Thursday, September 13, 2012

It is not reality act to retrun homeပြည်တော်ပြန် ကန့်သတ်ချက် များသည် အစိုးရ၏ လက်တွေ့မကျသော အပြုအမူဟု သားဖြစ်သူ ဝေဖန်"


ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံး
အား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အ တွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ရဲဘော် သုံးကျိပ်ဝင်တစ်ဦး အဖြစ်သာ လက်ခံ အသိ မှတ်ပြုခြင်း ၊ အတူ လိုက်ပါ နိုင် သည့် မိသားစု များအဖြစ် သမီး ကြီး ဒေါက် တာ လှကျော်ဇောနှင့် သြစတြေးလျရှိ သမီး လတ် ဒေါ် စန်းကျော်ဇော တို့ နှစ်ဦး ကို သာ ခွင့်ပြု ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ဆိုသည်။ ”အစိုးရ ဘက်က ရဲဘော် သုံးကျိပ်ဝင် ဆိုတဲ့ သမိုင်း အကန့်လေး တစ်ခု တည်း နဲ့ လက်ခံတယ် ဆိုတာ လက်တွေ့မကျပါဘူး။ ရိုးသားမှု တကယ် ရှိတယ်ဆိုရင်၊ ပြန်လည် ပေါင်းစည်း ချင်တယ် ဆိုရင် ဒီလို မသတ်မှတ် သင့် ပါဘူး”ဟု ၄င်းက ပြောသည်။

၁၉၅၇ ခုနှစ် ဧပြီလ တွင် ဗမာ့ တပ်မတော်မှ အနားပေးခြင်း ခံရကာ ၁၉၇၆ တွင် ဗမာပြည် ကွန်မြူနစ် ပါတီ အခြေစိုက် တရုတ် နယ်စပ် သို့ မိသားစုနှင့် အတူ ထွက်ခွာ သွား ခဲ့ ခြင်း ဖြစ်သည်။
”ဒါလူတိုင်း သိနေတာပဲ။ ငြင်းပယ်လို့ မရပါဘူး။ ကွန်မြူနစ် ပါတီ ဗဟို ကော် မတီ ဆိုတာ ကြာလှပြီ မရှိတော့တာ။ တိုင်းပြည်ရဲ့ ခေါင်းဆောင် တစ်ေ ယာက် ၊ ပြည်သူတွေ ရဲ့ ခေါင်းဆောင် တစ်ယောက် ကို ပြည်သူတွေ ပဲ ပိုင် တာ။ အစိုးရ အနေ နဲ့ ဒီအရွယ် ဒီအဘိုးကြီး ဘယ်လို ပုံစံနဲ့ လာလာ လက်ခံ တယ် ပြောရမှာပါ။ တကယ်လို့ ရဲဘော်သုံးကျိပ် သာ မဟုတ်ဘူး ဆိုရင် လက် မ ခံ ဘူး လား”ဟု ဦးအောင်ကျော်ဇောက မေးခွန်းထုတ်သည်။
ယင်း သို့ ဖိတ်ခေါ်ခြင်းနှင့် ပတ်သက်၍ ဒေါက်တာ လှကျော်ဇောအား ဧရာ ဝတီ သတင်း ဌာန မှ ဆက်သွယ်၍ မေးမြန်း ခဲ့သည့် အင်တာဗျူး တစ်ခု တွင် သူမက”အစိုးရ အနေနဲ့ တိုင်းပြည်ကြီးကို တကယ် ပဲချစ်တယ်။ တ ကယ် တည်ဆောက် ချင်တယ် ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုး မရွေး၊ ဘာသာ မရွေး ပေါ့။ ပြန်လာ ချင်တဲ့ သူပြန်လာခွင့် ပြုရမယ်။ အခု ဖေဖေ့ ကို ပြန်ခေါ် တာတောင် ကျွန်မတို့ မိသားစု ဝင် တွေ အကုန် မခေါ် ဘူး ။ ဖေဖေ့ မှာ သား သမီး သုံးယောက် ရှိတယ်။ မြေး ခုနစ်ယောက် ရှိတယ်။ အကုန်ပြန် မခေါ် ဘူး။ ဦးအောင်မင်း ပြောတာက အဘ ဦးကျော်ဇော ကို အနီးကပ် ပြုစု ဖို့ သမီးနှစ်ယောက် ကို လိုက်ပါ ခွင့်ပြုတယ် လို့ပဲ ပြော တာေ လ။ ကျွန် မမောင် ကိုအောင်ကျော်ဇော လည်းမပါဘူး။ အဲဒီလို အကန့် အ သတ်တွေ နဲ့ တော့ တိုင်းပြည် ကြီးကို အမျိုးသား စည်းလုံး ညီညွတ်ရေး၊ အမျိုး သား ပြန် လည် သင့်မြတ်ရေးတွေ အတွက်တော့ သိပ် မသင့်တော် ဘူး ထင်တယ်” ဟု ဖြေခဲ့ သည်။
၎င်းအနေဖြင့် အသက် ၁၈ နှစ်မှစ၍ နိုင်ငံရေး လုပ်ကိုင်ခဲ့ပြီး ယခု ၆၄ နှစ် အရွယ် အထိ မြန်မာနိုင်ငံသား အယုတ် အလတ် အမြတ် မရွေး မည်သူ့ ကို မဆို ၄င်းတို့၏ အခက် အခဲနှင့် ပြဿနာ များကို ကူညီပေးနေ ဆဲ ဖြစ်ကြော င်းနှင့် ယုံ ကြည်ရာ ကို သာ လုပ်ခဲ့ခြင်းဖြစ် ကြောင်း ထပ်လော င်း ဆို ပါ သည်။ ”တိုင်းပြည် ကို ဖျက်ဖို့ လုပ် ခဲ့တာ မဟုတ်ဘူး။ တိုင်းပြည် ကောင်း မယ် ထင်လို့ ပျော်စရာ ကောင်းတဲ့ လူငယ် ဘဝကို စွန့်ပြီး မိသားစု အလိုက် ကွန်မြူနစ် အလံတော် အောက်ကို ဝင်ခဲ့တာ။ မဖြစ်ခဲ့တာ ကတော့ မ တတ်နိုင် ဘူး။ ကောင်း အောင် လုပ်ချင် လို့ လာခဲ့တာပဲ။ တိုင်းပြည်ေ ကာင်းပြီ ဆို ပြန်ခဲ့မှာပါ။ ဘယ်သူမှ ခေါ်စရာတောင် မလိုပါ ဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။ လက်ရှိ အခြေ အနေ များသည် ဗိုလ်မှူး ချုပ်ကျော်ေ ဇာ ကူမင်း ဆေးရုံတွင် တက်ရောက် ကုသစဉ် ရွှေတိဂုံ ဘုရားဖူး ချင် သည်ဟု ပြောခဲ့ ရာမှ အစပြုခဲ့ပြီး အဆိုပါ အချက် မှာလည်း ဗိုလ်မှူး ချုပ် ကျော်ဇော ကွယ်လွန် ချိန် မှသာ ဖော်ပြစေ လို ခဲ့ကြောင်း ၄င်းက ရှင်းပြ သည်။
”မီဒီယာကို ဘာလို့ ကျွန်တော် ပြောခဲ့လဲ ဆိုတော့ ဖေဖေ ကွယ်လွန်ချိန် မှာ ကွန်မြူနစ် တစ်ယောက် အနေ နဲ့ သေခဲ့တယ် ဆိုတာမျိုး မဖြစ်စေ ချင် ဘူး။ ဖေဖေ က တိုင်းပြည် ရယ်၊ တပ်မတော် ရယ်၊ သူ့ပြည်သူရယ် ကို တကယ် ချစ်တယ်။ ပြီးတော့ ဖေဖေ က ဗုဒ္ဓဘာသာကို နက်နက် ရှိုင်းရှိုင်း သက်ဝင် ယုံကြည်သူ တစ်ယောက် ပါ။ သူ့ရဲ့ တကယ့်နောက်ဆုံး ဆန္ဒက ဗုဒ္ဓဘာသာဝင် ကောင်း တစ်ယောက် ရဲ့ စွန့်ခွာခြင်း မျိုးနဲ့ ဘဝ ကို အဆုံး သတ်သွားချင်တာပါ။ ရွှေတိဂုံ ဘုရားဖူး ချင်တဲ့ အကြောင်း ကို လည်း ဖေဖေ ကွန်လွန်မှသာ ဖော်ပြဖို့ ပြောခဲ့တာပါ”ဟု ၄င်းက ဆိုသည်။ ဗိုလ်မှူး ချုပ်ကျော်ဇော သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ တည်ထောင် ခဲ့သော တပ်မတော် တွင် တိုင်းပြည်နှင့် လူမျိုးအား ထိပါးသော ကျူးကျော် ရန်သူ များအား နှိမ်နင်းခဲ့ ပြီး တိုင်းရင်းသား များနှင့် ဖြစ်ပွား သည့် ပြည်တွင်းစစ် ကာလ အင်းစိန် တိုက်ပွဲမှ လွဲ၍ ပြည်တွင်း ငြိမ်းချမ်းရေး ကို လိုလားသော ပုဂ္ဂိုလ် တစ်ဦးဖြစ် ကြောင်း ၄င်း၏ ဖခင် နှင့်ပတ်သက်၍ ဦးအောင်ကျော်ဇော က ပြောသည်။ ၄င်း အနေဖြင့်မူ ဖခင်၏ နောက်ဆုံး ဆန္ဒ အရ မြန် မာပြည် ကို ဘုရားဖူး ရန် အတွက် ခွင့်ပြုပါက လိုက်ပို့ခြင်းမှ လွဲ၍ လတ်တလော တွင် ပြန်လိုသည့် စိတ်ကူးမရှိ သေးကြောင်းကို ” ပြန်မယ့် စိတ်ကူး မရှိသေး ပါဘူး။ အဓိက က သွေးချင်းတွေ၊ KIA တို့ လက်နက် ကိုင် တော်လှန်ရေး လုပ် ခဲ့တဲ့ ကချင် တွေ၊ ကရင်တွေ သူတို့ အားလုံး သူတို့ ဒေသတွေ မှာ ပျော်ပျော် ရွှင်ရွှင် နဲ့ ပြန်နေရ တဲ့ အချိန်မှာ ပြန်လာမယ်” ဟု သူ၏ ဆန္ဒ ကို ဆိုခဲ့သည်။
ဦးအောင်ကျော်ဇော သည် မိသားစုနှင့် အတူ လက်ရှိတွင် တရုတ် -မြန်မာ နယ်စပ် တွင် နေထိုင် ကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်ဝေဖန် သူ တစ်ဦး အဖြစ် ရပ်တည်နေပြီး တိုင်းရင်းသား များ တန်းတူ ညီတူ နေထိုင်ရေး၊ ငြိမ်း ချမ်းရေး နှင့် လွတ်လပ် တရားမျှတရေး တို့အတွက် ကူညီဆောင် ရွက်ပေးနေ သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

Ref:အောင်ခွန်းဆက်(Popular Myanmar News)

No comments:

Post a Comment