ကြေးနီသတ္တုစီမံကိန်းရပ်ဆိုင်းရေးဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတထံ မြန်မာအစိမ်းရောင်ကွန်ရက်အကြံပြုတင်ပြ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊
လက်ပံတောင်းတောင်ကြေးနီသတ္ထု စီမံကိန်းကြောင့် သဘာဝပတ်ဝန်း
ကျင်ထိခိုက်ပျက်စီးမှုများရှိလာနိုင် သဖြင့် အဆိုပါစီမံကိန်းရပ်တန့် သွားစေရန်အတွက်
နိုင်ငံတော် သမ္မတကြီးက ကူညီဆောင်ရွက် ပေးပါရန် မြန်မာအစိမ်းရောင် ကွန်ရက် (Myanmar
Green Network)၏ ပညာရှင်များအကြံ ပေးပုဂ်္ဂိုလ်များအပါအ၀င်ဒေသခံ အဖွဲ့အစည်းများ
မီဒီယာအဖွဲ့ဝင် များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေ ခံဥပဒေအပိုင်း (၈)၊ ပုဒ်မ
(၃၉၀) နှင့် အညီအကြံပြုတင်ပြထား ကြောင်း သိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပိုင်း (၈)၊ ပုဒ်မ (၃၉၀) အရ နိုင်ငံသားတိုင်းသည် (က) အမျိုးသားယဉ်ကျေးမှု အမွေအနှစ် ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ (ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်းစောင့်ရှောက်ခြင်း၊ (ဂ) လူ့ စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် ကြိုးပမ်းခြင်း၊ (ဃ) အများပြည်သူပိုင်ပစ်္စည်းများ ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ဖော်ပြထားရာ လက်ရှိဆောင်ရွက် နေသည့် လက်ပံတောင်းတောင် ကြေးနီသတ္ထုစီမံကိန်းသည် အဆိုပါ အချက်များနှင့် ဆန့်ကျင်နေသဖြင့် စီမံကိန်းရပ်တန့်သွားအောင်ကူညီ ဆောင်ရွက်ပေးရန် နိုင်ငံတော် သမ္မတထံ အကြံပြုတင်ပြရခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်မြန်မာချစ်ကြည်ရေး အစီအစဉ်အရ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် Myanmar Wanbao Copper Ltd; တို့ အကျိုး တူပူးပေါင်းဆောင်ရွက်သည့် လက်ပံတောင်းတောင်ကြေးနီသတ္ထု စီမံကိန်းကို လက်ပံတောင်းတောင် ၀န်းကျင်ရှိ မြေဧရိယာ ဧက (၇၈၆၈.၇၈) တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာမ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်တွင်အဆိုပါစီမံကိန်း အား ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒပြုမှုများ ပေါ်ပေါက် လျက်ရှိပြီး သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများအကြားတွင် တင်းမာ မှုများ ပေါ်ပေါက်လျက်ရှိသည်။
မြန်မာ့အစိမ်းရောင်ကွန်ရက် ၏ အကြံပြုတင်ပြစာတွင် သတ္တု တွင်းလုပ်ငန်းခွင်မှထက်ရှိသည့် စွန့်ပစ်မြေများကို လယ်ယာမြေ များအတွင်းသို့စွန့်ပစ်ခြင်း၊ စွန့်ပစ် မြေများကြောင့် မြေအောက်ရေ များအဆိပ်သင့်ခြင်း၊ လယ်ယာမြေ များပျက်စီးဆုံးရှုံးမှုကြောင့် ယခင် ကဲ့သို့စိုက်ပျိုးလုပ်ကိုင်နိုင်မှုမရှိခြင်း ဒေသတွင်းရှိပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုရှိလာနိုင်ခြင်း ကိစ်္စများကို အဓိက ဖော်ပြထား ပြီး တင်ပြစာမိတ္တူကို ဒေါ်အောင် ဆန်းစုကြည်၊ ဥက္ကဋ္ဌ (တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ)၊ ဦးတင်ထွဋ်၊ ဥက္ကဋ္ဌ (လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်) ၈၈ မျိုးဆက်ကျောင်းသားများ (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)၊ ၀န်ကြီးချုပ် (စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာ)၊ ပြည်ထောင်စုဝန်ကြီး (သတ္တုတွင်း ၀န်ကြီးဌာန)၊ ဦးလွန်းသီ ဥက္ကဋ္ဌ၊ (သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာကော် မတီ)၊ ဦးဌေးဦး၊ ဥက္ကဋ္ဌ၊ (နိုင်ငံ သားများ၏ မူလအခွင့်အရး၊ ဒီမို ကရေစီနှင့် လူ့အခွင့်အရေးကော် မတီ)၊ ဒါရိုက်တာအဖွဲ့ (မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်)တို့ထံပေးပို့ ထားသည်။
လက်ပံတောင်းတောင်ကြေးနီ သတ္တုစီမံကိန်းနှင့် နီးစပ်သော ကံကုန်းကျေးရွာ၏ သောက်သုံး ရေတွင်းများအတွင်း ဓာတုဗေဒ ဓာတ်သတ္တုများပြားလာ၍ ကျန်းမာရေးထိခိုက်မည့်အန္တရာယ် များဖြစ်ပေါ်နေပြီး သန့်စင်သော သောက်သုံးရေရရှိရေးအတွက် အက်ဆစ်စက်ရုံရေသန့်စင်၊ ကြေးနီမိုင်းရေသန့်စင်များသို့သွား ရောက်ခပ်ယူ၍ သောက်သုံးနေရ သည့်အခြေအနေများလည်း ကြုံ တွေ့နေရသဖြင့် ကံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င်ရပ်မိ ရပ်ဖများက စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ သန့်စင်သောသောက်သုံးရေရရှိ ရေးကူညီဆောင်ရွက်ပေးရန်လည်း အသနားခံတင်ပြထားကြောင်း သိရသည်။

ခေတ်သစ်ကျောဇွ
No comments:
Post a Comment