Tuesday, September 11, 2012

Why does China exploite on Myanmar

 
ကိုယ့်တိုင်းပြည်ပေါ်မှာတော့ ပြည်သူတွေဆန္ဒပြလို့ ကြေးနီစက်ရုံစီမံကိန်းကြီးတခု
လုံးဖျက်သိမ်းလိုက်ရတယ်။သူတပါးတိုင်းပြည်ပေါ်မှာတော့သူတပါး
တိုင်းပြည်က ပြည်သူပြည်သားတွေဆန္ဒပြနေ ကန့်ကွက်နေတဲ့ကြားကနေ ဇွတ်ကောအဓမ္မကော နေ့နေ့ညည ရသမျှထုတ်ယူ စားသောက်နေကြပြီး ဒေသခံတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုပါအန္တရာယ်ကျရောက်လို
့နေပြီး ဘာသာသာသနာအတွက် ဘုန်းတော်ကြီးကျောင်းတွေပါချိတ်ပိတ်ဖျက်ဆီးခံနေကြရပြီး သာသနာအမှောင်ဖုံးချိန်ပိုမိုနီးကပ်လာပြီလို့ခံစားရပါတယ်။
ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် (စစ်တပ်ပိုင်)မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်နဲ့တရုတ်
ပိုင်ကုမ္ပဏီတို့အကျိုးတူပဲပူးပေါင်းတာလား¿တိုင်းပြည်ကသယံဇာတတွေလယ်ယာမြေတွေကိုတရုတ်တွေကိုရောင်းစားပြီး အရင်းမစိုက်လှေထိုးလိုက်တဲ့သဘောနဲ့ သူလဲရကိုယ်လဲဝ ဘိုင်ကြံကြံတတ်တဲ့ ဦးပိုင်ရဲ့ စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကိုပဲ အပြည့်အဝအကောင်အထည်ဖေါ်နေကြတယ်ဆိုတာထင်သာမြင်သညရှိလှပါတယ်။
မိမိတိုင်းပြည်ကပြည်သူတွေလက်မခံနိုင်တဲ့ကိစ္စကိုဇွတ်ရှေ့တိုးအကောင်အထည်ဖေါ်မှာလား၊¿တရုတ်ပြည်သူတွေလက်မခံနိုင်လို့တရုတ်အစိုးရကစီမံကိန်းရပ်လိုက်သလိုဘာလို့ရပ်မရတာလဲ¿
ထင်သာမြင်သာရှိအောင်လုပ်ကြဖို့ဗမာပြည်သူပြည်သားတိုင်းမှာတာဝန်ရှိတယ်လို့မြင်ပါတ
ယ်။
 
 

No comments:

Post a Comment