Friday, November 2, 2012

Myanamr governmnt troop fires innocent villagers

ဖားကန့် အစိုးရ ဗျူဟာကုန်းမှ လူနေရပ်ကွက်များသို့ လက်နက်ကြီးမှားဖြင့် ပစ်ခတ်


နိုဝင်ဘာလ (၂) ရက်နေ့ တွင် ဖားကန့်အခြေစိုက် ဗမာအစိုးရ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဗလခ လူနေရပ်ကွက်များသို့ ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦးမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးသည့် နောက် ပထမဆုံး အစိုးရတပ်များ၏ လူထုအား ရည်ရွယ်၍ ပစ်ခတ်မှုလည်း ဖြစ်ပါသည်။ ဖားကန့်ဒေသတွင် အစိုးရတပ်များသည် KIA တပ်များထက် ပြည်သူများကိုသာ ပစ်မှတ်ထား တိုက်ခိုက် နေခြင်းမှာ ယခုနှင့် ငါးကြိမ်မြောက် ဖြစ်ပါသည်။

ယနေ့ ဗမာအစိုးရဖက်မှ လက်နက်ကြီးများ အလုံး ၂၀ ခန့် ပစ်ခတ်ခဲ့သော်လည်း KIA ဖက်မှ ယခုအချိန်အထိ ပြန်လည် တိုက်ခိုက်ခြင်း မရှိသေးပေ။ ပစ်ခတ်မှုများသည် KIA တပ်ဖွဲ့များ တပ်စွဲထားရာ မော်မောကုန်း၊ ဆိုင်းဂျာဘွန်၊ လမောင်ကုန်းများနှင့် ၃ မိုင် ၄ မိုင်ခန့် ကွာဝေးသော ဗလခမှော်၊ သဌေးဂျောင်မှော် စသည့် ကချင်များ အနေများသည့် ရပ်ကွက်များသို့ အများဆုံး ကျရောက် ပေါက်ကွဲ ခဲ့ပါသည်။

သို့ဖြစ်၍ ဗမာအစိုးရ အနေဖြင့် KIA အားတိုက်ခိုက်သည်ဟု ဆိုသောအရာအတွက် မေးခွန်းများ မေးစရာဖြစ် လာပါသည်။ ဗလခ ဒေသခံတစ်ဦးက “ဒါက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း ပဲဖြစ်ပါတယ်၊ စစ်သား စစ်သားချင်း၊ သေနတ် သေနတ်ချင်း တိုက်ခိုက်ကြတာကို ဘာမှ မပြောလိုပါဘူး၊ ဒါပေမဲ့ အခုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်လာတာကိုတော့ ရှုတ်ချပါတယ်။” ဟုသူ၏အမြင်ကို ပြောပြပါသည်။

ယခုအခါ ဖားကန့် ဒေသခံအများစုမှာ ဗမာအစိုးရ၏ လုပ်ရပ်အပေါ် ခံပြင်းလျှက်ရှိပါသည်။ ဒဏ်ရာ ရရှိသူများကိုလည်း နိုင်ငံရေးပါတီများနှင့် အသင်းတော်မှ တာဝန်ရှိသူများက အလှူငွေများ ပေးအပ် ကူညီလျှက်ရှိသည်ဟု ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များ က ပြောပြပါသည်။

comment

နေပြည်တော်လွှတ်တော်ထဲရောက်သွားတဲ့ အတိုက်အခံအမတ်ဆိုသူ
ဦးဖုန်းမြင့်အောင်က လွှတ်တော်ထဲအနေကြာလာတာနဲ့ အမျှ
စစ်သားအမတ်တွေနဲ့  ရင်းနှီးမှုရှိလာတယ်၊ သူတို့ ခံစားရတာတွေ
ပွင့်အန်ထွက်လာတဲ့အခါ သူတို့ ဘာဖြစ်နေသလဲ ဘယ်လိုမြင်သလဲ ဆိုတာ
နားထောင်ခွင့်ရလာတယ် ဆိုပြီး ကချင်နဲ့ ဗမာစစ်တပ် တိုက်ခိုက်ကြတဲ့ စစ်ပွဲကို
ပြည်ပမီဒီယာ (ဘီဘီစီ)ကို ဖောက်သည်ချတယ်။ ဒီ မက်ဆေ့ကို ဘယ်လို
ရည်ရွယ်ချက်နဲ့ ပစ်လွှတ်တယ် ဆိုတာ နိုင်ငံရေးပါး နည်းနည်းဝတယ် ဆိုရင်ဘဲ
မပြုံးဘဲနဲ့ ဝါးလုံးကွဲ ရယ်ချင်စရာ။ ဦးသိန်းစိန် စကားကို မလွန်ဆန်နိုင်လို့ သာ
အပစ်ရပ်ထားရပေမယ့် ကချင်တပ်တွေ ၀င်တိုက်တာကြောင့် ဗမာစစ်သားတွေ
သေဆုံးရတာတွေကြောင့် အံကြိတ်ပြီးသည်းညည်းခံထားရတယ်။
တကယ်ဆိုရင် ဒီ စစ်ပွဲကို သူတို့ ထိန်းချုပ်နိုင်တယ်၊ အပြတ်ရှင်းလို့  ချေမှုန်းပစ်
နိုင်တယ်တဲ့ဗျာ။ နေပြည်တော်လွှတ်တော်ထဲက စစ်တစ်မတ်သားအမတ်များရဲ့ 
ရင်တွင်းဖြစ်ကြေကွဲနာတွေကို ပင်နီဝတ်အမတ်တစ်ယောက်က အငှားပါးစပ်နဲ့ 
လေပုတ်ထုတ်နေပုံများက။ ပြောစရာရှိ စစ်အမတ်ကို ပြောခိုင်းရမှာ၊
ဒီအပြောမျိုးကို ကျကျနန မှတ်တမ်းတင်ထားရမှာ။ စစ်အမတ်ဖြစ်ဖြစ်၊
လက်ရှိ စစ်သားဖြစ်ဖြစ်၊ စစ်အရာရှိဘ၀က အနားယူပြီး နိုင်ငံရေးလောကထဲ
ကျက်စားနေတဲ့ ကြံ့ဖွံ့ အမတ် (၀န်ကြီး)ဖြစ်ဖြစ် ကချင်စစ်ပွဲနဲ့ ပက်သက်လာရင်
ဒီလို တစ်ကြောင်းဆွဲအမြင်တွေနဲ့  ကိန်းဝပ်နေကြတာ သိသာလှတယ်။
ကျော်ဆန်းလား အောင်သောင်းလား မသိဘူး၊ ကေအိုင်အို တပ်တွေကို
တစ်ရက်ထဲနဲ့  အပြတ်တိုက်လို့ ရတယ် ဆိုပြီး ပြည်တွင်းဂျာနယ်တစ်စောင်ကို
ထုတ်ပြောဖူးတယ်။ တိုက်စမ်းပါ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ 
စားပွဲပေါ် ဖြေရှင်းဖို့ စိတ်မကူးဘဲ၊ အခုလို အနောက်အုပ်စုနဲ့  ပြေလည်မှု
ရနေတာကို အမြတ်ထုတ်လို့  ကြံ့ဖွံ့ အစိုးရစစ်တပ်ဘက် ကချင်တိုင်းရင်းသားတွေရဲ့ 
လက်နက်ကိုင်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းဖို့  သဘောတရားရေးရာတွေ
ကာချုပ် မင်းအောင်လှိုင်စစ်တပ်ထဲ လူးလွန်းရှင်သန်နေသမျှ ငါဟာ
“အားနည်းသူဘက် ရပ်” ဆိုတဲ့ မူကို ဆုတ်ကိုင်ပြီး ကချင်စစ်တပ်နဲ့ အတူ
တစ်သားတည်း ရပ်တည်ပြီး ဗမာစစ်တပ်ကို ကျောခိုင်းသွားရမယ်။
ရှုံးချင် ရှုံးပလေ့စေ၊ မုန်းချင်မုန်းပလေ့စေ။
 

No comments:

Post a Comment