န္တလေးတိုင်းဒေသကြီး၊
ပုသိမ်ကြီးမြို့နယ်၊ ကံကြီးကုန်း+ဇီးအုပ်ကျေးရွာတွင် အခြေချနေထိုင်သူများ
အား ပစ္စည်းထားစရာမပေး၊ လူနေစရာမပေးဘဲ အတင်းအဓမ္မပြောင်းရွှေ့ပြီး၊ ပြည်သူ့အိုးအိမ်စည်းစိမ်များကို
အလုံးအရင်းနှင့် ဝင်ရောက်ဖျက်ဆီးသည့်ကိစ္စနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
သတင်းစာရှင်းလင်းပွဲကို ယနေ့ ၁၃၇၄-ခု တော်သလင်းလဆန်း(၉)ရက်၊ ၂၀၁၂-ခု၊ စက်တင်ဘာလ(၂၄)ရက်
တနင်္လာနေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၁-လမ်း၊ အေးသုခလမ်းနှင့် အေးမေတ္တာလမ်းကြား၊
စိတ္တသုခပတ္တမြားကျောင်း၌ ညနေ(၄း၃၀)နာရီတွင် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အခမ်းအနားမှူးအဖြစ်
ဦးပဉ္ဇင်း ဦးတိလောကမှ ဆောင်ရွက်ပြီး အခမ်းအနားကို အစီးစဉ်(၈)ရပ်ဖြင့် ဆောင်ရွက်ကာ၊
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)နှင့်
ဆရာတော် သံဃာတော်များ၊ လယ်မြေပိုင်ရှင်များ၊ ရွာသူ/သားများ၊ နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊
သတင်းမီဒီယာသမားများ တက်ရောက်ကြရာ အင်အား ရာပေါင်းများစွာ ရှိကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားတွင် ပုံစံတူ ဗီနိုင်း(၅)ချပ် ချိတ်ဆွဲခြင်း၊
နံရံကပ်ဆိုင်းဘုတ်များ ချိတ်ဆွဲခြင်း၊ စာတမ်းများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်းများဖြင့်
စီကားသိုက်မြိုက်စွာ တက်ရောက်ကြကြောင်း၊ ဆိုင်းဘုတ်များတွင် ပြည်သူ့မျက်ရည်နှင့် ခြေမဆေးပါနှင့်၊
အာဏာရှင်စနစ်ကို ဆက်လက်ကျင့်မသုံးပါနဲ့၊ မင်းမဲ့စရိုက်မလုပ်ပါနှင့်၊ ကျုပ်တို့နေရာသည်
ကျူးမြေများ မဟုတ်ကြပါ၊ စသည်တို့ ပါဝင်ကြောင်း သိရပါတယ်။
ကံကြီးကုန်း ဇီးအုပ်ကျေးရွာတွင် အတင်းအဓမ္မဖယ်ရှားခံရမည့်
အကွက်များ ငါးထောင်ကျော်ရှိပြီး၊ တန်ဖိုးအနေဖြင့် ကျပ်ငွေ သန်းပေါင်းရှစ်ထောင်ကျော်ရှိကြောင်း
သိရပါတယ်။ ၎င်းတို့ကို သြဂုတ်လ(၁၅)နေ့တွင် မြို့တော်စည်ပင်မှ ဖယ်ရှားပေးဖို့ အမိန့်ကြော်ငြာစာ
ထုတ်ခဲ့ပြီး၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် မြို့တော် စည်ပင်ရုံးသို့ရွာသူရွာသားများကို
ဖိတ်ခေါ်ပြီး စာရွက်ဗလာပေါ်တွင် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ထိုလက်မှတ် များကို
ကိုင်ထားပြီး ပြည်သူများကိုယ်တိုင် ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့်
ကူညီရုပ်သိမ်းပေး ကြောင်း သတင်းထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။
အမှန်တကယ်တွင် ရွာသူရွာသားများက မလိမ့်တပတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊စက်တင်ဘာလ
၂၀ ရက်နေ့က မြို့တော်စည်ပင်မှအင်အားသုံး ပျက်ဆီးခဲ့ကြောင်း၊ရဟန်းသံဃာများနှင့်
ကျောင်းသားခေါင်းဆောင်များက ၀ိုင်း ၀န်းတောင်းပန်မှ ရပ်တန့်သွားခြင်းဖြစ်ကြောင်း၊
၎င်းနောက်စက်တင်ဘာလ (၂၂)ရက်နေ့၌ မြို့တော်ဝန် ဦးအောင်မောင်းကိုယ်တိုင် ကံကြီးကုန်းရွာ
မကွေးကျောင်းသို့ရောက်လာပြီး မနက်ဖြန် (၂၃)ရက်နေ့ အပြီးရွှေ့ဖို့ အမိန့်ထုတ်ပြီး
ကားဖြင့်ပြန်အထွက်တွင် ရွာသူရွာသားများက ကားကိုတားပြီး ငိုယိုတောင်းပန်ကြသောကြောင့်
(၂)နာရီကျော် ပိတ်မိနေသော မြို့တော်ဝန်က (၇)ရက် အချိန်တိုးပေးခြင်းဖြစ်ကြောင်း
သိရပါတယ်။
ယနေ့ကျင်းပသော လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲက
ချမှတ်လိုက်သော ဆုံးဖြတ်ချက်(၃)ရပ်မှာ-
(၁) ပြင်ဆင်ချိန်ကာလ(၃)လတိုးမြင့်ပေးရန်။
(၂) တိုင်းဒေသကြီး အစိုးရအနေဖြင့် မြေယာရောင်းသူဝယ်သူများကို
ခေါ်ယူညှိနှိုင်းပေးရန်။
(၃) နှစ်ပေါင်းများစွာ အခြေချနေထိုင်လာခဲ့သော မိဘပြည်သူများကို
မနစ်နာအောင် စီမံပေးရန်တို့ ဖြစ်ပါသည်။
ဆုံးဖြတ်ချက်ဖတ်ကြားအပြီးမှာ အများပြည်သူတို့က
သူတို့၏ ဒုက္ခအဝဝကို တင်ပြကာ နေစရာမပေးဘဲ ရွှေ့ခိုင်းရင် အသေခံပြီး တိုက်ပွဲဝင်သွားမည့်အကြောင်း
သန္နိဋ္ဌာန်ချသွားခဲ့ပါသည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို
ညနေ(၆)နာရီမှာ အပြီးသတ်သွားခဲ့ပါတယ်။
်
Fight
for citizen rights
No comments:
Post a Comment