သုခမင်းသား အပိုင်း ၁
ပျော်ရွှင်နေသော၊ လူချစ်များသောမင်းသားလေး
မြို.ကြီးရဲ. အပေါ်မှာ ထိုးထွက်မြင်.မား ထီးထီးကြီး လွင်.နေစွင်.နေတဲ. ကျောက်ကလပ်တိုင်ကြီး တခုရှိတယ်။ ဒီ ကျောက် တိုင်ကြီး အထက်မှာတော. ပျော်ရွှင်နေသောမင်းသား တနည်း သုခမင်းသားလေး လို. အမည်တွင်သူ ရဲ. ကျောက်ဆစ်ရု ပ် ကြီး တည်ရှိနေပါတယ်။ မင်းသားလေးရဲ. ရုပ်ထုတကိုယ်လုံး မှာ လည်း ရွှေ တွေ ချထားလိုက်တာများ တကိုယ်လုံး ပြည်.နေတာပဲ။သူ. တကိုယ်လုံး ရွှေရောင်နဲ. ရွှေဝါ လင်းလက် တောက်ပလို.၊ သူမျက်လုံးတစုံကိုလည်း နီ လာ ရတနာတွေနဲ. ထုဆစ်ထားတော.ပြာလဲ.လို.၊ ပြီးတော.မင်းသားလေးရဲ. ဓါးအိမ် ထိပ်မှာလဲ နီနီရဲရဲ တောက်ပတဲ.ပတ္တမြား လုံးကြီးတခုနဲ. တန်ဆာဆင်ထားလေရဲ.။
ဒီမင်းသားရုပ်ထုကို အားလုံးက အထင်တကြီးနဲ. ချစ်မြတ်နိုးကြတယ်။
သူ.ကိုသူ အနုပညာ အကြောင်းသိပြီး အနုအလှ တရားတွေမှာ ခံစားနားလည်နိုင်စွမ်း ဓါတ် ရှိသူတဦး အဖြစ် လူအထင်ကြီးခံချင်လွန်းအားကြီးလေ တဲ. မြိုတော်ကောင်စီဝင်အဖွဲ.၀င် တဦးက-----
“ ကြည်.ပါဦး၊ မင်းသားလေးတို.လှလိုက်တာမှ ပြောစရာကိုမရှိဘူး၊ အိမ်ခေါင်မိုးတွေပေါ်မှာ အလှထားတဲ. မိုးလေ၀သလေညွန်တံ ကြက် ရုပ်လေးလှသလိုမျိုးကို မင်းသားလေးက လှရှာ လွန်းပါပေ.” လို.ပြောတယ်။ ပြီးတော.သူ က သူ.ကို လက်တွေ.မဆန်လိုက် တဲ. အလကား မြို.တော်ကောင်စီဝင်ကြီး လို. လူတွေ အထင်မှားခံရမှာ စိုးရိမ်ပြီး-----
“အင်း-လက်တွေ.မှာတော. ဒီ ရုပ်ထု က သိပ် အသုံးမ၀င်ပါဘူးလေ” လို. ထပ်ဖြည်.ပြီးပြောလိုက်တယ်။ တကယ်တန်းကျတော. ဒီ မြို.ကောင်စီဝင်လူကြီး ဟာ ဘယ်လိုနည်းနဲ.မှ လက်တွေ.ဆန်သူ၊ အလုပ်ဖြစ်အောင် နေတတ်ပြောတတ်သူမဟုတ် ခဲ.ပါဘူး။
လမင်း ကို လိုချင်လှလွန်းလို.ဆိုပြီး တငိုထဲငိုနေရှာတဲ. သား ကလေးကို၊ လောကအရေးအရာတွေ မှာ တတ်သိနားလည်တဲ. အမေဖြစ်သူက ဒီလိုပြောပါတယ်။
“သားလေးရယ်၊မင်းမှာ-ဘာကြောင်.များ ဒီ သုခမင်းသားလေးလို မနေတတ်၊မထိုင်တတ်၊ အတုမယူတတ်ရတာလဲကွယ်၊ သုခမင်းသားလေး ဆိုရင် ဘယ်တုန်းကမှ ဟိုဟာလိုချင်၊ဒီဟာလိုချင်ဖြစ်ပြီး၊ တခုခုကို လိုချင်တတ်မက်စိတ်နဲ. ငိုလိုက်ယိုလိုက်လုပ်ပစ်လိုက်မယ် ဆိုတဲ.စိတ်မျိုး တခါဆိုတခါမှတောင် အိပ်မက်တောင် မမက်ဖူးဘူး”
လောကကြီး အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပုံရတဲ. အမျိုးသားတယောက်က သုခမင်းသားလေးရဲ. အံ.မခန်းအဆန်းတကျယ် ရှိလှတဲ. ကျောက်ဆစ်ရုပ်ကြီးကိုမော.ကြည်.ရင်း-----
“အင်း- ဒီ ကမ္ဘာကြီးမှာ သူ.လို ပျော်ရွှင်နေတဲ.သူ တဦး ရှိနေတာတော. ကောင်းသားပဲ ” လို. မကြားတကြား တခွန်းပြောလိုက်တယ်။
ဆွတ်ဆွတ်ဖြူတဲ. ခေါင်းစွပ် ၀တ်စုံတွေ နဲ. ကြက်သွေးရင်.ရောင် ကုတ် အင်္ကျီ လေးတွေဝတ်စားထားတဲ. ၊ အလှု ခံ အဖွဲ. ကလေးတသုတ်ကလည်း၊ ဘုရားရှစ်ခိုးကျောင်းထဲက ထွက် လာတယ်။ အပြင်မှာ သူတို.က သုခ မင်းသားလေးကိုမော.ကြည်.ရင်း မင်းသားလေးဟာ “နတ်သားလေး၊နတ်သားလေးတပါး” လို.အချင်းချင်း ပြောနေကြတယ်။
အနား က သင်္ချာဆရာ က သူတို.ပြောတာကြားသွားတော. “ဘယ်လိုနည်းနဲ. သူဟာနတ်သားလို. အပိုင်ကြီး ပြောနေကြတာလဲ။ ကောင်းကင်ဘုံက နတ်သားဆိုတာ မင်းတို.မြင်ရောမြင်ဖူး” လို.လား လို. မေးလိုက်ပါတယ်။
ကလေးတွေကလည်း မခံဘူး၊ ပြန်ဖြေကြတယ်။
“အို တွေ.ဖူးတာပေါ.။ နတ်သား နတ်သမီးတွေများ၊ တွေ.ဖူးတာပေါ.။ အိပ်မက်ထဲမှာ တွေ.တာလေ”
ဒီိတော.သင်္ချာဆရာက ကလေးတွေ ကို မျက်မှောင် ကုတ်ကြည်.နေပြီး၊ သူ.မျက် နှာက ခပ်တင်းတင်း ဖြစ်သွားတယ်။ သူက ကလေးငယ်တွေ အလွန်အကျွံစိတ်ကူးယဉ်တာ ကို အားပေးတတ်သူမဟုတ်ဖူးလေ။
ပျံလွှား ငှက်ကလေး နှင်. အချစ်
တခုသောည၊ ပျံလွှားငှက်ငယ်လေးတကောင် က ဒီမြို.ပေါ်ကဖြတ်ပြီးပျံသန်းလာတယ်။ သူ.သူငယ်ချင်းတခြားငှက်တွေက တော. အီဂျစ်အရပ်ကို လွန်ခဲ.တဲ.၆ပါတ်ကတည်းက ထွက်ခွာသွားကြပြီ။ ဒီပျံလွှား ငှက်လေးကတော. သူတကောင်ထဲ တမင်နောက်ချန်နေရစ်ခဲ.တယ်၊ နေခဲ. ရတဲ. အကြောင်းကလည်း-သူက ဟိုး မြစ်ကမ်းနားမှာ ပေါက်နေတဲ. ခါးလေး သေးသွယ်သွယ်၊အမူအယာ ကနွဲ.ကလျှ ရှိလေတဲ. အလှဆုံးအချောဆုံး ကျူပင်မလေးကို ချစ်နေမိ လို.ပါပဲ။
ဒီနှစ်နွေဦးပေါက်မှာ ပျံလွှားငှက်လေးက ပိုးဖလံအ၀ါကောင် တကောင် ကို နောက်က အမိ လိုက်ဖမ်းရင်း မြစ်ကျောတလျှောက်လုံး အပေါ်က ပျံသန်းဖူး၊ ခရီးသွားဖူးတယ်။ အဲသလို သွားရင်း နဲ. သူ.မျက်လုံးတွေက မြစ်ကမ်းနားရေစပ်က ဒီ ကျူပင်မချော လေးကို တွေ.ပြီးတော်တော် ကျသွားတယ်။ ပြောရရင် ဒီ ကျူပင်မယ်မဒီ လေး ရဲ. ခါးသေးသေးလေး နွဲ.နွဲ.လေးကို ကြည်.ပြီး သူ.ခမြာ အတော်စိတ်တုန် လှုပ်သွားတယ်ပေါ.လေ။ စိတ်ထဲမှာတော. ချစ်ရသူကိုတွေ. ပြီ ပေါ.။ ဒီလိုနဲ. ပျံလွှားငှက်လေး ခမြာ ချစ်ရသူ ကျူပင်မလေးအပေါ် အကြီးအကျယ် စိတ်ဝင်စား၊စိတ်လှုပ်ရှား၊ရင်ခုန်နေခဲ.တယ်။ ဒါ.ကြောင်.ပဲ ငှက်ကလေးက သူချစ်တဲ.သူလေးနဲ.စကားစမည်ပြောချင်တဲ. အကြံနဲ. သူ.သူငယ်ချင်းတွေကို ရှေ.က သွားနှင်.ခိုင်းပြီး သူကတော. တမင် နောက်ချန်နေရစ်ခဲ.ခြင်းဖြစ်တယ်။
တနေ.မှာ ငှက်ကလေးက “ကိုယ် မင်း ကို ချစ်ခွင်. ရှိသလား” လို. တခါတည်း ချစ်ရေးဆိုပစ်လိုက်တယ်။ ကျူပင်မလေးက သူမခေါင်းကို ညိမ်.လို. ဇင်ယော်လေးကို နှုတ်ခွန်းဆက်တယ်၊ ဒီတော.ဇင်ယော်လေးက ကျူပင်မလေးဘေးဖက် ရေပေါ်က လှည်.ပတ်ပျံသန်း ပြီး တ၀ဲလည်လည်လုပ်ပစ်လိုက်တယ်။ တပတ်ပြီးတပတ် ကောင်မလေး ကို ပတ်ပြီးပျံပြတယ်။ ကောင်မလေးဘေးက ရေစပ်လေးတွေကို သူ.တောင်ပံလေးတွေနဲ. တို.တယ်။ ရေမျက်နှာပြင်ပေါ်မှာ အဖြူရောင်လှိုင်းကြက်ခွပ်လေးတွေ ပေါ်လာအောင် ထိကာဆွကာ လုပ်ပြတယ်။ ဒီလိုနည်းနဲ. သူ ဟာ ကျူပင်မလေးကို တနွေလုံး ပိုးခဲ.ပန်းခဲ.တာဖြစ်တယ်။
ကျန်တဲ.သူ.သူငယ်ချင်းပျံလွှား ငှက်တွေက သူ.ချစ်ခြင်းကို နားမလည်ကြဖူး။
“ဒီကောင် ကြိုက်နေတဲ. ရေထဲက ကျူပင်မလေးဟာ ပိုက်ဆံလဲမရှိဘူး။ပြီးတော.-ကျူပင်ဆိုတဲ. အတိုင်း ဒီ မိန်းကလေးရဲ.ဆွေမျိုးတွေဖြစ်တဲ. ကမ်းနားသစ်ပင်တွေ၊ ရေစပ်ရေဖျားက အသိုင်းအ၀ိုင်းတွေကလဲ၊ မြစ်ကျော တလျှောက်လုံး ပြည်.လို.၊ ဒီ လို ရေစပ်က အုပ်ရောရော ကျောက်အရောရော ကျူ တပင် ကို ဒီလောက် သံယောဇင် တွယ်နေတာ တော်တော. ကို မိုက်မဲတဲ. ရူးသွပ်မှု တမျိုးပဲ” လို.သူ. သူငယ်ချင်းငှက်တွေက အတင်းပြောကြတယ်။ ဒီိလိုသဘော နဲ. ထင်မြင်ချက်ပေးခဲ. တဲ. သူ.ငှက် မိတ်ဆွေ တွေက ခုလို ဆောင်းအ၀င်မှာ- မြစ်ကိုစွန်.ခွာ လို. ၊အဝေးကိုပျံသန်းသွားကြပြီ။
သူတို.တွေ မရှိ တော. ပျံလွှား ငှက်လေးလဲ တကောင်တည်း အဖေါ်မဲ. ဟာတာတာ ဖြစ်ကျန်ရစ်ခဲ.တယ်။ သူ.ကြည်.ရတာ-ချစ်ရပါသော ကျူပင်မလေးကို နည်းနည်း ငြီးငွေ.လာ သလိုပါပဲ။ သူစဉ်းစားတယ်။
“ကြည်.ပါ ဦး။ ငါ.မှာ- သူမနဲ.တခါဆို တခါမှ စကားအပြန်အလှန် ပြောဖြစ်တယ်ဆိုတာ တခါ မှ မရှိ။ ငါ. အထင်တော.-ဒီကောင်မလေးဟာ အညုအခရာပိုင်သူတဦးသက်သက်ပေပဲလား။ ငါ သွားလိုက်တိုင်း လေညှင်းဆိုတဲ.ကောင်နဲ. ညုနေတာချည်းပဲမြင်ရတယ်။ အင်း-အဲဒီလေညှင်းထိလိုက် တို.လိုက် တာနဲ. မချော တို. တုန်ခါ ယိမ်းနွဲ.ပုံကတော. တော်တော်.ကို ရှုမငြီးအောင်ကျက်သရေရှိပါပေတယ်။ ဒါပေမဲ.ဒီမိန်းကလေးက ကိုယ်.အိမ်ကိုယ်.ရွာမှာပဲ တွင်ကျယ်မဲ. အိမ်ကြက်မျိုး၊ဒီတော. ကမ္ဘာကြီးမှာဝင်ဆန်.မဲ.သူမဖြစ်နိုင်ဘူး။ ငါက ခရီးသွားရတာ သိပ်ကြိုက်တဲ.ကောင်ဆိုေ တာ. ၊ ငါ.လိုချင်တာက ငါ.လိုပဲ ခရီးသွားခြင်းကို မြတ်နိုးတဲ.၊ အပြင်မှာဝင်ဆန်.မဲ. ဇနီး”
တနေ.တော. ငှက်ကလေးက “မင်း ကိုယ်.နောက်လိုက်မှာလား” လို.ကျူပင်မလေးကိုမေးလိုက်တယ်၊ ကျူပင်မလေးကခေါင်းခါပြပြီးငြင်းတယ်။ သူမက သူမရပ်ရွာက ဘယ်မှ ခွာချင်တဲ.သူမဟုတ်ဘူး။
ဒီတော.-ပျံလွှားငှက်ကလေးက ငိုရှာ တယ်။
“မင်းဟာတောက်လျှောက် ကိုယ်. အချိန်တွေကို သေးဖွဲအောင် အရေးမပါအောင်ပြုခဲ.သူသက်သက်သာ၊ ပိရမစ်တွေ ရှိတဲ.နေရာ ကို ကိုယ် သွားတော.မှာမို. မင်းကိုနှုတ်ဆက်ခဲ.ပါတယ်” လို. သူ.ချစ်သူကို နောက်ဆုံးတခွန်း ပြောပြီး ထွက်လာခဲ.တယ်။
သုခမင်းသားနှင်. မိတ်ဆွေဖြစ်ခြင်း
မြစ်ကိုစွန်.ခွာ ၊တနေ.လုံးပျံသန်းအပြီး မှာ ပျံလွှားငှက်လေး တကောင် သုခမင်းသားလေးတည်ရှိတဲ.မြို.ကြီးစီ ကို ညဖက် ရောက်လာတယ်။ ဘယ်မှာတည်းခိုရင်ကောင်းမလဲ။ မြို.ကြီး ဆိုတော. နားစရာ ပြင်ဆင်ထားတဲ.နေရာတွေ ရှိကောင်းလိမ်.မယ် ----ဒီလိုတွေးပြီး သူက မျှော်လင်.ထားတယ်။ အဲဒီ.ည မှာ ပဲ ကျောက်တိုင်မြင်.ကြီးပေါ်က သုခမင်းသားရုပ်ထုကြီး ကို ငှက်ကလေးက မြင်သွားတယ်။
ကောင်းလိုက်တဲ.နေရာ။ ဒီညတော. ဒီမှာပဲ တည်းမယ်။ လေကောင်းလေသန်.လဲ ရနိုင်တဲ. တကဲ.ဟန်ကျ တဲ.နေရာပါပဲ လို. ငှက်ကလေးက ကျေကျေနပ်နပ် ပြောလိုက်ပြီး သုခမင်းသားလေး ခြေ ထောက် နှစ်ချောင်းကြားက ကွက်လပ်လေးမှာ သူ နားခိုဖို.ဆင်းလိုက်ပါတယ်။
ပျံလွှားငှက်လေး က သူအိပ်ရမဲ. နေရာရဲ. ပတ်ဝန်းကျင်ကို လျှောက်ကြည်. ပြီး ။အင်း၊ ငါတော. ဒီ ည အတွက် ရွှေစင်နှင်.ပြီးသော ရွှေအိပ်ခန်းဆောင်မှာ အိပ်စက်ရမယ်မို.လား ၊ လို. သူ.တဦးထဲ ကြားရုံ တိုးတိုးလေးပြောတယ်။
ပြီးတော. သူ အိပ်ဖို.ပြင်ဆင်တယ်။ အိပ်မယ်လုပ်ဖို. သူ.တောင်ပံလေးတွေ အသာခေါက်ပြီး သူ.ခေါင်းလေးကို ထိုးဝှက်လိုက်တဲ.အခါ သူ.တောင်ပံတွေ အပေါ် အလွန်ကြီးမားတဲ.ရေပေါက်တခုကျလာတယ်။ သူတော်တော် ပဲ အံ.သြသွားတယ်၊
အထူးအဆန်းပဲ၊ ကောင်းကင်မှာ လဲ မိုးရွာ ရ လောက်အောင်ဘာမိုးသားတိမ်တိုက်မှ မ တွေ.ရ။ ကြယ်တွေက လဲ ကောင်းကင်မှာ အရောင်တလက်လက်နဲ.ဒီည စုံပါ.၊ ဒီတော. ဘယ်လိုမှ ဒီမှာ မိုးရွာစရာအကြောင်းဖြစ်နိုင်ပါ.မလဲ။ ဥရောပ မြောက်ပိုင်း ဆိုတာ ဒီ အချိန် မိုးခေါင်၊ရာသီ က ခြောက်သွေ.ဆိုးရွား။ အင်း- ဖြစ်နိုင်စရာက မိုး ရွာခြင်းရွာ ဟိုကျူပင်မလေး ရှိတဲ.အောက်အရပ်မှာပဲဖြစ်နိုင်တယ်။ ဒီ မိန်းကလေးက မိုးကိုတော. ချစ်ခဲ.မြတ်နိုးခဲ.ဖူးသား၊ ဒါ က လဲဒီမိန်းမ ရဲ. အတ္တကြီး မှု တခုပဲလေ။ ငှက်လေးကဒီလိုပဲတွေးလိုက်တယ်။
အဲဒီ. အချိန်မှာပဲ နောက်ထပ်ရေပေါက်အကြီးကြီးတခု သူ.တောင်ပံတွေအပေါ်ထပ်ကျလာပြန်တယ်။
“ရုပ်ထုလို.လဲပြောသေးတယ်၊မိုးကိုတောင်မကာနိုင်ရင် ဘယ်လို မျိုးအသုံးဝင်နိုင်မဲ. ရုပ်ထုမျိုးပါလဲ။ တော်ပါပြီ ။ တော်ပါပြီ။ ခေါင်းတိုင် တခုခု ရှာပြီး သွားနေတာကမှ မိုးလွတ်ဦးမယ် ၊ ဒီ.ထက်ကောင်းတဲ. သင်.တော်မဲ. နေရာ သစ် တခု ထပ်ရှာမှ ပါပဲ” လို. ဇင်ယော်လေးက တဦးထဲ ပြောပြီး ကျောက်ရုပ်စီ က ထွက်ခွာဖို. သူ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ.ကျောက်ရုပ်စီက ခွာခါနည်းဆဲဆဲ သူ.တောင်ပံတွေ ကို ပျံသန်းဖို. ဆန်.လိုက် ဖွင်.လိုက်တဲ. အခါမှာ တတိယမြောက် ရေပေါက်ကြီး တလုံး ထပ် ကျလာပြန်တယ်။ ငှက်ကလေးက ဘာဖြစ်နေတာလဲ ဆိုပြီး အပေါ်ကို မော်.ကြည်.လိုက်တော.--အလိုလေး။ ဇင်ယော်လေးဘာသွားတွေ.မိတယ်လို. ထင်သလဲ။
တွေ. လိုက်ရတာကတော. ရွှေပါးပြင်တွေပေါ်မှာ တစိမ်.စိမ်.ယိုစီးနေတဲ.မျက်ရေစက်တွေနဲ. ငိုကြွေးနေ တဲ. မင်းသားလေး ၏ အငိုမျက်နှာပါ။ ဟုတ်ပါတယ်။ လရောင်အောက်မှာ ပါးပေါ် မျက်ရေတွေ တသွင်သွင်ကျ ငိုယိုနေတဲ.၊ ချောမောလှပလွန်းတဲ.မင်းသားလေးကိုတွေ.ရ တော. ငှက်ကလေး လဲ သိပ်ပြီး စိတ်ထိခိုက်သွားပါတယ်။ မင်းသားလေးအပေါ် အရမ်းသနားသွားတယ်။
“အသင်ကဘယ်သူလဲ”
“ငါက သုခမင်းသားပါ”
“သုခမင်သားဆို ဘာဖြစ်လို.ငိုယိုနေတာလဲ ခင်ဗျာ။ မင်းသားမျက်ရေကြောင်. ခု ကျနော်. ငှက်တောင်ပံတွေ တောင် ရွှဲရွှဲစိုနေပါပြီ” လို.ပျံလွှားငှက်လေးကပြန်မေးလိုက်တယ်။ ဒီတော.မင်းသားလေးက ပြန်ဖြေတယ်။
“ငါ သက်ရှိထင်ရှားရှိစဉ်က ငါ. မှာ ခု လူတွေ လိုပဲ လူ. နှ လုံးသား ရှိခဲ.တယ်။ ဒါပေမဲ. မျက်ရည်ဆိုတာ ကို လူ.ဘ၀တုန်းက ဘာမှန်းညာမှန်း ငါသေသေချာချာမသိခဲ.ရဘူး။ ငါနေခဲ.ရတဲ. တော်ဝင် စံ နန်းတော်ကြီးထဲ မှာ လဲ ၀မ်းနည်းစရာတို.၊ သောက ဒုက္ခမှန်သမျှကို ဘယ်သူကမှ ၀င်ခွင်. မပေးကြဘူးလေ။ နေ.လည်ဆိုရင် ငါက နန်းတွင်းက ကစားဖေါ်တွေ နဲ. ပျော်၊ ညရောက် ရင် မဟာခန်းမကြီးမှာ ပွဲလန်း သဘင်တွေ နဲ.။ ဒါတွေ အားလုံး ကို ငါပဲ ဦးဆောင်ခဲ.တာ။ နန်းတော်ကြီးမှာ လဲ အပြင်ကို ဘယ်လိုမှ မမြင်နိုင်တဲ. တံတိုင်းကြီးတွေ နဲ. ကာထားတယ်။ ငါကလဲ ဒီ တံ တိုင်းတွေ ရဲ. အပြင်မှာ ဘာတွေ ရှိသလဲဆိုတာ တခါမှ သိချင်စိတ် မဖြစ်ဖူးပေါင်၊ ဒီ နန်းတွင်းမှာ အားလုံးက အနုအလှ တွေ ချည်းပဲ။ ဒီတော. အပြင်က ဟာတွေ အကြောင်း သိစရာ မလို ပါဘူးလို.ပဲ ထင်ခဲ.တယ်။ ငါ. မူးမတ်တွေ၊ အထိန်းတော်တွေက ငါ.ကို သုခမင်းသားလေးလို.ခေါ်ကြတယ်။ တကယ်လဲ သုခတွေ နဲ.ပြည်.စုံခဲ.တဲ.ငါ.ဘ၀ပါ၊
“အာရုံခံစားစရာတွေ တပုံတပင်နဲ.ကြည်နူးစရာ အရသာခံ နိုင်စရာမှန်သမျှကို --ပျော်ရွှင်မှု သုခချမ်းသာ နဲ.တူတူပဲ လို. တတန်းထဲ ထား မယ်ဆိုရင် ငါက သုခမင်းသားဆိုတဲ.နံမည်နဲ.လိုက်ပါတယ်လေ၊ ဒီ လို နဲ. လူလုပ်ခဲ.၊ပြီးတော. သေခဲ.တယ်။ ငါသေသွားတော. သူတို.ကငါ.ကို ဒီ ကျောက်တိုင်မြင်.ကြီးပေါ်မှာဆက်တင်ထား ထားကြတယ်--ဒီတော. ဒီမြို.က ရှိရှိသမျှ အနိဠာရုံ နဲ. ရုပ်ဆိုးမှုမှန်သမျှ ၊စိတ်ဆင်းရဲစရာ မှန်သမျှ ငါ. မှာ ခု မမြင်ချင်လို.လဲ မရတော.ဘူး။ အကုန် လုံး ကို ဒီ အပေါ်က စီးပြီးမြင်နေရတယ်။ ငါ. နှ လုံးသားကလဲ ဘော်သား ခဲသားနဲ.လုပ်ထားတယ်ဆိုသေး။ ခုတော.--၊ ခုတော. ငါ.မှာ တမင် ၀ါသနာပါလို. ပူဆွေးနေတာ မဟုတ်ရပါပဲ၊ တငိုထဲ ငို ကြွေးနေရတာပါပဲ။”
“ဒါဆို မင်းသားလေးဟာ တကိုယ်လုံး ရွှေ နဲ. လုပ်ထားတာ မဟုတ်ဖူးပေါ.” လို. ငှက်ကလေးက တယောက်ထဲ သူ.စိတ်ထဲကမေးဖြစ်တယ်။ ဗြောင်ကြီး ဖွင်.မေးဖို.ဆိုတာ ကတော. ငှက်ကလေးဟာ ယဉ်ကျေးသိမ်မွေ. သူတဦးမို. လုံးလုံး မဖြစ်နိုင်ပါ။ သူတပါးကိုယ်ရေးကိုယ်တာတွေကို လွယ်လွယ်ဝေဖန်တတ်တဲ. ရိုင်းပြ မှုမျိုး သူ.မှာ မရှိပါ။
မိတ်ဆွေ ၂ဦး ၏ ဒုက္ခရှာ ပုံတော်
မင်းသားလေး က သူ. ဂီတသံ ခပ်တိုးတိုးနဲ. ငှက်ကလေးကို စကားပြောပါတယ်။
“ဟိုးခပ်ဝေးဝေးတနေရာမှာ--လမ်းသေးလေးတခုရှိပြီးအဲဒီ.လမ်းထဲမှာဆင်းရဲသားအိမ်တလုံးရှိလေရဲ.။ ပြူတင်းပေါက်တခုပဲ ဖွင်.ထာတယ်။ အဲဒီ.ပြူတင်းပေါက် ကတဆင်. အိမ်ထဲမှာ ထိုင်နေတဲ.အမျိုးသမီးတဦးကို လှမ်းတွေ.နေ ရတယ်။ သူ. မျက်နှာက ပိန်ချုံးကျနေပြီး၊ပင်ပန်းနွမ်းနယ်တဲ.အသွင်ရှိတယ်။ သူ. လက်တွေကတော. အပ်ချုပ်ရတာများလွန်းလို.ပေါက်ပြဲကြမ်းတမ်းနေလေရဲ.။ နန်းတော်ကဘုရင်မကြီးရဲ. အခြွေအရံတွေ ထဲ က အလှ ဆုံး မိန်း ကလေးက ဒီ ည ပွဲတက်ဖို.ရှိတယ်။ အဲဒီ. အလှပဂေး ရံရွှေ တော်မလေး ၀တ်မဲ. ဂါဝန် ရှည်ကြီး ကို ပန်းတွေ ထိုး အလှဆင် အချိန်မှီပြီးအောင် ချုပ်လုပ်နေရတော. သူ.သားကလေး ဖျားပြီး အိပ်ရာထဲလဲ နေတာတောင် ဂရုမစိုက်နိုင်အားဖူး။ အပ်ချုပ်သည်မရဲ.ကလေးက တော်တော် ဖျားနေတယ်။ ကလေးက လိမ္မော်သီးစားချင် တယ် လို. သူ. အမေကိုပြောပေမဲ. အမေက ဘာမှလုပ်မပေးနိုင်ဘူး။ မြစ်ကရေပဲ ခပ်ပြီး ကလေးကိုတိုက်ထားတယ်။ ဒီတော.အပူကြီး အဖျားဝင်နေတဲ.ကလေး က တငိုထဲငိုနေ တော.တာပေါ.။ အို- အဆွေ ပျံလွှားငှက်လေး- ငှက်ငယ်လေး ရဲ.။ ငါ. အလှစီထားတဲ. ဒါးအိမ် ထိပ်က ပတ္တမြားကို အသင်ဖြုတ်ပြီးသူတို.သားအမိစီ သွားပို.ပေးပါလား။ ငါ.ခြေထောက်တွေ ကို အင်္ဂဒေနဲ. ကိုင်ထားတော. ငါကိုယ်တိုင် ဘယ်မှသွားမရ။ ဘယ်လိုမှ လှုပ်လို.မရလို. မင်းစီက ဒီလို အကူအညီတောင်းရတာပါ”
ဆက်လက်တင်ပြပါဦးမည်
အေးအေးစိုးဝင်း
No comments:
Post a Comment