Friday, June 15, 2012

RANGOON IS DRYING UP IN DOWNTOWN


သောကြာနေ့ ဖြစ်သည့် ဇွန်လ ၁၅ ရက်နေ့တွင် ဆန္ဒပြမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ဖြစ်ပွားမည်ဆိုသည့် ကောလဟလများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျှက်ရှိရာ ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့တွင်း လူအသွားအလာနည်းပါးလျှက်ရှိသည်ကို တွေ့ရသည် ။

မြို့လယ်တ၀ိုက်တွင် ဆိုက်ကားနင်းသူ တဦးက “ဒီနေ့မနက် ၉ နာရီခွဲထိနင်းတာတောင် ၁ ထောင်ပဲရသေးတယ်။ လူအသွားအလာ တော်တော်လေးရှင်းနေတယ် ” ဟုပြောသည်။



မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူတဦးက ရန်ကုန်မြို့လယ် အခြေအနေကို ဖုန်းဖြင့်လှမ်းမေးကာ မင်္ဂလာဒုံမြို့နယ်ရှိ အထက်တန်းကျောင်းတကျောင်းမှ မူလတန်းကျောင်းသားများအား ပြန်လာခေါ်ရန် မကြာသေးမီက မိဘများအား အကြောင်းကြားခဲ့ကြောင်း တစုံတရာ ဖြစ်ပွားခြင်းကြောင့်ထက် စိုးရိမ်မှုကြောင့် မိဘများအား အကြောင်းကြားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့လယ် ဆူးလေစေတီတ၀ိုက်တွင် ရခိုင်ပြည်နယ် မငြိမ်မသက်မှုများတွင် သေဆုံးသွားရသူများအတွက် ဆုတောင်းမှုများ ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသည်။ ။

No comments:

Post a Comment