Monday, November 12, 2012

The corruption has to be taken action soon


ရန်ကုန်မြို့တော်စည်ပင် အကျင့်ပျက်ခြစားဝန်ထမ်းများအား တရားစွဲဆိုမည်
(လက်ဆင့်ကမ်း Share ပေးရန်)


ပြီးခဲ့သည့် လအတွင်း အကျင့်ပျက်ခြစားမှုဖြင့် ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခဲ့သော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ယာယီမြို့တော်ဝန်(မြို့တော်စည်ပင် အတွင်းရေးမှူး)ဟောင်း အပါအ၀င် အကျင့်ပျက်ဝန်ထမ်း ၅ ဦးနှင့် လာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ခဲ့သော စီးပွားရေးသမားများကို ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင
်းဒေသကြီးအစိုးရအဖွဲ့ အမည်မဖော်လိုသူ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်မှာ ရန်ကုန်စည်ပင်အတွင်းရေးမှူး အနေဖြင့် ယာယီမြို့တော်ဝန်ရာထူးထမ်းဆောင်နေစဉ်ကာလအတွင်း မတော်သြဇာကျင့်သုံးပြီး စည်ပင်ပိုင်မြေကို ဂရန်ပိုင်အမည်ပေါက်ရရှိအောင် ဆောင်ရွက်ပေးကာ သိန်းထောင်ချီလာဘ်စားမှုကျူးလွန်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါအရာရှိကြီးကပြောကြားသည်။ အဆိုပါအမှုကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ယူစစ်ဆေးခဲ့ပြီး အပြစ်ရှိကြောင်းပေါ်လွင်ခဲ့သဖြင့် ဌာနမှ ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။ အဆိုပါလာဘ်ပေးလာဘ်ယူမှုတွင် ပါဝင်ခဲ့သူများကို လာဘ်ပေးလာဘ်ယူမှုတားမြစ်ရေးဥပဒေနှင့် တရားစွဲဆိုမည်ဟုယူဆရကြောင်းနှင့် ယခုလက်ရှိအစိုးရလက်ထက်တွင် အကျင့်ပျက်ဝန်ထမ်းများကို ပထမဆုံးတရားစွဲဆိုသော အမှုဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Post by: People Development For Knowledge
Photo by: AsianFame Media

No comments:

Post a Comment