Monday, September 17, 2012

တာဝန်ရှိသူ များကို အရေးယူရမည် The responsibility person must be opened file in fair action

DSC_6232

BSDF မြောက်ပိုင်းပြန် ကျောင်းသားဟောင်းများနှင့် ABSDF ပထမဦးဆုံး ဥက္ကဋ္ဌ ဟောင်း ကိုထွန်းအောင်ကျော်တို့ တွေ့ဆုံပွဲကို မန္တလေးမြို့ ဘု ရားကြီးအလယ်တိုက် ဒက္ခိဏရာမ ကျောင်းတွင် ၁၆-၉-၂၀၁၂ နေ့ လည်(၂)နာရီတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ မတရားအသတ် ခံခဲ့ရသည့်ကိုထွန်းအောင်ကျော် ၏ ညီတော်စပ်သူ ကိုလတ်လည်း တက်ရောက်ခဲ့သည်။ ကိုထွန်း အောင်ကျော် ADSDF ဥက္ကဋ္ဌ ဟောင်းမှ တက်ရောက်လာကြသူ များကို ပြောကြားရာတွင်မြောက် ပိုင်းပါဂျောင်ကျောင်းသားစခန်းမှ သတ်ဖြတ်မှုမှာ မဖြစ်သင့်၊ မဖြစ် ထိုက်ဟု မိမိခံယူကြောင်း၊ သေဆုံး ရသူများအတွက်လည်း အမှန် တရားအတိုင်း ဖော်ထုတ်သင့် ကြောင်း၊ အဖြစ်မှန်နှင့် အမှန် တရားအတိုင်းဖြစ်ရန် မိမိအစွမ်း ကုန် ကူညီမည်ဖြစ်ကြောင်း၊ ယခုအဖြစ်ကို အရေးမယူ သင် ပုန်းခြေလိုက်မည်ဆိုပါက အနာ ဂတ်မျိုးဆက်သစ်များအတွက် စံ နမူနာကောင်းဖြစ်ရန်နှင့် နောက် နောင် ဒီလို အဖြစ်မျိုးထပ်မံမဖြစ် ပွားရန် မိမိတို့ အားလုံးတွင် တာ ၀န်ရှိပါကြောင်း၊ တာဝန်ရှိသူ များကို အရေးယူရမည်ဖြစ်ကြောင်း ဖြင့် ပြောကြားသွားခဲ့ပြီး တက် ရောက်လာသူများနှင့် မီဒီယာများ မှသိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ပြီး အခမ်း အနားကို ညနေ(၄)နာရီတွင် ရုပ် သိမ်းခဲ့သည်။

ဥယျာဉ်မှူး

No comments:

Post a Comment