Friday, November 2, 2012

Farmer stand off for land grab


(ဓါတ်ပုံမျာဗိုလ်ကြိးနေမျိုးဇင်ထံမှရယူပါသည်)

 

 

 

 

 

 

 

 
 
ဝါ၀ါဝင်း ကုမ္ပဏီ အရှေ့ ဆန္ဒပြနေသော တောင်သူများမှာ မထတမ်း ပလက်ဖေါင်းဘေး

3တွင်နေကာ အသိမ်းခံထားရသည့် သူတို့ လယ်ယာမြေများ အကြောင်း ဖြေရှင်းပေးမည့်သူ
တဦးဦးကို စောင့်နေကြသည်မှာ သုံးရက်တိုင်သွားပြီဖြစ်သည်။ ည ၁၂ နာရီခန့်တုန်းကတော့
 ရဲယူနီဖေါင်းဝတ်များ ရဲကားများဖြင့် လာရောက် ၀န်းရံ ကာ တခုခု လုပ်ဆောင်မည့်
ဟန် ပြသော်လည်း မည်သည့်ပြသနာမှ ဖြစ်ပေါ်ခဲ့ခြင်း မရှိပဲ တပ်ဆုတ်ပြန်သွားခဲ့ကြသည်။ တောင်သူလယ်သမား အယောက် လေးဆယ်ကျော်သည် ဘုရင့်နောင် ဖေါင်ဖျက် ကိန်း ဆောင်လာသူများဖြစ်သောကြောင့် သူတို့ လယ်ယာမြေများ အကြောင်း တစံတရာ

ဖြေရှင်းပေးခြင်း မရှိဘဲ ဖမ်းဆီးမည် ဆိုလျှင် အဖမ်းခံနိုင်ရန် ခြင်ထောင်စောင် အသင့် ယူထားသူများဖြစ်ကြပါသည်။

သနား ငဲ့ညှာစဖွယ် တောင်သူ အယောက် လေးဆယ်ကျော်မှာ ရန်ကုန်မြို့

စဉ့်အိုးတန်း လမ်းထိပ် ၀ါဝါ၀င်း ကုမ္ပဏီ အရှေ့ တွင် သုံးရက်မြောက် သည့်တိုင်

ဇွဲ နဘဲနှင့် သူတို့လိုလားချက်ကို တောင်းဆိုနေကြသည်။ ရက်ကြာလာသည်နှင့်

အမျှ စားရေး သောက်ရေးလည်း အခက် အခဲ ရှီလာသည်။ ရန်ကုန်မြို့နေ တရားမျှတမှု လိုလားသူများ၊ လူသားချင်း စာနာထောက်ထား ကူညီလိုသူများ၊ အနွမ်းပါးဆုံး လူသား တောင်သူလယ်သမားတို့ကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးလိုသူများ

ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းနိုင်ပါကြောင်းအသိပေးနှိုးဆော်လိုက်ပါတယ်/

 

 

 Farmer stand off for land grab

 

No comments:

Post a Comment