယာကြိုးများမှာ ရှုပ်ထွေး နေလျက်ရှိပြီး လျှပ်စစ်မီးအရေး အကြောင်းပေါ်၍ ပြုပြင်မည်ဆို ပါကလည်း ယင်းသို့တပ်ဆင်က တည်းက စနစ်မကျခဲ့သည်အတွက် ရှင်းလင်းပြုပြင်ရန် ခက်ခဲကြောင်း သိရှိရသည်။
““ရန်ကုန်မြို့မှာ ရှိနေတဲ့ဓာတ် တိုင်တွေမှာ သွယ်ထားတဲ့ကြိုးတွေ က ရှုပ်ထွေးပြီးမြင်လို့ကိုမကောင်း ဘူး။ မြင်မကောင်းဘူးဆိုတာထက် ကို မလိုလားအပ်တဲ့ လျှပ်စစ် အန္တရာယ်တွေက ပိုကြောက်ဖို့ ကောင်းတယ် ပိုအန္တရာယ်ရှိတယ်။ အထူးသဖြင့် လျှပ်စစ်ဝန်ထမ်းတွေ အတွက်ပိုအန္တရာယ်ရှိတာပေါ့။ နဂိုထဲ က စနစ်တကျရှင်းရှင်းလင်းလင်းနဲ့ ကြိုးတွေကို လုပ်ထားရင်မလိုလား အပ်တဲ့ လျှပ်စစ်အန္တရာယ်တွေဖြစ် မလာတော့ဘူးပေါ့ဗျာ””ဟု ရန်ကုန် မြို့နေပြည်သူတစ်ဦးမှ လျှပ်စစ် ၀ါယာကြိုးများရှုပ်ထွေးနေခြင်းနှင့် သွယ်တန်းရာ၌ စနစ်ကျမှုမရှိခြင်း တို့အပေါ်သုံးသပ်ပြောကြားသွား ခဲ့သည်။
ရန်ကုန်မြို့ဗဟန်းမြို့နယ်နှင်း ဆီကုန်းဘိုးဘွားရိပ်သာရှေ့၌လည်း ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း အချိန်က လျှပ်စစ်ဝန်ထမ်းတစ်ဦး လျှပ်စစ်ဓာတ်တိုင်၌ ၀ါယာကြီးများ ရှုပ်ထွေးနေသည်အား ပြုပြင်ရှင်း လင်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်လိုက်ကာ သေဆုံးခဲ့ရပြီး အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ဗဟန်းရဲစခန်းမှ သေမှုသေခင်း အမှတ် ၁၅/၂၀၁၂ အရ စစ်ဆေး မှုများပြုလုပ်ခဲ့သည်။
လျှပ်စစ်ဝါယာကြိုးများဓာတ် တိုင်များ၌ မြင်မကောင်းအောင် ရှုပ်ထွေးလျက်ရှိနေသည်မှာ ရန်ကုန် တစ်မြို့တည်းတွင်မဟုတ်ဘဲ အခြား သောပြည်နယ်နှင့် တိုင်းဒေသကြီး များ၌လည်းရှိကြောင်း လေ့လာ သိရှိရသည်။
““ခုလိုမိုးတွင်းပိုင်းမှာ လျှပ်စစ် အန္တရာယ်ပိုသတိထားရမယ်။ အထူးသဖြင့် ဓာတ်တိုင်တွေပေါ် တက်ပြီးလျှပ်စစ်ဝါယာကြိုးတွေ ကိုအမြဲထိတွေ့ကိုင်တွယ်နေရတဲ့ ၀န်ထမ်းတွေဆိုပိုတောင်သတိထား ရမယ်သတိနည်းနည်းလွတ်သွား တာနဲ့ အသက်ပါပေးလိုက်ရရော လျှပ်စစ်ဝါယာကြိုးတွေကရှင်းရှင်း လင်းလင်းနဲ့ ဆိုရင်လည်း အဲသလို ဓာတ်တိုင်ပေါ်တက်နေရတဲ့သူတွေ ပြုပြင်ရှင်းလင်းတဲ့အခါမှာလွယ်လွယ် ကူကူနဲ့ အန္တရာယ်ကင်းတာပေါ့။ ဒီလိုမဟုတ်တော့ ခုကြည့် မလို လားအပ်တဲ့ဓာတ်လိုက်သေဆုံးမှု တွေဖြစ်ရပြီဟု”” ဇွန်လ ၁၀ရက်နေ့ ၌ ဓာတ်လိုက်ကာကွယ်လွန်သွား ခဲ့သော ဗဟန်းမြို့နယ်မှ လျှပ်စစ် ၀န်ထမ်း၏ နာရေးအခမ်းအနား၌ တက်ရောက်လာသူတစ်ဦးမှ သုံး သပ်ပြောကြားသွားခဲ့သည်။
ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ ၀န်ထမ်းတစ်ဦး မှလည်း မိမိတို့တာဝန်ရှိသူများ အနေဖြင့် မိုးဦးကာလအတွင်း လျှပ်စစ်အန္တရာယ်များဖြစ်ပေါ်လာ ခြင်းမရှိစေရန် လျှပ်စစ်ဝန်ထမ်းများ အား သက်ဆိုင်ရာမြို့နယ်အလိုက် ဓာတ်တိုင်များပေါ်ဝါယာကြိုးများ ရှုပ်ထွေးနေသည်အားလိုက်လံပြု ပြင်ရှင်းလင်းစေလျက်ရှိကြောင်း နှင့် ယခုကဲ့သို့ဓာတ်လိုက်သေဆုံး ရမှုမှာလည်း ပြုပြင်ဆောင်ရွက် နေစဉ်ကာလအတွင်းမတော်တဆ မှုကြောင့်သာဖြစ်ကြောင်း နောင် ထိုကဲ့သို့လျှပ်စစ်အန္တရာယ်ကြောင့် အသက်ဆုံးမှုများလုံးဝမရှိတော့ ရေးအတွက် စနစ်တကျကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

No comments:

Post a Comment