Friday, November 2, 2012

Youg girls need to help to return home

 

၈၈မျိုးဆက်ကျောင်းသား တပ်မတော်(မြောက်ပိုင်း)အတွင်းရောက်ရှိနေသော ဖမ်းဆီးခံအရပ်သူတစ်ဦး နေရပ်ပြန်လိုသော်လည်း အခက်အခဲတွေ့ကြုံနေရ (ဟာဂျူလီ-ကသာ)
၂၀၁၂ခုနှစ် မတ်လအတွင်း ၀ိုင်းမော်မြို့နယ်အောင်မြေ၁တွင် နေ့စား မုန့်ညှင်းရိပ်လုပ်ကိုင်သူ မပြည့်ပြည့်ဝင်း(အသက်၁၉နှစ်)နှင့်အိမ်ရှင်သမီးဖြစ်သူတို့အား ကေအိုင်အိုအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါသည်၊
မပြည့်ပြည့်ဝင်း၏ အဖိုးဖြစ်သူနှင့် သူ၏မိတ်ဆွေများက ကေအိုင်အို တ

ပ်တည်ရှိရာ လိုင်ဇာအနီးစုံစမ်းရာ စုလှိုင်နှင်းဆိုသူနှင့်အတူ မပြည့်ပြည့်ဝင်းမှာ ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း ရောက်ရှိနေကြောင်း
ခိုင်လုံစွာသိရှိခဲ့ရပါသည်၊ထိုသို့ရောက်ရှိနေခြင်းမှာ ဖမ်းဆီးခေါ်ဆောင်ခဲ့သူများမှ မပြည့်ပြည့်ဝင်းနှင့် မစုလှိုင်နှင်း တို့နှစ်ဦးအား ၈၈မျိုးဆက်ကျောင်းသားတပ်မတော်သို့ လက်ဆောင်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်၊
သူတို့နှစ်ဦးမှာ ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း တစ်ရက်လျှင် (၁)နာရီခန့်ကင်းစောင့်ခြင်းအလုပ်ကို လုပ်ကိုင်နေကြရပါသည်၊ယခုအခါ ထိုအမျိုးသမီး(၂)ဦးမှာ မိဘများထံပြန်နေလိုကြပြီး မိဘများမှာလည်း
အထူးစိုးရိမ်ပူပန်လျှက်ရှိနေကြောင်း အဖိုးဖြစ်သူဦးတင်မှ ကျွန်တော်ထံလာရောက်ပြောကြားခဲ့ပါသည်၊အသက်၆၄နှစ်အရွယ်ရှိ ဦးတင်သည် ဒီပဲယင်းမြို့နယ် ကံမြားရွာတွင်နေထိုင်သူဖြစ်ပြီး သူတို့မြေးအဖိုး ပြန်လှယ်အတူ
နေထိုင်ခွင့်ရရေးအတွက် လူသားချင်း ကြင်နာစိတ်များဖြင့် ကူညီပေးကြရန်လည်း ပြောကြားခဲ့ပါသည်၊ဦးတင်အား ဆက်သွယ်မေးမြန်းလိုသူများအနေဖြင့် ဖုန်း(၀၉-၄၀၀၄၆၆၁၁၀)သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိပါသည်၊
ဟာကျူလီ ကသာ 

No comments:

Post a Comment