Monday, September 10, 2012

သေကုန်ပြီ ကြည့်ကြပေတော့


ထာဒ်ကျတ်တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ဗိုလ်ကြီး တဦးဒါဏ်ရာရ၊ ၂ ဦးသေဆုံး

၃၀ ရက်၊သြဂုတ်လ၊ ၂၀၁၂ ခုနှစ်။

၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တအာင်းဒေသ မန်တတုန်မြို့နယ် ထာဒ်ကျတ်ရွာအနီး တောစပ်တွင် TNLA တပ်ရင်း - ၂၅၆ နှင့် KIA တပ်ရင်း - ၃၄ မှ တအာင်း ကချင် ပူးတွဲ တပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြရာ ဦးသိန်းစိန် အစိုးရ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ဦး ကျဆုံးပြီး

၊ ဗိုလ်ကြီး တဦးအပါအ၀င် ၃ ဦး အပြင်းအထန် ထိခိုက် ဒါဏ်ရာရရှိကြောင်း ဒေသခံ ပြောကြားချက်အရ သိရှိရပါသည်။

ကျောက်မဲ အခြေစိုက် ၅၀၁ တပ်ဖွဲ့ မန်တုန်ဘက် ပြန်သွားတာ တွေ့ရတယ်။ ဒါဏ်ရာရ သူတွေလည်း ပါတယ်။ အထမ်းတွေနဲ့ ထမ်းတာတွေ့တယ်။ ဗိုလ်ကြီး တယောက်လည်း ဒါဏ်ရာ အတော်ပြင်းတယ်လို့ ပြောတယ်။ အခုတလော သူတို့တပ်တွေ ကျနော်တို့ဘက်ကို အရမ်းလာနေတယ်။ အရာရှိတွေလည်း များတယ်။ " ဟု ရေပုံး ရွာသားတဦး ပြောပြသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေး PSLF ၏ နိုင်ငံရေး ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အနေဖြင့် တအာင်းဒေသအတွင်း နယ်မြေ စိုးမိုးရေး၊ လူထု စည်းရုံးရေးများ ပိုမိုလုပ်လာသည်ကို ဟန့်တားရန် ဦးသိန်းစိန် အစိုးရတပ်ဖွဲ့များက စစ်ဗျူဟာများ ထပ်မှန်တိုးချဲ့ကာ ပိုမို ထိုးစစ်ဆင်မှုများ ပြုလုပ်လျှက်ရှိသည်။

တအာင်းဒေသ အချို့ဖြစ်သည့် နမ့်ခမ်း၊ ကွတ်ခိုင်နှင့် မန်တုန်မြို့နယ်များတွင် TNLA ၊ SSA နှင့် KIA တပ်ဖွဲ့တို့ ပူးတွဲစစ်ဆင်ရေး တပ်ဖွဲ့များရှိပြီး၊ မြန်မာတပ်ဖွဲ့နှင့် နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွါးနေလျှက်ရှိသည်။

တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ခိုကိုးရာမဲ့ စစ်ဘေးဒုက္ခသည်များမှာ နေ့စဉ်နှင့်အမျှ တိုးများလာပြီး မန်တုန်မြို့နယ် တရွမ်းရွာ(တုန်ဟုန်း) အနီးတောတွင်းတွင်ပင် စစ်ဘေးဒုက္ခသည် တထောင်ဝန်းကျင် ရှိနေပြီဟု သိရှိရပါသည်။ စစ်ဘေးဒုက္ခသည်များမှာ တအာင်းနှင့် ကချင်လူမျိုးများ ဖြစ်ကြပြီး နယ်စပ်နှင့် ဝေးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း တို့ကြောင့် ကူညီသူများ အနည်းအကျဉ်းသာရှိပြီး ဖျားနာသူများလာသည်ဟု စစ်ဘေး ဒုက္ခသည်များကို သွားရောက် ကူညီသည့် တအာင်းလူငယ်များက ပြောပြသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF

No comments:

Post a Comment