Tuesday, September 11, 2012

Peace Mission of Myanmar President


Cliche ကလီရှေး ငြိမ်းချမ်းရေး နှင်. ဦးအောင်မင်း ၊ Peace Mission ငြိမ်းချမ်းရေးအဖွဲ.၏ မသက်ဆိုင်သောသူများ၊

by Aye Aye Soe Win on Saturday, September 8, 2012 at 12:26am ·

ရှမ်းတပ်  SSA၊ SSPP အဖွဲ.တွေနှင်.မြန်မာစစ်တပ်ကြားမှာ သြဂုတ် လဆန်းက စ၍ ယခုအချိန်အထိတိုက်ပွဲ ပေါင်း ၃၀ ခန်.ရှိသွားပြီဟုကြားသိ ရသည်။ သီပေါ လားရှိုးပတ်ဝန်းကျင်တွေမှာလုံခြုံရေးအရ ပြောရလျှင် ဒေသသည် အညိုရောင်ထက် ပို၍ပို၍ ညိုလာလျှကိရှိပြီး၊  အမဲရောင်မဖြစ်တဖြစ်အဆင်.အထိ ရောက်နေ သကဲ.သို.  ပွဲကြမ်းနေကြပုံရသည်။  ရုမ်းပြည်သို.ခရီးထွက်မည်.သူများ လမ်းခရီးလုံခြုံရေးကြေငြာချက်ကို စနည်းနာပြီးမှ ခရီးထွက်သင်.သည်။  

 

SSA က မြန်မာစစ်တပ် ခလရ ၃၂၂ က ဗိုလ်ကြီး သက်စိုးနှင်.သူ.လက်ထောက်စစ်သားကို သြဂုတ် ၄ ရက်နေ.လည် ၁နာရီ ပတ်ဝန်းကျင်လောက်မှာ ကပြန်ပေးဆွဲသွားကြသည်။ လားရှိုးအလွန် မမ်စီ ရွာကြီး အနီးတွင်  SSA SSPP တပ် များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ရှမ်းတပ်များ က မြန်မာအစိုးရထံ တောင်းဆို မှုမှာ-- SSA ၊ SSPP တို.နှင်. ဆက်ဆံသည်ဟုသတ်မှတ်ပြီး မြန်မာစစ်တပ်က ဖမ်းထားသာ ရှမ်းလူမျိုး အကျဉ်းသားများအားလုံး ကို ပြန်လွှတ်ပေးဖို. ဖြစ်သည်။ ဗိုလ်ကြီးသက်စိုး ၊သူ.ရဲဘော် တို.ကို စစ်တပ်ဖမ်းထားသည်.ရှမ်းတိုင်းရင်းသားတို.နှင်. အလဲ အလှယ် ပြုလိုကြောင်း ရှမ်းတပ်များက ကမ်းလှမ်းထားသည်ဟု  ကြားရသည်။  ဤသို. သတင်းတွေထွက်နေသော်လည်း   မြန်မာစစ်တပ်ဖက်က ဒီတောင်းဆိုချက်အပေါ် အကြောင်းပြန်ကြားခြင်းမရှိသေးပဲ၊ တပ်ရင်းမှုးများအထက်က တိုင်းမှုး ကြီး များအလွန်စိတ်ဆိုးနေပြီး၊၊  ရှမ်းအဖွဲ.တွေ၏ တောင်းဆိုမှု ကို စစ်ရေးအရသာပြန်တုန်.ပြန်နိုင်သည်ဟု ခန်.မှန်း ချက်များလည်းထွက်နေသည်။

 

တဖန် SSA၊  SSPP ရှမ်းအဖွဲ.တွေကပင် ဦးဆောင်ကာ နောက်ထပ်ခြုံ ခို တိုက်ပွဲတခု သီပေါအနောက်ဖက် ၆ မိုင်အကွာရှိဝါမူလေး ကျေးရွာမှာ  သြဂုတ် ၅ရက် နံနက်ခင်း မှာ ဖြစ်ပွားခဲ.သည်ဟုကြားသိရသည်။တပ်ရင်း ခလရ ၃၁၆ မှ မြန်မာစစ်သား၂၀ ခန်.တင်လာသည်.ထရေလာပါထရပ်ကား  ခြုံခိုတိုက်ခိုက် ခံခဲ.ရပြီး၊ တပ်ရင်းမှုးနှင်. ထရပ်ကားမောင်းသူ ဒရိုက်ဗာစစ်သား ၂ ဦးသေဆုံး၊ စစ်သား၆ ယောက် ပြင်းတန်စွာ ဒဏ်ရာရ၍ ကျန်သည်.စစ်သားများထွက်ပြေးလွတ်မြောက်သွားသည်ဟုကြားသိရပါသည်။

(အချက်အလက်များကို ရှမ်းပြည် ဘော်ဂျို ရွာမှ ဒေသခံတဦးက ပေးပို.ခဲ.ခြင်းဖြစ်သည်။)

 

ကလီ ရှေး ဖြစ်နေသော ဖန်တရာတေ ငြိမ်းချမ်းရေးစကားလုံးနှင်. ငြိမ်းချမ်းရေးမစ်ရှင် ကို သုံးသပ်ခြင်း 

 

ရထားဝန်ကြီးသည် သူနှင်.မဆိုင်သည်. အလုပ်လုပ်နေ၍ ငြိမ်းချမ်းရေး ဆိုသောစကားလုံးကို လက်တွေ.တိုင်းတာလို. မရ အောင်ဖြစ်နေသေးသည်။ ငြိမ်းချမ်းရေး အစစ်အမှန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ.မှာ လူမှန်နေရာမှန်မရှိ။  (လူတွေ ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ၊ Peace Mission မှာ  physical army စစ်တပ်ကြီး၏ အထက်မှာ ရှိသည်. ကာကွယ်ရေးဦးစီးချုပ်၊ ပြီးလျှင် ကာကွယ်ရေးဝန်ကြီး။ ပြည်ထဲရေးဝန်ကြီး ၊ ထိုသူတွေပါဝင်နေသင်.သည်။)  ဤ အရေးပါသော နေရာများ ၏ အမြင်.ဆုံးတာဝန်ခံထားရသော ပုဂ္ဂိုလ်များ မပါဝင် သည်.  ငြိမ်းချမ်ရေးအဖွဲ.ဆိုတာ သဘာဝမကျ။  ဤရာထူးရှင်များ ကိုယ်ရောစိတ်ပါ ထည်.၀င်ပတ်သက် ပါမှပြည်တွင်း  ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု သတ်မှတ်ချက်တွေ ကို ကတိတွေပေးထားတဲ. အတိုင်း တာဝန်ခံနိုင်လိမ်. မည်။ဒါမှသာ   ငြိမ်းချမ်းရေး ပန်းတိုင်သို. အမှန်ချဉ်းကပ်သော အရွေ.တွေဖြစ်စေမည်. လုပ်ချင်ကိုင်ချင်စိတ်များရှိလာနိုင်လိမ်.မည်။

 

ယခုတော. ရထားဝန်ကြီးဆိုသူ က သူနဲ.မဆိုင်သောအလုပ်ကိုလုပ်နေသည်။  သူ endorsement အန်ဒေါ.စ်လုပ်ပြီး ခေါ်ထားသော မဲဆောက် ချင်းမိုင် က သူ အချို. (အထူးသဖြင်. ဗဟုလက်ဝေခံ နိုင်အောင်၊ ဇော်ဦး၊ သောင်းထွန်း) တို.နှင်.ငြိမ်းချမ်းရေး ဘယ်လိုပတ်သက်ပါသနည်း။ မည်သည်.ခေါင်းစဉ်တပ်တပ် ၊သူတို.  အမည်တွေဝင်လာလျှင် လူတွေက ခါးသည်းကြသည်။  ပြည်တွင်းငြိမ်းချမ်းရေး မှာ သူတို.တတွေ တတပ်တအားပါဝင်မည်ဆို သော ဆင်လုံးတွေ သည်  နဲနဲ မဟုတ်၊ တော် တော်ကြီးကို လွဲချော်နေသည်. ပျက်လုံးများဖြစ်သည်။ 

 

ဆိုပါစို.။ ၂၀၁၁ နှစ် ကုန်ပိုင်းကစ၍  ရထားဝန်ကြီးဦးအောင်မင်း၏ငြိမ်းချမ်းရေး စကားတွေ  ဖြစ်မြောက် ပေါက်ရောက် ခဲ.လျှင် အောက်ပါတို.ကို ရှောင်လို.ရသည်။

 

--- ကချင် ပြည်က တိုက်ပွဲတွေ ဒီအထိ ဆိုး ရွားလာစရာ အကြောင်းမရှိ။

မြန်မာစစ်တပ်၊ကချင်တပ် နှစ်ဖက်စလုံးက အဆုံးအရှုံး တွေ (မနေ.ကလို တယောက်လူ တယောက်တက်ဆွဲရသည်အထိ)  ဒီလောက်အထိ  ဖြစ်လာစရာအကြောင်းမရှိ။ ပိုမိုအရေးပါသော နိုင်ငံရေးတာဝန်များယူ နိုင်နေပြီ ဖြစ်သော နိင်ငံ၏ လူငယ် လူလတ် လူကြီး ကလေးတွေပါမကျန် ခုလို သီချင်းတွေ ဆို၊ ဈေးတွေ ရောင်း ပြီး စစ်ဘေး ဒုက္ခသည် ရံပုံငွေများ အပူတပြင်း  ရှာ ဖွေ နေရ စရာ အကြောင်း မရှိ။---ရိုးရိုးလေးတွေးဖို.သာလိုသည်။

 

လူမှန်နေရာမှန်မရှိခြင်း

 

 နေရာတိုင်းမှာ-- (အဆိုးဆုံးက နေပြည်တော် မှာ ဖြစ်သည်)  ကိုယ်.လူ ကိုယ် ကာကွယ်ရင်း၊ ခုထိလူမှန်နေရာမှန်မရှိသေး။ ဒါတွေကို သမ္မတကြီး အသိ။ တနိုင်ငံလုံးအသိ။ ခုတော. မဲဆောက်က လက်ရွေးစဉ် ဒိမိုကရေစိ စုန်းပြူးများနှင်. လျှောက်ပြန်သံပေးပြုနေသော ဦးအောင်မင်း၏ ငြိမ်းချမ်းရေးခေါင်းးစဉ်ပြ အလုပ်တွေသည် မထိရောက် ရုံသာမက အာရုံလွှဲနေသလိုသာဖြစ်သည်။  

မဲဆောက် ချင်းမိုင်က က မသန်.ရှင်းသော သူတွေ ကို ကြေငြာလာခြင်းက လူတွေ မျက်မွှေးစူးစရာဖြစ်စေသည်။ အစိုးရ၊ အတိုက်အခံများနှင်. ၊ပြည်တွင်း ပြည်ပ ဆက်ဆံရေးများ၏ ဆေးရောင် မျိုးစုံကို ဘယ်တုန်းကမှ အသိနှင်.မကြည်.တတ်ခဲ.၊ နှလုံးသားဖြင်.မခံစားတတ်ခဲ.သော၊ ဗဟု နှင်. အီး၈ရက်စ် ဂိုဏ်းသားများ က သမိုင်း ကို ကျကျနနလိမ်ပါလိမ်.မည်.။ (စစ်တွေကြောင်. ပင်ပန်းနေသော စစ်တပ်တာဝန်ခံများ ထက်ပင် သူတို.က ပိုသိ ပိုတတ် ပိုတက်ကြွ နေပါ၏) ဝေသာလီပျက် ချိန်မှာ နောက်ဆုံးအသက်ကယ်ဆေးဖြစ်ခဲ.သော ရတနာသုတ် ပရိတ်တော် ကို နာနာရွတ်ပါလေမှ သူတို.လည်း ဝေသာလီမှ ဘီလူးတွေပြေးခဲ.ကြသလို ပြေးကြလိမ်.မည်ထင်သည်။

 

 ပြည်သူလူထု အပေါ်စေတနာနည်းသော  ကလောင်ရှင်များက ဘီလူးသူရဲကို မင်းသားလိုလို ဖြစ်လာအောင်ညှာညှာတာတာလေးရေုးကြသည်။  သတင်းစာတွေက ပါ ၀ိုင်းပြီး ပီအာ လုပ်ပေးကြသည်။ ဘီလူးသူရဲကို  ငြိမ်းချမ်းရေးတမန်တော်လိုလို ကြေငြာပေး၏။  နေ.လည်မှာ အပြင်မထွက်ရဲပဲ၊ ညရောက်မှ ခိုးကြောင်ခိုးဝှက် အပြင်ထွက်ရဲသောသူ လူသတ်သမားက ဗဟုဝိုင်းတော်သားဖြစ်နေသည်။  ဦးအောင်မင်း၏ ဧည်.သည်.ထူး နိုင်အောင်ကို ကာကွယ်ရင်း၊ သမိုင်းလိမ်ချင်သော ဗဟုတပည်.ကြေးစား သတင်းသမားများက ၊  နိုငငံတော် ၏ Plan A or Plan B or Plan C တခုခုမှာ သံစဉ်တွေကို သူတို.ကပဲ နောက်ကွယ်က သိနေသလိုလို  ဒူးနေရာဒူး၊တော်နေရာတော် မဟုတ်ပဲ မျက်နှာပြောင်တိုက်နေ၏။ 

 

ကျင်.၀တ်မရှိသောသတင်းထောက်များများကြေးစားဖြစ်နေသောကြောင်.၊သူတို. အတင်းကြီး ဆွဲတင်လိုသည်. မဲဆောက်ချင်းမိုင်က သူတွေနှင်.ပြည်တွင်း ငြိမ်းချမ်းရေး မည်သို.မည်ပုံသက်ဆိုင်ပါသနည်း။ အီး ဂရက် မှ ဥိးကျော်ရင်လှိုင်၊ ဦးလှ မောင်ရွှေ၊ သမ္မတအကြံပေးအဖွဲ.မှ ဇော်ဦး နှင်. ဆွဲခေါ်လာသော နိုင်အောင်၊သောင်းထွန်း၊ ညိုအုန်းမြင်.၊--ဒီလူတွေ ပြည်တွင်းငြိမ်းချမ်းရေးနှင်. လားလားမှမဆိုင်တာကို သိသိနှင်. သတင်းဌာနတွေက သူတို.အတွက် တွင်တွင်ကြေညာပေးနေကြသည်။ ဒီသတင်းဌာနတွေ၏၀ါဒဖြန်.ချီရေးကို  တိုက်ရိုက်လွှမ်းမိုးထားသူတွေက အီးဂရက် နှင်. ဗဟုပဲဖြစ်နေပြန်သည်။ 

 

ဗဟုအစီအစဉ်အရ ၂၀၀၆  ၂၀၀၇ က ချင်းမိုင်မှာ လူသတ်သမားရော်နယ်အောင်နိုင် က အင်တာနယူး ၌ သတင်းသင်တန်းတွေပေးသည်၊ တိုသင်တန်းတက်ခဲ.သော  မြစ်မခမှ သင်တန်းဆင်းတို.က  ဗဟုအကျိုး၊ နှင်.လူသတ်ကောင်တို.၏အကျိုးကို ဆက်ဆောင်ရွက်ရန် ပရိတ်သတ်ကို လက်တလုံးခြားလုပ်သည်။ မြန်မာပြည်ကို ရှက်ပါလို.ပြောချင်သည်။ (မေသင်္ကြဟိန်းနှင်.သူ.မောင်ကလေး ၂ယောက်စလုံး လူသတ်သမား ရော်နယ်အောင်နိုင် ပို.ချသော ချင်းမိုင်က ထိုသတင်းသင်တန်းများတွင် တနှစ်စီခြားပြီး ခိုးကြောင်ခိုးဝှက် လာတက်သွားသည်ဟု ခိုင်လုံစွာသိရသည်။)  

 

Peace Mission ဘယ်သူတွေ က ပိုသင်.တော်သလည်း

 

--သိပ်စဉ်းစား ရ မည်. အလုပ်မဟုတ်။

လွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ်ရမည်.ကိစ္စလည်းမဟုတ်။  စစ်ပွဲတွေ ရှိခဲ.သောနိုင်ငံတိုင်းမှာ လက်နက်တွေအသာချ ၊ ငြိမ်းချမ်းရေး ဖေါ်ဆောင်ကြတော.မယ်ဆိုရင်၊ ဘယ်နိုင်ငံက အကြီးအကဲက မီးရထားဝန်ကြီးဆိုတာကို လွှတ်ပြီး မင်း ကြည်. လုပ်လိုက်စမ်း၊ရသလောက်လုပ်ကြည်. ဟု မခိုင်းပါ။

---နိုင်ငံရေးပွဲစားများနှင်. အလွမ်းသင်.နေသည်. တချက်၊

---စစ်တပ်၏အထက်က ရာထူးအမြင်.ဆုံး စစ်ဦးစီးချုပ်၊ ဒု စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး သူတို. တွေ လုံးလုံးမ ပါသည်.အချက်၊၊

---အလုပ်ကြီးတွေ နှင်. လုံးလုံးမသင်.တော်သောသူများကို သွပ်သွင်းထားသည်.တချက်၊

ဒီ အကြမ်းဖျင်း အချက်တွေ နှင်.ပင် အလီလီ ဖြစ်ခဲ.သော  ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများ  သည် ငြိမ်းချမ်းရေးကို မဆောင်ကျဉ်းနိုင်ခဲ.။

 

ဒီ သတင်းလောက ၏ မိုးရွာတုန်းရေခံမဲ.အကျင်.တွေက မီးတွေကိုပိုလောင်စေသည်။ သတင်းသမားကျင်.၀တ်မမဲ.ရ၊ ဘက်မလိုက်ရ၊ လပ်မစားရ ဒီ သဘောတရား နားမလည်သည်.  အမည်ခံ သတင်းထောက်များက ယပ်တောင်ခပ်၍ 

မီးတွေပိုလောင်စေသည်။ အလုပ်သမားကိစ္စ များ၊ တောင်သူလယ်သမားတို.၏

တိုက်ပွဲများ၊ ကချင်နှင်.စစ်၊ ၊ရှမ်းတပ်များ၏စိမ်ခေါ်မှု အသစ်များ၊  ဒါတွေ အားလုံးကို  နောက်တမ်းပို.ပြီး ရာ ဇ၀တ်သား နိုင်အောင် ၏ အပြစ်ကြီးများကို အခြား ဒေါင်.တခုခုမှ ကြည်.ဖြစ်လာအောင် အောင် တွန်းတွန်းပို.ပို. လေးတွေ လုပ်နေတာတွေ.ရ၏။  ဗဟုဝိုင်းတော်သားတို.၏ အစီအစဉ်တကျ ဆောင်ရွက်ထားခြင်းဖြစ်သည်။

 

Let them go-အီးဂရက် မှ ဦးကျော်ရင်လှိုင်၊ မြန် မာ နိုင် ငံ ငါး လုပ် ငန်း အ ဖွဲ ချု ပ် မှ ဒု ဥ က္က ဌ ဦး လှ မောင် ရွှေ၊ ဗဟု ဇော်ဦး၊ သူတို.၏ကြံရာပါများ

 

သူတို.၏အသုံးမ၀င်မှု၊ အကျိုးမရှိမှုကို သိဖို.ခဲယဉ်းပါသလား၊  

 

သူတို. အိုင်ဒီယာနှင်.ဆက်သွားလျှင် ဝေသာလီပြည်ဘီလူးဝင်တော.မည်။ သမ္မတခိုင်းထားသော မီးရထားဝန်ကြီး သည် ထိုသူတို. အခင်းအကျင်းတွေဖြင်. ဘယ်လို နည်းနှင်.မှပြည်တွင်း  ငြိမ်းချမ်းရေး တာဝန်ကို ယူနိုင်မည်မဟုတ်။   ငြိမ်ချမ်းရေး မစ်ရှင်နှင်.ပတ်သက်၍---. ရထားဝန်ကြီးနှင်.သူလူများ ဆိုတာကို အလုပ် ပိုင်း နှင်. ဘယ်လိုပဲတွဲကြည်.ကြည်.၊ လုံးဝ အဆက်အစပ်မရှိ။ အလုပ်ပိုင်း အဆက်အစပ်မရှိလျှင်  (နိုင်ငံရေးအရ၊ စစ်ရေးအရ) လည်း အရေး မပါတော.ပြီ။ ဒါကိုလည်း  သမ္မတ ကြီးသဘောပေါက် သင်.သည်။ လွှတ်တော်အတွင်း နှင်.စစ်တပ်ထိပ်ပိုင်း က ကျားကျားယားယား များက ဥိးအောင်မင်း လုပ်နေတာတွေကို တော်တော် အသည်းယားနေကြပုံရသည်။ သမ္မတငြိမ်းချမ်းရေး အဖွဲ. ထက်အောက် ၀ဲယာ မှာ ဖေါ်မက် ပုံစံ တွေ မှား နေသည်။ အကြောင်းမှာ  အကြံပေး အဖွဲ. ၏ ဖေါ်မက် က မှားနေလို.ပဲ ဖြစ်သည်။ ဒီဖေါ်မက်ကို ဘယ်သူ.မှ အားနာမနေပဲ ဖြတ်တောက်ပစ်ရမည်။ ပိုင်းခြား ဆန်းစစ်ရမည်။ မလိုအပ်တာတွေကိုရှင်းထုတ်ပစ် နိုင်ရမည်။ ရှင်းထုတ်ပစ်ရမဲ.စာရင်းကို အထက်မှာ တင်ပြထားပါသည်။

 

သို.မဟုတ်ပါက--- ငြိမ်းချမ်းရေး၊ ငြိမ်းချမ်း ရေး၊ မျှော်တိုင်းဝေးရဦးမည်။

 

ငြိမ်းချမ်းရေးအဖွဲ.မှာ  လူမှန်နေရာမှန် ရှိဖို. သမ္မတကြီး ပြတ်ပြတ်သားသား လူလဲ ပစ်ရပါဦးမည်။

 

ကျေးဇူးပါ။

အေးအေးစိုးဝင်း

သြဂုတ် ရ ရက် ၂၀၁၂

 

No comments:

Post a Comment