Wednesday, May 9, 2012

ချစ်တီးနှစ်ဆ အောက်မှ လယ်မြေပျောက်နေကြသော လယ်သမားဘဝ




ရန်ကုန်တိုင်းဒေသကြိးလှိုင်သာယာမြို.နယ်အတွင်းအနော်ရထာစက်မှုဇုန်တွင်ကုမ္မဏီသိမ်းလယ်ယာမြေများအတွက်လယ်သမားများမှလယ်ယာနစ်နာကြေးများရရှိရန်ကြိုး
ပမ်းလျှက်ရှိနေပါသည်။
“၁၉၅၃ခုနှစ်အက်ဥပဒေအရလယ်မြေတွေသိမ်းယူခွင့်ရှိတယ်။ဒါပေမဲ.ဗဟိုကော်မတီရဲ.
ခွင်.ပြုချက်ယူရမယ်။လယ်သမားများနှင်.ညှိနှိုင်းရမယ်’ဟုလယ်ဧက(၁၀)ကျော်အသိမ်းခံခဲ.ရသောလိုင်သာယာမြို.နယ်မှတိုင်းဒေသကြီးလွှတ်တော်အမတ်ဦးနေလင်းကရှင်းပြ
ပါသည်။၇န်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို.နယ်အနော်ရထာစက်မှုဇုန်(အပိုင်း-၂)မြေကွပ်အမှတ်(H)၄၀.၂၇ဧကမှာဆောက်လုပ်ရေးဝန်ကြီးဌါနမြို.ရွာနှင်.အိုးအိမ်ဖွံ့ဖြိုး
ရေးဦးစီးဌာနနှင်.၀ါဝါ၀င်းဆောက်လုပ်ရေးကုမ္မဏီတို.အကျိုးတူပူးပေါင်းဆောင်ရွက်
ခဲ.ပြီးဝါ၀ါဝင်းကုမ္မဏီမှဒေးမာလာဝင်းထံအပြီးအပိုင်ရောင်းချခဲ.သည်.ဟုအရောင်းအ
ဝယ်ကတိစာချုပ်တခုအရသိရပါသည်။၎င်းကိစ္စရပ်များကိုသက်ဆိုင်ရာကုမ္မဏီများသို.ဆက်သွယ်မေးမြန်းကြည်.ရာ၎င်းဧသူဌေးကဖြေကြားခွင်.ပေးမထားကြောင်းတရားဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဝါ၀ါ
ဝင်းကုမဏီမှဒေါ်မိုးမိုးမြင်.က
ပြောကြားပါသည်။၎င်းကိစ္စရပ်များနှင်.ပက်သက်ပြီးလယ်သမားများမှအသိမ်းခံထားရ
သောလယ်ယာမြေများပြန်လည်ရရှိနိုင်ရေးအတွက်နည်းလမ်းအကူအညီများလိုအပ်နေသလိုလယ်မြေပြန်လည်ရရှိသည်အထိကြိုးပန်းဆောင်ရွက်သွားဘိုပြင်ဆင်နေကြောင်း
လယ်သမားတစ်ဥိးမှမြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွတ်ယက်သို.ပြောပြသွားသည်။
ကျွန်ဘ၀ရောက်ခဲ့ရသောဒုတိယကမ္ဘာစစ်အတွင်းမှမြန်မာပြည်သည်လွတ်မြောက်လာ
ပြီဟု ယူဆခဲ့သော်လည်း ယ္ခုအခါ ဒုတိယကမ္ဘာစစ်အတွင်းမှာ ခံစားခဲ့ရသော မြေကျွန်ဘ၀ထက်ပင်ဆိုးသောခေတ်သစ်ချစ်တီးကုမ္မဏီတို့နှင့်စစ်တပ်အာဏာပိုင်တို့
ပူးပေါင်းထားသော ချစ်တီးနှစ်ဆအောက်က လယ်မြေပျောက်ကြရသော ဘ၀များဖြစ်နေကြပြီဟုဓါတ်ပုံအထောက်အထားနှင်.အတူရေးသားတင်ပြလိုက်ပါ
သည်။

Monday, May 7, 2012

DEBATE FOR VICE PRESIDENT IN NAYPYI DAW ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတ ခန့်အပ်ရန် နေပြည်တော်တွင် အကြီးအကျယ် ငြင်းခုံနေကြ


ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး အမှန်ပင် နုတ်ထွက်စာကို မေလ ၃ ရက်နေ့နေ့စွဲဖြင့် နေပြည်တော် သမ္မတရုံးသို့ တင်သွင်းထားခဲ့ပြီးဖြစ်ကြောင်း နေပြည်တော်၏ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းရ ရှိပါသည်။ 
ဦးတင်အောင်မြင့်ဦးသည် သွေးအကြိတ်ကင်ဆာရောဂါကို လက်ရှိခံစားနေရပြီးကျန်းမာရေးအရ နုတ်ထွက်ခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီသတင်းရပ်ကွက်မှ ခိုင်လုံသောသတင်းရရှိသည်။
ထူးခြားစွာ ထွက်ပေါ်လာသော ယခုနောက်ဆုံးသတင်းမှာ တပ်မတော်သား အမတ်ဦးရေ ၂၅ ရာနုံး ကို စည်းရုံးပေးရန် ကာချုပ် မင်းအောင်လှိုင်အား နေပြည်တော် သမ္မတရုံးမှ ကြိုးပမ်းနေသော သတင်းတခု ထပ်မံရရှိပါသည်။ အကြောင်းမှာ လစ်လပ်သွားသော ဒုသမ္မတ နေရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြရန်ဖြစ်သည်ဟုဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတ အဖြစ်ရွေးချယ်တင်မြောက်ပါက လက်ရှိအကြပ်တည်းအားလုံး အမြန်ဆုံးပြေလည်ပြီး သိက္ခါရှိရှိ တိုင်းပြည်ကို ပြန်လည်ပြုပြင်ရာတွင် ဆထက်တံပိုးအကြိုးများနိုင်ပြီး ယခင် စစ်အုပ်ချုပ်မှုအောက်တွင် ခံစားနေကြရသော ပြည်သူတို့လည်း ချက်ခြင်း ၄င်းတို့နာကျဉ်းချက်များပြောက်ပျက်သွားနိုင်သည်ဟု သမ္မတရုံးမှ အဆိုပြုလွှာကို ကာချုပ် မင်းအောင်လှိုင်ထံသို့ အကြံပြုတင်သွင်းထားသည်ဟု ခိုင်မာစွာ သတင်းရရှိသည်။ သို့သော် လွတ်တော်ထဲတွင်း အမတ်ဦးရေးအများဆုံးဖြင့် ထိုင်ခုံနေရာ ရရှိထားကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီအမတ်များ အရေးပေါ် တွေ့ဆုံဆွေးနွေးနေဆဲဟုသိရသည်။

Friday, May 4, 2012

Nay Pyidaw Proudly Expresses the Troop Kill Big amount Of Kachin Fighters


A state-run newspaper in Myanmar on Friday said recent battles between government troops and Kachin ethnic rebels had killed 31 people, as the ongoing fighting threatens the country's reform and reconciliation process.
The New Light of Myanmar reported 11 clashes in the last week of April, including what it said was an attack by rebels of the Kachin Independence Army on a government border guard base. It accused the rebel group of trying to seize the base "to save face for its declining military prestige."
It said 29 of the 31 dead were Kachin rebels, while government forces suffered two dead and 15 wounded. A separate report said that the Kachin had blown up parts of three bridges on Wednesday and Thursday.
Spokesmen for the Kachin were not immediately available to comment on the reports, which also claimed that their guerrillas had forced 345 villagers to serve as porters.
The 8,000-strong Kachin militia is one of several minority ethnic rebel armies in Myanmar who say they are fighting for greater autonomy from the central government.
Since taking office last year as a military-backed but elected president, Thein Sein has sought to roll back many of the repressive actions of the military regimes that preceded him.
He has focused on democratization, including reconciliation with opposition leader Aung San Suu Kyi and her pro-democracy movement, but has also tackled the long-running problem of ethnic rebellions.


Thursday, May 3, 2012

အပစ်ရပ်ခဲ့သော်လည်း မျှော်လင့်ချက် မဲ့သည့် သင်ခန်းစာများ

အစိုးရနှင့် KIO အပစ်ခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း တိုးတက်ပြောင်းလဲမှု မရှိသည့်အဖြစ်ကို သင်ခန်းစာယူကြရန် ကချင် လူမှုဖွံ့ဖြိုးတိုးတက် ရေးကွန်ယက်အဖွဲ့(KDNG) က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးလိုက်သည်။
ယမန်နေ့က ကချင်“ဖွံ့ဖြိုးတိုးတက်ရေး”မှ ကြုံတွေ့ရသော သင်ခန်းစာများ ခေါင်းစဉ်ဖြင့် KDNG မှ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်တွင် လက်ရှိ အစိုးရနှင့် KIA တို့ တိုက်ပွဲများဆက်ဖြစ်နေခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာခြင်း၊ မူးယစ်ဆေး ၀ါး ဖြန့်ဝေသုံးစွဲခြင်း၊ လယ်ယာမြေသိမ်းဆည်းခြင်း၊ စစ်ပြေးဒုက္ခသည် ပိုများလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများကို ထောက်ပြပြောဆိုထားသည်။
ထိုအစီရင်ခံစာများ ထုတ်ပြန်ရခြင်းနှင့် ပတ်သက်၍ KDNG ဒုဥက္ကဌ စာဂျီက “ဒီလိုမျိုး ထုတ်ဖော်ရေးသားလိုက်ခြင်းဖြင့် ကချင်ပြည် သူအတွက် လက်ရှိအခြေအနေနဲ့ အတိက်က ဖြစ်ပျက်ခံစားနေရတဲ့ အတွေ့အကြုံကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ မမေ့အပ်တဲ့ သင်္ခန်းစာကို ကချင်ပြည်သူတွေ သိလာမယ်။ တခြားတိုင်းရင်းသားညီအကိုတွေလည်း သိစေချင်တဲ့အနေနဲ့ပါ”ဟု  ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို KIO မှ ၁၇နှစ်ကြာ သဘောတူ လုပ်ဆောင်ခဲ့သော်လည်း ကချင်လူထု၏ မျှော်လင့်ချက်ကို အစိုးရမှ ဖေါ်ဆောင်ပေးခြင်း မရှိခဲ့သည့်အပြင် ယခုအခါ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ နည်းစနစ်မကျသော သယံဇာတထုတ်ယူခြင်း၊ ခေါင်းပုံ ဖြတ်အမြတ်ထုတ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ခြင်း ပြဿနာများ ပို၍ဆိုးရွားလာနေသည်ဟု KDNG ဒုဥက္ကဌက ဆက်ပြောသည်။
“ကချင်လူထုတွေ အတိတ်က ခါးသီးလှတဲ့ အတွေ့အကြုံကို ပြန်လည်သုံးသပ်နိုင်ဖို့ ကျန်တဲ့ တိုင်းရင်းသားညီအကိုတွေကလည်း ကချင် ပြည်သူများခံစားခဲ့ရတဲ့ အတွေ့အကြုံလို ထပ်မခံစားရအောင် ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်အောင် ရေရှည်တည် တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ဖို့ တကယ်ပဲ လိုအပ်နေတာကို သတိထားသင့်ပါတယ်”ဟု ပြောသည်။
ယခင်အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း စစ်အစိုးရတပ်များ လာရောက်စခန်းချခြင်း၊ အုပ်ချုပ်ရေးရုံးသစ်များကို နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းနှင့် အလုပ်သမားများအား မတရားခိုင်းစေခြင်း၊ အဓမ္မပြုကျင့်ခြင်း အပါအ၀င် စစ်အာဏာပိုင်၏ အပေါင်းဖော်ဖြစ်သူ အကြီးစား စီးပွားရေးသ မား ဌေးမြင့်နှင့် ၎င်းပိုင် ယုဇနကုမ္ပဏီမှ ဟူးကောင်းကျေးရွာရှိ ပြည်သူတို့အား နေရပ်မှ အဓမ္မ ရွှေ့ပြောင်းစေကာ မြေဧက ၂၀၀,၀၀၀ကို သိမ်းယူခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးကျားထိန်းသိမ်းရေးစခန်းမှ သဘာဝလောင်စာဆီ ထုတ်လုပ်နိုင်မည့် တသီးစားအပင် စိုက်ပျိုးရေးကို လုပ်ဆောင်ခဲ့ကြောင်းလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် မြစ်ကြီးနားရှိ ရှာတာပူနှင့် ဒူကထောင်း မျိုးနွယ်စုများရှိ မိသားစုတိုင်း ဘိန်းစွဲဝေဒနာ ခံစားနေကြရသလို ဟူးကောင်းကျေးရွာရှိ သတ္တုတွင်းလုပ်ကိုင်သည့် မြို့နယ်တစ်ခုတွင်မူ ခန့်မှန်းခြေအားဖြင့် သတ္တုလုပ်သား ၈၀% မှာ ဘိန်းမဲစွဲနေကြပြီး မူးယစ်ဆေးစွဲခြင်း ရာဇ ၀တ်မှုများ၊ လောင်းကစားခြင်းများနှင့် လိင်ဖျော်ဖြေရေးရုံများ တိုးပွားလာခြင်းတို့ကြောင့် ခုခံအားကျဆင်းသည့်(HIV/AIDS) ရောဂါ ပိုမို ဖြစ်ပွားလာသည် ဟု ၎င်းအစီရင်ခံစာထဲတွင် ဆက်လက် ဖော်ပြထားသည်။
KDNG သည် ၂၀၀၅မှ ၂၀၁၂ခုနှစ်အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပျက်နေသော လူမှုဒုက္ခဆိုင်ရာပြဿနာများကို သုသေသနပြုခဲ့ပြီး သက် ဆိုင်ရာ ဒေသခံလူထု ၃၀၀ဦးကို တွေ့ဆုံမေးမြန်းခြင်း၊ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ယူခြင်းဖြင့် လက်တွေ့ ကွင်းဆင်းလေ့လာခဲ့ခြင်း ဖြစ်သည်။
ယင်း အချက်အလက်များပေါ် အခြေခံ၍ အမှောင်လွမ်းနေသောချိုင့်ဝှမ်း (Valley of Darkness)၊ ဧရာဝတီမြစ်ကို ပိတ်ဆို့ခြင်း (Damm-ing The Irrawaddy)၊ ရေဖုံးလွှမ်းခြင်းကို ခုခံတားဆီးခြင်း(Resisting of The Flood)၊ ဒေသခံပြည်သူများ၊ သူဌေးများနှင့် ကျားများ (Ty-rants, Tycoons and Tigers) နှင့် Blood Jade စသည့် အစီရင်ခံစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။

Tuesday, May 1, 2012

Danger Zone

The dangerous zone means the internet cafe in Yagoon. Nowadays in (Burma) Myanmar, most of youth in the city and activists ever use to sit in the internet cafe as to share information, looking for friends from around the region and international. Using g talk and Skype, others are very popular in the cafe, but all of them do not notice that it is freely or someone is watching from the main control monitor. Someone was arrested after talking to his/her activist comrade via internet before 2011. But now the special police or intelligent are still watching as before. Among them ( internet cafes) in the city that our team reconiged is the name  calling Net  Zone which is opened between Aung Thukha bus stop and gate Wa bus stop      on the side of  Myoma Road to Thanlying twon 25 mile far from the downtown of Yangoon. " I reconiged that the internet cafe main conter is watching and tracing what I am typing and talking to my network friends",said an internet user in the cafe.For that reason, our BDN would like to inform to all of internet users not to use your net to your friends because the cafe  calling Net Zone is not safety for all of users and it is very danger.


ကြားတွင်တည်ရှိသော(NETZONE)အမည်ရှိအင်တာနက်ဆိုင်ကျင်.၀တ်များနှင်.မလျှော်ညီသည်.အပြုအမူများပြုလုပ်နေသည်ကိုအများပြည်သူများအနေနှင်.သိရှိစေရန်အ

တွက်ရေးသားတင်ပြရခြင်.ဖြစ်ပါသည်။ကျွှန်တော်သည်အင်တာနက်အသုံးပြုရန်အ

တွက်သန်လျှင်မြို…မြို.မလမ်းအောင်သုခမှတ်တိုင်နှင်.ဂိတ်ဝမှတ်တိုင်အနီးရှိအင်တာ

နက်ဆိုင်သို.သွားရောက်ပြိးအင်တာနက်သုံးစွဲခြင်းပြုလုပ်ခဲ.ပါသည်။ထိုသို.သောအင်တာနက်သုံးစွဲနေချိန်ဝယ်အင်တာနက်တိုင်ပိုင်ရှင်ဖြစ်သူမှမိန်းကောင်တာကွန်ပြူတာမှ

တဆင်.အများပြည်သူမှားသုံးစွဲနေသည်.ကွန်ပြူတာများသို.မည်သည်.လုပ်ငန်းအတွက်အင်တာနက်သုံးစွဲနေသည်ကိုခိုးယူကြည်.ရှုခြင်းမည်သူမည်ဝါနှင်.ဆက်သွယ်ပြီးမည်

သည်.လုပ်ငန်းများလုပ်နေသည်ကိုစောင်.ကြည်.ခြင်းမျာြး့ပုလုပ်နေသည်ကိုတွေ.ရှိခဲ.ရသည်အတွက်အင်တာနက်သုံးစွဲသူများအနေနှင်.လုံခြုံမှုမရှိသည်.ဆိုင်တခုဖြစ်နေသည်ကိုမှတ်တမ်းဓါတ်ပုံနှင်.တကွ  တင်ပြလိုက်ရပါသည်။

 

 
မြန်မာပြည်ဖွံ့ဖြိုးတို.တက်ရေးကွန်ယက်
 BURMA DEVELOPMENT NETWORK (BDN)
                       မှတ်ချက်၊
ကျနော်တို့ တင်ပြသော ဓါတ်ပုံနှင့် စာသားများကို အသုံးပြုလိုပါက ကျနော်တို့ကွန်ယက်မှ ခွင့်ပြုချက်ကိုတောင်းခံရမည်။ 
ဆက်သွယ်ရန်
ကိုအောင်နိုင်ထွေး  630 456 6517 (အမေရိကန်ပြည်ထောင်စု)
Aung Naing Htwe 630 456 6517 (USA)
burmadevelopmentnet@gmail.com                                            

Monday, April 30, 2012

Deaf Leopard ကျားသစ် နားမကြားပါ



ကျားသစ် နာမကြားပါ
အချိန်ကြာလှပြီ ဖြစ်သော်လည်း ယနေ့တိုင် ကျနော်ရင်ထဲမှာ စွဲစွဲထင် ရှိနေသေးတဲ့ တောင်အာဖရိကမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စာပေသူရဲကောင်းတွေရဲ့ စာပေလှုပ်ရှားမှု ၊ စာပေနဲ့တိုက်ပွဲဝင်ခဲ့မှုတွေထဲက ရေပန်းစားခဲ့ပြီး လက်တွေ့ ဆန်ဆန် တင်ပြခဲဘူးတဲ့ ပုံပြင်လေးတပုဒ်အထင်ရှားရှိခဲ့ပါတယ်၊ အဲဒီပုံပြင်လေးက ယနေ့ ကျနော်တို့ မြန်မာပြည်က နေပြည်တော် အမယ်ဇုံတောနက်ကြီးထဲကို ရောက်သွားတော့မယ့် သူတွေနဲ့ ကိုက်ညီနေမလားလို့ စဉ်းစားမိပြီး ကျားသစ်နားမကြားပါ ဆိုတဲ့ အာဖရိက မှ နိုင်ငံရေး ပုံပြင်လေးကို ဝေငှချင်လို့ ထပ်ဆင့်တင်ပြပါရစေ..........
 ပုံပြင်လေးကဒီလိုပါ.............
 
 
      တောင်အာဖရိက မှာရှိတဲ့ ကိတ်တောင်းလိုခေါ်ကြတဲ့ ကိတ်မြို့မှာ တယေားထိုးတာအလွန်တော် အလွန်ကောင်းတဲ့ တယောသူမလေး အာဆန်ကေး တယောက်ရှိတယ် ၊ တယောသူမလေးက တယေားထိုးရာမှာ တယောသံစီးမျောသွားမှုက အလွန်ကောင်း အလွန်ငြိမ့်ညောင်းလွန်းလှတာကြောင့် အာဆန်ကေးရဲ့ တယောထိုးသံကို ကိတ်မြို့မှာနေထိုင်နေကြသူတွေဖြစ်တဲ့ လူကြီး လူငယ် အားလုံးက အာဆန်ကေးတယောသံကို နှစ်နှစ်ကားကားခုံမင်ကြပြီး အာဆန်ကေး တယေားထိုးကောင်းပုံ အာဆန်ကေးရဲ့ နူးညံ့ညင်သာသောလက်ချောင်းလေးများက တယေားရဲ့ လက်တံပေါ်မှာ ဂွမ်းလုံးလေးတွေသဖွယ် ဖွဖွရွရွလေး ရွေ.လျား လူးလားလိမ့်တက်ဖြစ်နေကြပုံ စသဖြစ် နေစဉ်နဲ့အမျှ ချီးကျူးထေားပနာပြုနေကြတယ်၊ တယေားသူမလေးအာဆန်ကေးကလည်း မကြာမကြာ ကိတ်မြိုရဲအထင်ကရအပန်းဖြေရာပန်းခြံကြီးဖြစ်တဲ့ဆာဖါရီပန်းခြံထဲကိုလာပြီးတယေားထိုးအပန်းဖြေလေ့ရှိတတ်တာမို့သူမပန်းခြံထဲကိုလာလေ့လာထရှိတတ်တဲ့ရက်တွေကိုမှတ်ထားကြပြီး လူပရိသတ်ထောင်ပေါင်းများစွာကလည်း ဆာဖါရှီပန်းခြံကြီးဆီကို စုရုံးရောက်လာကြကာ အာဆန်ကေးရဲ့ တယေားသံကို နှစ်နှစ်ခြိုက်ခြိုက်နားထောင်ကြပြီး အိပ်မေားကျသွားသူ အမူးအမော် ရင်တုန်  ပန်းတုန် ဖြစ်တတ်သူတွေလည်း နှံလုံးခုန်မှန်လာပြီး အေးချမ်းမှုရနေကြသတဲ့၊ တယေားသံလေးကို အားပေးကြတဲ့ပရိသတ်တွေကလည်း အာဆန်ကေးလို တယေားထိုးကျွမ်းကျင်သူ တယောပညာတတ်ကျွမ်းသူ တယောက်တလေမှ ဤကမ္ဘာမှာ မရှိတော့ဘူးဟု အားပေးချီးကျူးကြပြီး ပညာရှင် အာဆန်ကေးဟု အသိမှတ်ပြုကြလေသည်။
ပရိသတ်များချီးကျူးကြသည့်အတိုင်းတယောသူမလေးအာဆန်ကေးကိုယ်တိုင်လည်းသူမသည်တယောအလွန်
ထိုးကောင်းသော ပညာရှင်ဟု သူမကိုယ်သူမသိနေသည်၊ သို့သော် တနေ့၌ သူမကိုယ်တိုင် လူအများကြားဝယ် တယောထိုးအပမ်းဖြေနေရသည်ကိုငြီးငွေ.လာပြီး စဉ်းစားနေသည်၊ နောက်ဆုံးတွင် သူမဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချလိုက်သည်မှာ သူမအနေဖြင့် ယဉ်ကျေးနေပြီးသော လူပရိသတ်များကို တယေားထိုးပြနေ၍ မည်မျှပိုပြီး ထူးခြားလာမည်မဟုတ်ပါ။ မယဉ်ကြေးသေးသော ဂီတအနုပညာ၏ သိမ်မွေ.မှုကိုမခံစားဘူးသေးသော ပတ်ဝန်းကျင် အသိုင်းဝိုင်းတခုတွင်သွားရောက်နေထိုင်၍တယောထိုးပြီး သိမ်မွေ.နူးညံ့လာအောင် ပြုလုပ်ရလျှင်ပိုကောင်းမည်ဟုတွေးမိကာ သူမတယောထိုးနေလေ့ရှိသော ဆာဖါရီ ပန်းခြံကြီးထဲသို့ သွားပြီး သူမ၏ ပရိသတ်များကို သူမရွေးချယ်ထားပြီး ဆုံးဖြတ်ချက်ချထားသည့် အကြောင်းချင်းရာကို ကြေငြာခဲ့လေသည်။


သူမအနေဖြင့်ယခုကဲ့သို့သူမ၏အကြောင်းနှင့်သူမ၏တယာလက်သံတို့အားသိပြီးသားလူအများအတွက်တယောဖြင့ှ် ဖျော်ဖြေပေးနေ
ရသည်ကိုငြီးငွေလာကြောင်း၊ သူမ၏ တယေားလက်သံကို တခါမှ မကြားဘူး မသိဘူးသေးသော ဒေသဝန်းကျင်တွင်သွားရောက်၍ တယေားထိုးပြချင်ကြောင်း၊သူမသွားလိုသောဒေသမှာအာဖရိကတိုက်ကြီး၏အလယ်တွင်ရှိသောအမယ်ဇုံတောနက်ကြီးဖြစ်ကြောင်း၊
ထိုတောနက်ထဲတွင်အလွန်မင်ကြောက်စရာကောင်းလောက်သည့်အရိုင်းတရိစ္ဆာန်များနေထိုင်နေကြကြောင်း၊ထိုအရိုင်းတရိစ္ဆာန်များ
မှာတကောင်နှင့်တကောင်အချင်းချင်းမာန်ဖီ၍မကြာခဏတိုက်ခိုက်သတ်ဖြတ်စားသောက်လေ့ရှိကြကြောင်းသူမအနေဖြင့်ထိုကဲသို့
အန္တယ်ကြီးမားလှသောနေရာသို့စွန့်စားသွားလိုကြောင်း၊ထိုအန္တရယ်များကိုသူမအနေဖြင့်ရင်ဆိုင်ကျော်လွှား၍အရိုင်းတရိစ္ဆာန်များကို ယဉ်ပါးလာအောင်သူမ၏တယောဂီတသံဖြင့်ဆွဲဆောင်သင်ကြားပြီးယခုသူမမြင်နေရသောသူမ၏ပရိတ်သတ်များကဲ့သို့ပင်ဂီတ
၏နူးညံ့ညင်သာစွာစီးမျောမှုတွင်သိမ်မွှေ.စွာခံစားစေချင်ကြောင်းတို့ဖြစ်လေသည်။ အာဆန်ကေး၏ ကြေငြာချက်ကိုကြားသိရသောထောင်သောင်းချီပရိသတ်တို့ရင်တုန်ချောက်ချားမှုဖြစ်ကြလေသည်၊အဆန်ကေးကို
လည်းမသွားဖို့တောင်းပန်ကြသည်၊အချို့ကအပြင်းထန်ကန့်ကွက်ကြ၏။အာဆန်ကေးကတော့သူမ၏ဆုံးဖြတ်ချက်ကိုပြောင်းလဲမှုမ
လုပ်တော့ပဲအာဖရိကတိုက်၏ တောနက်ကြီးထဲသို့ တယောက်တည်း ထွက်ခွါခဲ့လေသည်။
     အာဆန်ကေးတယောက်အာဖရိက၏အမယ်ဇုံတောနက်ထဲသို့ရောက်ရှိသွားသောအခါ ထိုတောနက်၏အလည်တည့်တည့်တွင်ကြီးမားကျယ်ပြန့်သောကျောက်ဖျာကြီးကိုမြင်၍ထိုကျောက်ဖျာကြီးပေါ်မှာပင်တယောထိုးရန်
ဆုံးဖြတ်ကာ တယောထိုးလေတော့သည်။
အာဆန်ကေး၏တယောဂီတသံစီးမျောပြန်လွင့်သွားသည်နှင့်တပြိုင်တည်းမှာပင်တောနက်အတွင်းမှတရိစ္ဆာန်ပေါင်းများစွာတို့သည်အာ
ဆန်ကေးရှိရာကျောက်ဖျာကြီးဆီသို့ဦးတည်ရောက်ရှိလာကြပြီးအလွန်နူးညံ့ညင်သာလွန်းသောတယောတေးသွားကို နှစ်ခြိုက်စွာ နားထောင်ကြလေသည်၊ အာဆန်ကေးမှာလည်း တရိစ္ဆာန်များစွာတို့ ငြိမ်သက်စွာ နားထောင်နေကြသည်ကို မြင်၍ အားတက်သရောဖြစ်ပြီး ဆထက်တပိုးကြိုးစားကာ သူမ၏ တယောလက်စွမ်းကိုပြလေနေသည်။ ထိုသို့ အားသွန်ခွန်စိုက် ကြိုးစားကာ တယောထိုးနေသော အာဆန်ကေးမှာ ဘေးပတ်ဝန်းကျင်ကို သတိမမူတော့ပဲ သူမ၏ တယောသံကိုသာ ပို၍ပို၍ကောင်းအောင်ထိုးပြနေသောအချိန်ဝယ်ရုတ်ချင်းဆိုသလိုပင်ကျားသစ်အုပ်တအုပ်က အာဆန်ကေးဆီသို့ပြေးဝင်ခုန်အုပ်ကာ ကိုက်ဖဲ့ဆွဲဖြတ်စားသောက်ကြလေသည်၊ထိုကျားသစ်အုပ်တို့အာဆန်ကေးကိုသတ်ဖြတ်စားသောက်နေသည်မို့အာဆန်ကေး၏
တယောသံလည်းဆက်လက်ထွက်ပေါ်မလာတော့ပဲပျောက်ကွယ်သွားတော့သည်၊အာဆန်ကေး၏တယောဂီတသံတွင်ဈာန်ဝင်
နစ်မျောနေကြသော ကျောက်ဖျာကြီး အနီးနားမှ တရိစ္ဆာန်များစွာတို့က အာဆန်ကေး ရှိရာသို့ လှမ်းကြည့်ကြသောအခါ အာဆန်ကေးကို မြိန်ရေရှက်ရည် စားသောက်နေကြသော ကျားသစ်အုပ်ကိုမြင်ကြပြီး ဒေါသချောင်းချောင်းထွက်ကာ ဆင်ကြီးက ပြေးဝင်သွားပြီး သူ၏ တုပ်ခိုင်သောနှာမောင်းဖြင့် ကျာသစ်တို့၏ တင်ပါးဆုံကို လှမ်းပုတ်ကာ  မင်းတို့ ဘာဖြစ်လို ငါတို့မြတ်နိုးတဲ့ ပညာရှင်ကို သတ်ဖြတ်စားသောက်ရတာလဲကွဟု ဒေါသတကြီး ပြောလေသည်၊ မျောက်တို့ကလည် မခံမရပ်နိုင်ဖြစ်ပြီး ဆူညံ့စွာ အော်ဟစ် ရှုတ်ချကြသည်။ မည်သို့ပင် ပတ်ဝန်းကျင်မှ အော်ဟစ် ရှုတ်ချနေကြစေကာမူ ကျားသစ်အုပ်ကတော့ဘေးသို့ပင်လှည့်မကြည်ြ့ကပဲအာဆန်ကေးကိုသာဆက်လက်ကိုက်ဖဲ့စားသောက်မြဲစားသောက်ဝါးမျိုနေ
ကြလေသည်။ 
ထိုသို့ကျားသစ်တို့စားသောက်ကြပြီးဝမ်းဝသွားကြသောအခါ၎င်းတို့၏လျှာကြမ်းဖြင့်သွေးအလိပ်လိပ်ပေကျံနေသောနှတ်ခမ်းတို့အား
လျှက်ယူသပ်သီမ်းပြီး ဘေးပတ်ဝန်းကျင်သို့လှည့်ကြည့်လိုက်ကြရာ၎င်းတို့နံဘေးတွင်မြင်တွေ့ရသောတရိစ္ဆာန်အပေါင်းတို့အားတညီ
တညွတ်တည်းပြောလိုက်သည်မှာ 
‘‘မင်းတို့ပါစပ်ကဘာတွေပွစိပွစိလုပ်နေကြတာလည်း၊ပွင့်ပွင့်လင်းလင်းကျယ်ကျယ်လောင်လောင်နဲ့ငါတို့ကြားအောင်ပြောကြလေ၊
ငါတို့ကနားမကြားကြဘူးကွ‘‘ ဟုပြောဆိုကာ တောနက်ထဲသို့ ပြေးဝင်ပျောက်ကွယ်သွားကြတော့သည်။

ဝန်ခံချက်၊။  ။ Deaf Leopard in Africa ကို သင့်တော်သလို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

အောင်နိုင်ထွေး

မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် ဒါရိုက်တာ

Sunday, April 29, 2012

Water Shortage In Trouble ရေဘေးဒုက္ခ



ရေဘေးဒုက္ခ

ရန်ကုန်တိုင်းဒေသကြီးဒဂုံဆိပ်ကမ်းမြို.နယ်အတွင်းသောက်သုံးရေရရှိရန်အခက်အခဲများနှင်.
ရင်ဆိုင်နေကြရသည်။လျှပ်စစ်မီးပုံမှန်မရရှိသည်.အတွက်သောက်ရေသုံးရေးရရှိနိုင်ရန်အတွက်ခက်ခဲမှုများနှင်.ရင်ဆိုင်နေကြ၇ခြင်းဖြစ်သည်။
သောက်သုံးရေကိုရွှေထက်ပင် တန်ဖိုးထားရှွာေနေရသောအခြေနေသို့ရောက်၇ှိနေသည်။
သောက်ရေအားအချိန်သက်မှတ်ချက်ဖြင်.ပေးဝေနေသောကြောင့် လဲဖြစ်သည်ဟု အများပြည်သူများဆိုသည်။ ရေပေးဝေချိန်တွင်လျှပ်စစ်မီးမလာခြင်း လျှပ်စစ်မီးလာပြန်သောအချိန်တွင်ရေပေးဝေချိန်နောက်ကျနေသောကြောင်.
အများပြည်သူများအနေနှင်.ရေပြတ်လပ်မှုနှင့်နေ.စဉ်ဆိုသလိုခံစားနေကြရပါသည်။

တိုင်းပြည်တ၀န်းလုံးပြောင်းလွဲမှုများကိုတဆင်.ပြီးတဆင့်ဒီမိုကရေစီစနစ်သိုပြုပြင်ပြောင်းလွဲနေချိန်
ဝယ်ယခုကဲ.သို.သောပြည်သူများအခက်အခဲအားပြေလည်မှုရရှိနိုင်ရန်သက်ဆိုင်ရာဒေသအာဏာပိုင်
များအနေနှင်. ရေအခက်ကြဲုနေရသော ကိစ္စအကို ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများမှ အရေးပေါ်လိုအပ်ချက်အနေဖြင့် ဖြေရှင်းပေးရန် လိုလားနေကြသည်
 
   မြန်မာပြည်ဖွံ့ဖြိုးတို.တက်ရေးကွန်ယက်
 BURMA DEVELOPMENT NETWORK (BDN)
  မှတ်ချက်၊
ကျနော်တို့တင်ပြသောဓါတ်ပုံနှင့်စာသားများကိုအသုံးပြုလိုပါကကျနော်တို့ကွန်ယက်မှ ခွင့်ပြုချက်ကိုတောင်းခံရမည်။ 
ဆက်သွယ်ရန်
ကိုအောင်နိုင်ထွေး  630 456 6517 (အမေရိကန်ပြည်ထောင်စု)