Friday, September 14, 2012

The village closed with Yangoon has not seen Electric power


ရန်ကုန် နှင့် နီးသော်လည်း လျှပ်စစ်မီးယခုအချိန်ထိမရရှိ

Filed under Home, သတင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ တွံတေးမြို့နယ် ကျွန်းကလေး ချောင်းဖျားကျေးရွာနှင့်၎င်းရွာအနီး တစ်ဝိုက်ရှိ ကျေးရွာများတွင် ယခု အချိန်ထိ လျှပ်စစ်မီးမရရှိသေး ကြောင်း သိရသည်။
အဆိုပါကျွန်းကလေးချောင်း ဖျားကျေးရွာမှာ အိမ်ခြေတစ် ထောင်ခန့်ရှိပြီး ယင်းရွာရှိ ပြည်သူ လူထုမှာ လျှပ်စစ်မီးမရှိသော ကြောင့် ဖယောင်းတိုင်နှင့်ဘက် ထရီမီးချောင်းများကိုသာ အသုံး ပြု၍နေထိုင်ကြပြီး၊ရန်ကုန်မြို့တော် နှင့်နီးကပ်စွာတည်ရှိသော ကျေး ရွာဖြစ်သော်လည်း ယခုအချိန်ထိ လျှပ်စစ်မီးမရရှိသေးသည်ကိုလည်း စိတ်ဝင်စားနေကြကြောင်း ကျေး ရွာနေပြည်သူများထံမှ သိရသည်။
““ရန်ကုန်မြို့နဲ့ဒီလောက်နီး နေရဲ့သားနဲ့ ဘာလို့အခုချိန်ထိ လျှပ်စစ်မရသေးတာလည်းမသိပါ ဘူးဗျာ၊လျှပ်စစ်မီးရရှိရေးအတွက် ကိုလည်း ကျွန်တော်တို့ကြိုးစား ကြပါသေးတယ်။အခုချိန်ထိမရခဲ့ သေးပါဘူး၊ကြားဖြတ်ရွေးကောက် ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တောင်းဆိုခဲ့ပါသေးသည်။ရွာကို မီးရအောင်လုပ်ပေးရင်တော့ တစ် ရွာလုံး မဲပေးမယ်လို့ပြောခဲ့တာ ရှိပါတယ်၊ဒါပေမယ့်မီးမဘဲရရွာကို လမ်းပဲခင်းပေးသွားတယ်””ဟု ကျွန်းကလေးချောင်းဖျားကျေးရွာ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင် ဖူးသူ ဦးမျိုးဇော်က ပြောသည်။လျှပ်စစ်မီးရရှိရေးအတွက်ကို မကြာခဏတောင်းဆိုခဲ့သော်လည်း ရရှိမှုမရှိခဲ့ခြင်းကြောင့် မတောင်း ဆိုတော့ဘဲမိမိတို့ဘာသာ အဆင် ပြေသလို နေထိုင်နေကြကြောင်း အဆိုပါကျေးရွာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦးကပြောခဲ့သည်။““ကျွန်တော်တို့ရွာတွေမှာသာ လျှပ်စစ်မီးမရှိတာပါ။ရွာကိုကန့် လန့်ဖြတ်ပြီး သွယ်တန်းထားတဲ့ တာဝါတိုင်ကြီးတွေကတော့ အ များကြီးပဲ၊ဘယ်ကိုပို့နေတဲ့ လျှပ် စစ်တွေလည်းတော့ မသိရပါဘူး ဗျာ””ဟု NLD (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်) ပါတီဝင်တစ်ဦး ဖြစ်သူ ကျွန်းကလေးချောင်းဖျား ကျေးရွာနေ ဦးကိုကြီးက ပြော သည်။ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သည် အစိုးရသစ် လက်ထက်၌ ပွင့်လင်းမြင်သာမှု များရှိလာပြီး လျှပ်စစ်မီးလုံလောက် စွာမရရှိသည့်အတွက်လည်း ဖယောင်းတိုင်ကိုင်၍ လျှပ်စစ်မီး အပြည့်အ၀ရရှိရေးအတွက်ကို တောင်းဆိုခဲ့ကြခြင်းများရှိခဲ့ကြောင်း၊ ထိုကဲ့သို့ ဖယောင်းတိုင်ကိုင်ဆန္ဒ ပြတောင်းဆိုခြင်းမှာလည်း ထိ ရောက်မှုရှိခဲ့ကြောင်း၊ သို့သော် လည်း ယခုလျှပ်စစ်မီးမရရှိသေး သော တွံတေးမြို့နယ်ရှိ ကျွန်း ကလေးချောင်းဖျားကျေးရွာ၊ဂျောင် ၀ိုင်းကြီးကျေးရွာစသော နေရာ များမှာ နေ့စဉ် ဖယောင်းတိုင်များ ကိုသာ အသုံးပြု၍ နေထိုင်နေရ ကြောင်း သိရသည်။

No comments:

Post a Comment