Tuesday, September 11, 2012

Hope

ကလေးတွေကို ကာကွယ်ဖို့အတွက်.. စုစည်းညီညွတ်မှုအားလေးကိုတော့ ပြဖို့ကောင်းကြပါတယ်...

 

နောင်တော်ကြီးများခင်ဗျား ...

လူ့အဖွဲ့အစည်းတွေ အားကောင်း အောင် ဆောင်ရွက်နေတာဆို....

ဒီကနေ့ လက်ပံတောင်းတောင် ရဲ့ အခြေအနေကို ဂျာနယ်တွေ ၊ အင်တာနက်တွေမှာ ပလူပျံနေအောင် သိရှိနေရပါလျက် နောင်တော်ကြီးတို့ ဆီက ဘာမှ အသံ မကြားရသေးပါလားဗျာ ။ ကျိတ်စီစဉ်နေတာ ဆိုရင်တော့ မြန်မြန်လေး ဆောင်ရွက်ပေးပါ။

ခုဆိုရင် ဗကသ ကျောင်းသားတွေ ဘုန်းကြီ

းကျောင်းထဲ ပိတ်မိနေပါတယ်။ ရန်ကုန် ဗကသ ၊ တောင်ငူ ဗကသ တွေ လာရောက် ပူးပေါင်းပါ့မယ်လို့ ဂတိတွေ ပေးသွားကြပြီ...။

နောင်တော်ကြီး တို့ တကယ်လာလာ မလာလာ စာလေးတစ်စောင်၊ အသံလေးတစ ထွက်လိုက်ရင်ကို ကျွန်တော်တို့ စားနေတဲ့ ထမင်းရဲ့ ဆန်တွေ ထုတ်ပေးခဲ့တဲ့ တောင်သူကြီးတွေ အားတက်ကြမှာပါ။

နောင်တော်ကြီးတို့ ကို ဘာတွေက များ နူတ်ကို စေးထန်းနေစေပါလဲ...။

အတိုင်းအတာ တွေ အတွက် ပေတံ တွေ ကိုင်ထားကြပြီလားဗျာ...။

နောင်တော်ကြီးတို့ ဆီက သုံးသပ်ချက်တွေ ဆုံးဖြတ်ချက်တွေ ကို အားကိုးတကြီး မျှော်လင့်ထားပါတယ်။

ကိုဝိုင်ဝိုင်ကေ

၁၂-၉-၁၂

နောင်တော်ကြီးဟု ဆိုထားသည်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင် ယခု ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေကြသော ကျောင်းသားများကို ဆိုလိုပါသည်။

နံနက်(၁၂း၄၀)

No comments:

Post a Comment