Wednesday, September 5, 2012

WE ARE ABOVE THE LAW


Wednesday
ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစားလုပ်နေကြောင်း စုံစမ်းရေး အဖွဲ့က ပြောကြား
, 05 September 2012 07:08

   

 



နေပြည်တော်၊ စက်တင်ဘာ ၅
အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးရန် ခုံရုံးသို့ အကြောင်းကြားခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ လာရောက်ခြင်း မရှိခြင်းမှာ ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေခြင်းသာ ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဝင် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရေး အဖွဲ့က ရှေ့ဆက် ဆောင်ရွက်မည့် ကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်း( ခန္တီး မဲဆန္ဒနယ်)မှ မေးမြန်းရာ စုံစမ်းရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းမြင့် (ပုသိမ်)က ခုံရုံး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး အဖွဲ့ဝင် က “စက်တင်ဘာလ ၃ ရက်နေ့ တွင် လွှတ်တော်သို့ လာရောက် အစစ်ဆေးခံရန် အကြောင်းကြားခဲ့သော်လည်း စွပ်စွဲခံရသူ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ လာရောက် စစ်ဆေးခံခြင်း မရှိခဲ့ကြောင်း၊ သိရသည်။

ဘီဒီအန်

 

No comments:

Post a Comment