Thursday, November 1, 2012

ွှThey need medias'help


"မီဒီယာနှင့် တစ်ကွ အားလုံး ၀ိုင်းဝန်းကူညီကြပါ"။


 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်စီမံကိန်းဒေသ ဆည်တည်းရွာနှင့် ကျော်ရွာ နှစ်ရွာအား အချိန်ကိုက် တစ်ပြိုင်နက် လယ်ယာမြေများပေါ်တွင် စွန့်ပစ်မြေများပုံသည် ကို လယ်သမားများမှာ ရွာအလိုက် နှစ်ဖက်ခွဲ တားဆီးနေစဉ် လာရောက်ပုံသော တရုတ်လူမျိုးနှစ်ဦးအား ရွာသူရွာသားများ မှ ခေါ်ယူထားပြီး ကုမ္ပဏီမှ လာရောက်ဖြေရှင်းပေး လျှင် ပြန်လွှတ်မည်

ဖြစ်ကြောင်းပြောခဲ့သည်။

သို့သော် လုံထိန်းနှင့် ၀န်ထမ်းတွေက ရွာသူတွေကို နှုတ်ခမ်းပေါက်တဲ့ အထိ အကြမ်းဖက် ၀င်ရောက် ထိုးနှက်၍ တရုတ်များအား ပြန်လည် ခေါ်ဆောင်သွားသဖြင့် ရွာသူတစ်ဦး နှုတ်ခမ်းပေါက်ပြဲဒဏ်ရာနှင့်ကျန်ခဲ့ပြီး စွန့်ပစ်မြေများ မပုံရန် ငိုယိုတောင်းပန်နေကြောင်း သတင်းပေးပို့လာသည်။

ယခုဖြစ်နေတာတွေကို သိလိုပါက -

မီဒီယာ များ မှ ဒီနံပါတ်ကိုဆက်သွယ်၍

၀၉ ၄၀၀ ၄၀ ၈၂၃၆ ကိုဗထူး မှ တဆင့်

ရွာသူရွာသားများအား မေးမြန်းနိင်ပါသည်။

No comments:

Post a Comment