Wednesday, June 27, 2012

Car market in Myanmar


လက်ရှိ အချက်အလက်များကို ကြည့်ရှုခြင်းဖြင့် ကားမူဝါဒများ မကြာခဏ ပြောင်းလဲမှုမှာ အများပြည်သူအတွက်ဟု ခေါင်းစဉ်တပ်ထားသော်လည်း အမှန်တကယ်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးထက် လူတစ်ဦးချင်း အသုံးပြုနိုင်မှုကိုသာ လွယ်ကူစေရန် ပြောင်းလဲ ပေးခဲ့သည့် ပုံစံမျိုးဖြစ်ပေါ်နေသည်ဟုလည်း သုံးသပ်ကြသည်။

ကားတင်သွင်းခွင့်ပြုခဲ့သည်မှ ယနေ့အထိ ကိုးလတာကာလအတွင်း ဘတ်စ်ကားသစ်၊ တက္ကစီအသစ်များ တင်သွင်းအသုံးပြုနိုင်မှု နည်းပါးသည့်ဒဏ်ကို ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်ခံစားနေရပြီဟုလည်း ထောက်ပြခဲ့ကြသည်။


ပြောင်းလဲပြင်ဆင်ထားသည့် မူဝါဒများအရ ကားတင်သွင်းရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကားအမျိုးအစား တင်သွင်းနိုင်မှု မရှိသလောက်နည်းပါး တင်သွင်းမှု စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းမှာ အိမ်စီးကားများသာဖြစ်ပြီး ဘတ်စ်၊ တက္ကစီ တင်သွင်းမှု ၃ ရာခိုင်နှုန်းပင် မပြည့်

ကားဟောင်းအပ်ကာ ကားသစ် အစားထိုး တင်သွင်းခွင့်ပြုသည့် အချိန်မှစ၍ ယခု ဇွန်လနောက်ဆုံးပတ်ထိ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ကားအစီးရေ ၅၀၀၀၀ ၀န်းကျင်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အသုံးပြုမည့် ကားအမျိုးအစား တင်သွင်းနိုင်မှုမှာ မရှိသလောက် နည်းပါးကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment