သစ်တောဝန်ကြီး ဦးဝင်းထွန်းအနေနဲ့  “အကြောင်းကြောင်းကြောင့်
မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုတွေ များလာနေတာကြောင့်၊
အစိုးရအနေနဲ့ သစ်ထုတ်လုပ်မှုကို တတ်နိုင်သမျှ လျှော့ချသွားဖို့ ရှိတယ်” ဆိုပြီး
အမေရိကန်ဆီက အကူအညီကို ငန်းငန်းတက် “ချူ” ချင်တဲ့ နှပ်ကြောင်းပေး
ပြောဆိုချက်ကို အမေရိကန်ဘက်ကလည်း ပေးမယ် ပေးဦးမယ် တကဲကဲနဲ့ 
အပြန်အလှန် “တည့်” နေလိုက်ကြတာ တွေ့ ရတော့ မြန်မာ့သစ်ပင်သစ်တောတွေ
ပြန်လည် စိမ်းမြထူထပ်တော့မှာကို တွေးပြီး ကြည်နူးနေရမယ့်အစား
နားကြားပြင်း ကပ်မိတယ်။ သစ်တင်ပို့ မှုတွေ ရပ်ပါတော့မယ်၊ သစ်တွေကို
ကိုယ်တုံးလုံး မရောင်းတော့ပါဘူး၊ အချောထည်တွေ လုပ်ပြီး နိုင်ငံတကာ
ဈေးကွက်တင်မယ် လို့  သစ်ဗျူဟာ ပြောင်းပြီလို့  မပြောလို့ မဖြစ်လောက်အောင်
ကျွန်တော်တို့ ဆီလည်း ရောင်းစားလို့ ရတဲ့ အရွယ်ကောင်းသစ်ကြီးဝါးကြီးတွေ
ကုန်သလောက် ရှိနေပါပြီ။ စစ်အစိုးရအုပ်ချုပ်သွားတဲ့ နှစ် ၂၀ ကျော်အတွင်း
သိသိသာသာကြီးကို မျက်လှည့်ပြလိုက်သလို သစ်တောတွေ ပျောက်ကွယ်
တိမ်းပါးသွားတာကို အကြောင်းကြောင်းကြောင့်လို့  ၀န်ကြီးတစ်ဦးအနေနဲ့ 
ဘာမှမခံစားရသလို ပြီးစလွယ် မပြောသင့်ဘူး။ အထူးသဖြင့် ကျင့်ဝတ်
သိက္ခာနဲ့  လူသားစံချိန်စံညွှန်းတွေကို လေးစားတန်ဘိုးထားတဲ့ အမေရိကန်
သစ်တောပါရဂူကြီးရှေ့ မှာ မပြောသင့်ဘူး။ ဒါပေမယ့် ပါရဂူတွေဘက်ကလည်း
မင်းတို့ ရဲ့  အရှေ့ တောင်အာရှရဲ့  နာမည်ကြီးမြန်မာ့သစ်တောတွေ ဘာ့ကြောင့်
အချိန်တိုအတွင်း ပျောက်ကွယ်သွားရသလဲ၊ ငါတို့ ကူညီမှုနဲ့  သစ်တောတွေ
ပြန်လည် သန်စွမ်းလာရင်ရော အရင်လို သမင်မွေးရင်း ကျားစားရင်း ဘဝ
ပြန်ရောက်မသွားဖို့  ဘယ်လိုအာမခံချက်တွေ ချမှတ်ထားသလဲ စသဖြင့်
မေးခွန်းထုတ်တာမျိုးတွေကို မြန်မာသူမြန်မာသားတွေ သိပ်ကြားချင်တာပေါ့၊
နားထောင်ချင်တာပေါ့။ ဦးဝင်းထွန်း အနေနဲ့ လည်း မြန်မာ့သစ်တောတွေ
ပြုန်းတီးပျောက်ကွယ်ကုန်ခြင်းရဲ့  ဇစ်မြစ်ဟာ စစ်အစိုးရဗိုလ်ချုပ်တွေနဲ့ 
သူတို့ ရဲ့ လက်ဝေခံ ခရိုနီလူတစ်စုရဲ့  အကျိုးစီးပွားသက်သက်ကြောင့်
မြန်မာ့သဘာဝသယံဇာတ သစ်ပင်သစ်တောတွေဟာ အာဏာရှင်တစ်စုရဲ့ 
အင်မတန် ၀မ်းနည်းဖွယ်ရာ အရိုင်းအစိုင်း လုယက်ခြင်း ခံလိုက်ရတယ်
ဆိုတာကို မသိကျိုးကျွံပြု လှီးလွှဲခေါင်းရှောင်ထွက်သွားတာကိုတွေ့ ရတော့
သစ်ပင်သစ်တောချစ်တဲ့ ကျွန်တော်တို့ လူမျိုးတွေအတွက် စိုးရိမ်မိတယ်။
ဒါ့ထက် စစ်အုပ်စု အသွင်းပြောင်းအစိုးရရဲ့  ပြန်လည်တည့်မတ်ခြင်းနဲ့ 
ပြုပြင်ပြောင်းလဲခြင်း အနှစ်သာရနဲ့  ရည်မှန်းချက်ဟာဖြင့် အခြေခံပြည်သူ
လူထုအတွက် မရှိပါလားလို့ ဆိုတဲ့ သံသယတွေကို ပိုခိုင်မာစေခဲ့ပါတယ်။
Aung Myo Htun
No comments:
Post a Comment