Thursday, June 7, 2012

5000 Kyat value Phone comming soon

ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးလွင်နိုင်ဦး
၅ဝဝဝ ကျပ်တန်ဖုန်း ဖြစ်ပေါ်ရေးအတွက် ဇွန်လမှစ၍ အကောင် အထည်ဖော်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လေလှိုင်း လွတ်လပ်ခွင့်ရရှိရေး ကြိုးပမ်းနေသူ ရန်ကုန်အခြေစိုက် ရွှေပြည်တံခွန် ကုမ္ပဏီမှ ဦးလွင်နိုင်ဦးက ၂ဝ၁၂ ဇွန်လ ၄ ရက်နေ့၌့ ပြောခဲ့သည်။

““ပြည်သူလူထုဗဟိုပြု လူမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု””ဟူသော သမ္မတကြီးမိန့်ဆိုခဲ့သည့် အတိုင်း အများပြည်သူများ သက်သက်သာသာနှင့် အသုံးပြုနိုင်ရေး၊ ဆက်သွယ်ရေးအားဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းပြည်အတွင်း ဆင်းရဲမှုများ လျော့ကျစေရေး တို့အတွက် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရဘက်မှ စီမံကိန်းကို ခွင့်ပြုလိုက်မည်ဆိုပါက တောင်ပေါ်ဒေသများ၊ နယ်စပ်ဒေသများ၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်တို့တွင် ဦးစားပေး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးလွင်နိုင်ဦးက ပြောခဲ့သည်။

၅ဝဝဝ တန်ဖုန်းစီမံကိန်းကို ၅ နှစ်စီမံကိန်းအဖြစ် စီစဉ်ခဲ့သော်လည်း ၂ သိန်းတန်ဖုန်းကိစ္စ ပေါ်ပေါက်လာသည့်အတွက် နောက်ဆုတ်ပေးခဲ့ရာမှ ယခုအခါတွင် ၂ သိန်းတန် ဖုန်းကိစ္စသည် အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည့်အတွက် ၅ဝဝဝ တန်ဖုန်း ဖြစ်ပေါ်လာရန် ယခု ဇွန်လမှစ၍ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု ၅ဝဝဝ တန်ဖုန်းလိုင်းကို မြန်မာ့ ဆက်သွယ်ရေးလိုင်းနှင့် ဆက်စပ်မှုမရှိဘဲ သီးသန့်လိုင်းအဖြစ် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၅ဝဝဝ တန်ဖုန်းသည် GSM၊ CDMA၊ WCDMAတို့နှင့် ချိတ်ဆက်ပြောဆိုနိုင်မည် ဖြစ်ကြောင်း၊ သို့ပါ၍ ယခုဖုန်း ပေါ်ပေါက်လာသည့်အတွက် ဖုန်းလိုင်းများ ကျပ်ခြင်းအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း၊ ယင်းဖုန်းစနစ်တွင် UMTS စနစ်မျိုး ပါဝင်သည့် 3G၊ LTE နှင့် 4G စနစ်များကို ထည့်သွင်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အင်တာနက်လိုင်းကို မြန်မာ့ဆက်သွယ်ရေးဌာနက ယူဆောင်ထားသော ဖျာပုံမြို့ဘက်မှ ယူဆောင်ခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ် ဟာခုရွာမှ ၁၁၄ ကီလိုမီတာ ကွာဝေးသော ဘင်္ဂလားဒေ့ရှ် UKHIA ဘက်မှ လိုင်းဆွဲယူနိုင်ရန် စင်္ကာပူနိုင်ငံမှ ပညာရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

၅ဝဝဝ ကျပ်တန်ဖုန်း ဖြစ်ပေါ်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြေခံသဘော ဆွေးနွေးမှုများတွင် သဘောတူညီမှုများ ရရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုပြုလုပ် ဆောင်ရွက်နေသည့် စီမံကိန်းတွင် ကုမ္ပဏီ ၆ ခုနှင့် မြန်မာ့ဆက်သွယ်ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက် ကြိုးပမ်းနိုင်သွားမည် ဖြစ်ကြောင်း၊ ယင်း ကုမ္ပဏီ ၆ ခု တွင် အမေရိကန်နိုင်ငံမှ အိုင်ဘီပီ အတိုင်ပင်ခံကုမ္ပဏီ တစ်ခုလည်း ပါဝင်ကြောင်း၊ ဆက် သွယ်ရေး နည်းပညာရှင်များကို အမေရိကန်နိုင်ငံမှ ပညာရှင်များ ခေါ်ယူ၍ မြန်မာတို့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယင်းသို့ ဆောင်ရွက်သွားမည့် အစီအစဉ်များအား ပြည်သူတို့ သိရှိစေ နိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲများကို မကြာခဏ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု ဇွန်လတွင်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ သတင်းစာဆရာ၊ ဆရာမများအား ခေါ်ယူရှင်းလင်း အသိပေး သွားမည်ဖြစ်ကြောင်း၊ တယ်လီဖုန်း ရင်းနှီးမြှုပ်နှံမှုများကို နှစ်တိုစီမံကိန်းအနေဖြင့် မပြုလုပ်ဘဲ လျှပ်စစ်နှင့် ရေအားကဲ့သို့ နှစ်ရှည်စီမံကိန်း တစ်ရပ်အနေနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး ကောင်းမွန်ပါက အစစအရာရာ အဆင်ပြေ ချောမွေ့သွားနိုင်မည်ဖြစ်ကြောင်း ရွှေပြည်တံခွန်မှ ဦးလွင်နိုင်ဦးက ဆက်လက်ပြောပါသည်။

Chinese Pipeline Decays Farmers' Future In Burma(Myanmar)




ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံသို့ သွယ်တန်းဖောက်လုပ်နေသည့် ရေနံ နှင့် ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ အနီးရှိ လယ်မြေများအား ယခုနှစ်တွင် စိုက်ပျိုး လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း ဒေသခံ လယ်သမားတို့က ပြောသည်။

အငြင်းပွားဖွယ် ပိုက်လိုင်းတည်ဆောက်ရေးစီမံကိန်းကြောင့် လယ်ဧက ရာနှင့်ချီ မြေဖို့ခံထားရသည်ဟု သိရသည်။

“ပိုက်လိုင်းဘေးမှာ စုပုံထားတဲ့ မြေပုံကြီးက လယ်ကွက်ထဲကို မိုးရေတွေနဲ့အတူ ပြိုကျသွားတော့ လယ်ကွက်က ထွန်စရာမြေ မရှိတော့ဘူး၊ ကုမ္ပဏီကို ပြောတော့လည်း သူတို့ တာဝန် မယူနိုင်ဘူးပဲ ပြောတယ်” ဟု ပျားတဲကျေးရွာမှ လယ်သမားတဦးက ပြောသည်။

ကပ်သပြေ၊ စစ်တော၊ မလာကျွန်း၊ ပျားတဲ စသည့် ကျေးရွာများမှ လယ်သမား ၇၀ ၀န်းကျင်၏ လယ်မြေများ မြေဖို့ခံလိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းကို ပါရမီ ကုမ္ပဏီ နှင့် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီတခုတို့ တာဝန်ယူ လုပ်ဆောင်နေကြောင်း လယ်သမားများက  ပြောသည်။

“ပိုက်လိုင်းတွေကို မြေကြီးပေါ်မှာ ဒီအတိုင်း သွယ်တန်းထားတဲ့ အတွက် နွားတွေ၊ ကျွဲတွေရော လူတွေပါ လမ်းဖြတ်ကူးမရဘူး။ ဖြတ်လို့ရတဲ့ နေရာက ပတ်သွားနေရတော့ ၅ မိနစ်နဲ့ ရောက်မယ့် ခရီးကို တနာရီလောက် ကြာတယ်” ဟု ပျားတဲ ဒေသခံက ဆက်ပြောသည်။

ထိုဒေသရှိ ကပြိန်ချောင်း တာတမံသည် ပိုက်လိုင်း ဖြတ်သန်းသည့် လမ်းကြောင်း၌ ပါဝင်သွား၍ တာရိုး ကျိုးသွားကြောင်း၊ လျော်ကြေးတချို့ ရရှိသော်လည်း တာရိုး ပြန်လည်တည်ဆောက်ရန် ငွေကြေး မတတ်နိုင်သည့် အတွက် ယခုနှစ်တွင် ကပြိန်ချောင်းအနီးရှိ လယ်ဧက ၁,၀၀၀ ၀န်းကျင်တွင် လုပ်ငန်းခွင် ၀င်နိုင်ကြမည် မဟုတ်တော့ကြောင်း သိရသည်။

ပိုက်လိုင်းစီမံကိန်းကြောင့် လယ်မြေ အသိမ်းခံရမှု၊ လယ်မြေ ဖျက်ဆီးခံရမှုတို့နှင့် ရင်ဆိုင်ခဲ့ရသည့် ဒေသခံတို့က အာဏာပိုင်များ နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) တို့ထံ တိုင်ကြားထားသော်လည်း ထိရောက်စွာ ဖြေရှင်းပေးမှုများ မတွေ့ရကြောင်း လယ်သမားများက ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း တည်ဆောက်နေသည့် ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ရေနံသိုလှောင်ကန်၊ ဂက်စ်သန့်စင် စက်ရုံ စသည့် စီမံကိန်းများကို တရုတ်နိုင်ငံမှ China National Petroleum Corporation (CNPC) က ဦးဆောင် တည်ဆောက်နေ ပြီး တရုတ်လူမျိုး ၀န်ထမ်း ၅၀၀ နှင့်တခြား ၀န်ထမ်း ၄၀၀ ၀န်းကျင် တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။


Daw Suu plans on trip



ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်က ၎င်းရရှိခဲ့သည့် နိုဘဲလ်ဆုကို နှင်းအပ်မည့် အခမ်းအနားသို့ ကြိုတင်စာရင်း ပေးသွင်းထားသူ မြန်မာများ တက်ရောက်ခွင့် ရမည်/  နိုဘဲလ်ဆု နှင်းအပ်ပွဲကို လာမည့် ဇွန်လ ၁၆ ရက်နေ့တွင် နော်ဝေးနိုင်ငံ မြို့တော် အော်စလိုတွင် ကျင်းပမည် /

“ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ဆုချီးမြှင့်မယ့် မြို့တော်ခမ်းမမှာ ထိုင်ခုံပေါင်း ၉၇၀ လောက် ရှိတော့ နော်ဝေးနိုင်ငံ ပြင်ပက လျှောက်ထားတဲ့ မြန်မာတွေ အပါအ၀င် နော်ဝေးက မြန်မာနိုင်ငံသား တော်တော်များများ အခမ်းအနား တက်ရောက်နိုင်မယ့် အကြောင်း နိုဘဲလ်ဆု ရွေးချယ်ရေး ကော်မတီဝင် တယောက်က ပြောပါတယ်။ဖိတ်စာတွေ စပြီး ပို့နေပြီလို့လည်း ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုရေး ကော်မတီဝင် ဦးကျော်သွင်က ပြောသည်။

နိုဘဲလ် ဆုပေးပွဲ အခမ်းအနားအပြီး ညနေ ၃ နာရီခွဲတွင် အော်စလို ဆိပ်ကမ်းအနီးရှိ နိုဘဲလ်ငြိမ်းချမ်းရေး စင်တာတွင်
ဒေါ်အောင်ဆန်းစုကြည်က နော်ဝေးအပါအ၀င် ဆွီဒင်၊ ဒိန်းမတ်၊ ဂျာမနီ၊ အင်္ဂလန်နှင့် အမေရိကားနိုင်ငံ အသီးသီးမှ
လာရောက်မည့် မြန်မာများနှင့် မီဒီယာသမားများအား ၄၅ မိနစ်ကြာ တွေ့ဆုံ စကားပြောမည်/

မြန်မာများနှင့် သီးသန့်တွေ့ဆုံအပြီး ညနေပိုင်းတွင် ဆုပေးပွဲ အခမ်းအနား ကျင်းပမည့် မြို့တော် ခမ်းမရှေ့တွင် လာရောက် နှုတ်ဆက်မည့် လူထုအား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

နော်ဝေးနိုင်ငံ ဘုရင်နှင့် တော်ဝင်မိသားစု တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား နိုဘဲလ်ဆု ချီးမြှင့်မည့် ပွဲသည် နိုဘဲလ်ဆု ချီးမြှင့်ခဲ့သည့် သမိုင်းတွင် တကြိမ်မှ မရှိခဲ့ဘူးသော လူတဦးတည်းအား ဒုတိယ အကြိမ် ဆုချီးမြှင့်သည့် အခမ်းအနားတခုဖြစ်သည်။ ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို နေအိမ်အကျယ်ချုပ် ကျခံနေရသူအား ချီးမြှင့်ခဲ့သည်မှာလည်း နိုဘဲလ်ဆု ချီးမြှင့်ရေးသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏
ခင်ပွန်း မိုက်ကယ်လ်အဲရစ် (၁၉၉၉ တွင် ကွယ်လွန်) နှင့် သား ၂ ဦးတို့က ဆု လက်ခံရယူခဲ့သည်။

နိုဘဲလ်ဆု ချီးမြှင့်သည့် အခမ်းအနားကို နော်ဝေးနိုင်ငံတွင် အလွန်ချမ်းအေးလှသည့် ဒီဇင်ဘာလ၌သာ ကျင်းပလေ့ ရှိသော်လည်း ယခု အခမ်းအနားကိုမူ ၁၉၉၁ ခုနှစ်က အခမ်းအနားသို့ ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် အနေဖြင့် ရာသီဥတု ကောင်းမွန်လှပသော ဥရောပ၏ နွေရာသီတွင် သီးသန့် ကျင်းပခြင်း ဖြစ်သည်။

နိုဘဲလ်ဆု လက်ခံအပြီး နောက်တနေ့ ဇွန် ၁၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုများအနက် ပထမဆုံး ချီးမြှင့်ခံရသည့် ဆုဖြစ်သော ရပ်ဖ်တို လူ့အခွင့်အရေး ဆုရွေးချယ်ရေးအဖွဲ့ အခြေစိုက်ရာ နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့သို့ သွားရောက်၍ ဆုလက်ခံမည်ဟု သိရသည်။

၎င်းသည် ဘာဂင်မြို့ရှိ သော်ရိုးရပ်ဖ်တို အဆောက်အဦးအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်ခန်းမ၊ သုတေသနနှင့် ယဉ်ကျးမှု ဆိုင်ရာများ၊ ရပ်ဖ်တိုဆုနှင့် ပတ်သက်သော အကြောင်းအရာ များကို လေ့လာကြည့်ရှုမည့် အပြင် ကြိုတင်ဖိတ်ကြားထားသည့် စီးပွားရေး၊ သုသေသနနှင့် ပညာရေး နယ်ပယ် အသီးသီးရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစကားပြောမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ခန်းမတွင် နိုင်ငံတကာရောက် မြန်မာများ၏ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ရေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှု ဓာတ်ပုံများ၊ မြန်မာပြည်သူများ၊ သံဃာတော်များ၏ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သည့် မှတ်တမ်း ဓာတ်ပုံများနှင့် မြန်မာပြည်ဆိုင်ရာ စာအုပ်များ၊ မြန်မာ့အနုပညာ ပစ္စည်းများ ပြသထားကြောင်း ဘာဂင်မြို့နေ ကိုကျော်ထင်က ပြောသည်။

“ကျနော်တို့ ဘာဂင်မြို့က မြန်မာတွေနဲ့ ၄၅ မိနစ် တွေ့ဆုံ စကားပြောဖို့ အချိန်ရမယ်၊ အမေးအဖြေတွေ အတွက်လည်း စီစဉ်ထားပါတယ်။ တိုင်းရင်းသားတွေက လက်ဆောင် ပေးလိမ့်မယ်။ ပန်းကုံးစွပ်တာ၊ ပန်းခြင်းပေးတာတွေ လုပ်မယ်၊ ပြီးတော့ ညနေပိုင်းမှာ ကျောက်တုံးပြာ (Blue Stone) ကြီးရှိတဲ့ မြို့လယ် အပန်းဖြေကွင်းပြင်မှာ ဘာဂင်မြို့သား အားလုံးနဲ့ စုစည်းပြီး လူထုဟောပြောပွဲ တခုလုပ်မယ်” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နော်ဝေးခရီးစဉ် တခုလုံးတွင် အချိန်မရသောကြောင့် မူလက စိတ်ကူးထားသည့် မြန်မာနိုင်ငံသားများ၏ ရိုးရာအဆိုအက ဖျော်ဖြေရေး အစီအစဉ်များ မလုပ်နိုင်တော့ကြောင်း သူက ဆက်ပြောသည်။

သို့သော်ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာအသိုင်းအဝန်းကမူ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ဆိုင်းဝိုင်း အပါအ၀င် အဆိုအကများနှင့် ဧည့်ခံမည့် အစီအစဉ်ရှိကြောင်း သိရသည်။

“လန်ဒန်မှာ အကြီးဆုံး လူ ၂၅၀၀ ဆံ့တဲ့ နာမည်ကြီး Royal Festival ခမ်းမကြီးကို ငှားထားတယ်။ တယောက်ကို စတာလင် ၁၀ ပေါင်နဲ့ လက်မှတ်ရောင်းမယ်။ ရန်ကုန်က ရောက်နေတဲ့ ဆိုင်းဆရာ ရွာစားကျော် သီရိမောင်မောင် ရဲ့ဆိုင်းအဖွဲ့က ဧည့်ခံတီးလုံးတွေ တီးပေးမယ်။ အဆိုတော် ဒေါ်မာမာအေးကသီချင်းတွေဆိုမယ်။တိုင်းရင်းသား အကတွေ လည်းပါမယ်။လူရွှင်တော် ကိုဇာဂနာနဲ့ ပန်းချီထိန်လင်းက အခမ်းအနားရဲ့ အစီအစဉ်မှူးတွေ လုပ်မယ်” ဟု လန်ဒန်ရှိ ကြိုဆိုရေး အလုပ်အဖွဲ့ဝင် ကိုမောင်မောင်အောင်က ပြောသည်။

ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာများကို နှုတ်ခွန်းဆက် စကားပြောဆိုမည် ဖြစ်ပြီး သူ့အား ဖိတ်ကြားထားသည့် BBC အသံလွှင့်ဌာနသို့ သွားရောက်မည်ဟု သိရသည်။

လန်ဒန်တွင် ကျင်းပမည့် အစီအစဉ်၌ လက်မှတ်ရောင်းရငွေ တချို့ကို အခန်းငှားရမ်းခ ပေးချေမည် ဖြစ်ပြီး ပိုငွေနှင့် အလှူငွေများအား ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းစေလိုသည့် နေရာများသို့ လှုဒါန်းမည့် အစီအစဉ် ပါဝင်မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့ တက္ကသိုလ်မှ ချီးမြှင့်သည့် ဒေါက်တာဘွဲ့ကို လက်ခံယူကာ စကားပြောခြင်းနှင့် ဗြိတိန်ပါလီမန်၌ မိန့်ခွန်းပြောမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆွီဒင်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ် ဥရောပ ၅ နိုင်ငံ ခရီးစဉ်သည် ဇွန်လ ၁၄ ရက်မှ၂၇ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်သည်။


Nga Min Shwe has to take hunger strike for sanctionငါးမင်းဆွေ) ရေးသားထားတဲ့ “NLD ရုံးချုပ်ရှေ့တွင် အစာငတ်ခံ ဆန္ဒ ဖော်ထုတ်သွားပါမည်



ဦးမင်းဆွေ (ငါးမင်းဆွေ) ရေးသားထားတဲ့ “NLD ရုံးချုပ်ရှေ့တွင် အစာငတ်ခံ ဆန္ဒ ဖော်ထုတ်သွားပါမည်“ ခေါင်းစဉ်ပါ စာတစောင်ကို ရန်ကုန်မြို့၊ လှည်းတန်းမီးပွိုင့်တွင် ၂၀၁၂ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းက လိုက်လံ ဝေငှနေကြောင်း သိရပါတယ်။ ယနေ့မြန်မာက ရရှိတဲ့ ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငါးမင်းဆွေကို တွေ့ဆုံ ဆွေးနွေးရန်၊ ဒါမှမဟုတ် ငါးမင်းဆွေကို တရားစွဲဆိုရန် တောင်းဆိုပြီး ထိုသို့ မပြုလုပ်ပါက ငါးမင်းဆွေအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ၂၀၁၂ သြဂုတ်လအတွင်း အစာငတ်ခံ ဆန္ဒ ဖော်ထုတ်မှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ထိုစာကို လက်ခံရရှိသူက “၃၊ ၆၊ ၁၂ တနင်္ဂနွေနေ့ မနက်က လှည်းတန်းမီးပွိုင့်တွင် ဦးလေးကြီးတစ်ယောက် စာများ လိုက်ဝေနေပါသည်။ စာတွေ့လျှင် မဖတ်ဘဲ မနေနိုင်သော ကျနော့်ဝါသနာအရ တောင်းယူမိပါသည်။ ထိုစာကို ဖတ်ပြီးသည့်အချိန်မှ စပြီး ခုချိန်ထိအောင် စာ အဆိပ်သင့် ဖြစ်နေရသည်။“ လို့ အစချီ ရေးသားကာ အီးမေးလ်မှတဆင့် ငါးမင်းဆွေရဲ့စာကို ပို့လိုက်ခြင်း ဖြစ်ပါတယ်။

ငါးမင်းဆွေရဲ့ စာတွင် “စီးပွားရေး ပိတ်ဆို့မှုဟာ အကြပ်ကိုင် အကြမ်းဖက်မှု ဖြစ်ကြောင်း၊ ထောက်ခံ အားပေးသူဟာ အမျိုးသား သစ္စာဖောက် ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့ရန် တောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မိမိအမှားကို ၀န်ချတောင်းပန်ရန်၊ ပြုပြင်ရန်၊ စီးပွားရေး ပိတ်ဆို့မှုဟာ အမျိုးသား အကျိုးစီးပွားကို ထိခိုက်မှု မရှိ၊ တောင်းဆိုခဲ့ခြင်း မဟုတ်လို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က ငါးမင်းဆွေကို တရားစွဲဆိုရန် ရေးသားထားတဲ့ စာကို ၂၀၁၂ မေ ၁၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ် စာပေးစာယူကောင်တာတွင် ပေးပို့ခဲ့ကြောင်း၊ သို့သော် စာ ပေးပို့ပြီး ၂၃ ရက် ကြာတဲ့တိုင် အကြောင်းမထူးခဲ့ကြောင်း“ အစချီ ရေးသားထားပါတယ်။

ထို့အပြင် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုတဲ့ စီးပွားရေး ကုမ္ပဏီကြီးများအနေနဲ့ သတိထား ဆင်ခြင် သုံးသပ် ရင်းနှီး မြှုပ်နှံသင့်ကြောင်း၊ မြန်မာလူငယ်များ အလုပ်လက်မဲ့ ဖြစ်နေပြီး ချိန်ကိုက်ဗုံးလို ပေါက်ကွဲလာမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ရေးသားထားပြီး ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ မလာရောက်ပါက လူငယ်များ အလုပ်လက်မဲ့ ဖြစ်ကာ ချိန်ကိုက်ဗုံးကြီးတလုံး ပေါက်ကွဲသလို ဆူပူ အကြမ်းဖက် သွေးထွက်သံယိုမှုများ ဖြစ်ပေါ်လာမှာကို သိလျက် ပြည်ပကုမ္ပဏီများ သတိထား ဆင်ခြင် သုံးသပ် ရင်းနှီး မြှုပ်နှံသင့်ကြောင်း ပြောကြားခြင်းဟာ နိုင်ငံနဲ့ လူမျိုးပေါ် ရက်စက်ရာ ရောက်ကြောင်း ထပ်ပြီး ရေးသားထားပါတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံသားများ အလုပ်လက်မဲ့ဖြစ်ပြီး ဆူပူ အကြမ်းဖက်မှု ဖြစ်စေရန် ရည်ရွယ်ပြီး စီးပွားရေး ပိတ်ဆို့မှု တောင်းဆိုတာကြောင့် အလုပ်လက်မဲ့ မြန်မာပြည်သူ သိန်းသန်းချီပြီး ထိုင်း၊ မလေးရှားနိုင်ငံများကို ရောက်သွားခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပက်စက်တဲ့အကြံ မအောင်မြင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံ ကယ်တင်ရှင်တစ်ဦးအနေနဲ့ အယောင်ဆောင်ကာ အရှက်တရား ကင်းမဲ့စွာ သွားရောက်ခဲ့ကြောင်း ရေးထားပါတယ်။

ဒ့ါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငါးမင်းဆွေကို တွေ့ဆုံ ဆွေးနွေးရန်၊ ဒါမှမဟုတ် ငါးမင်းဆွေကို တရားစွဲဆိုရန် တောင်းဆိုပြီး ထိုသို့ မပြုလုပ်ပါက ငါးမင်းဆွေအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ၂၀၁၂ သြဂုတ်လအတွင်း အစာငတ်ခံ ဆန္ဒ ဖော်ထုတ်မှာဖြစ်ကြောင်း စာရဲ့ နိဂုံးပိုင်းတွင် အဆုံးသတ် ရေးသားထားပါတယ်။

ငါးမင်းဆွေရဲ့ စာအကြောင်း သိလိုက်ရတဲ့ နယူးယောက်နေ မြန်မာအိမ်ရှင်မတဦးက “အစာငတ်ခံ ဆန္ဒပြတာတွေက ရိုးလွန်းပါတယ်။ ငါးမင်းဆွေအနေနဲ့ သူ့တောင်းဆိုချက်ကို ပိုမို လေးနက်အောင် ကိုယ့်ကိုယ်ကိုယ် ဓါတ်ဆီလောင်း၊ မီးရှို့ဖို့ အကြံပေးလိုပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက နယူးယောက်မှာ မြန်မာ့အရေးအတွက် ကိုယ့်ကိုယ်ကိုယ် ဓါတ်ဆီလောင်း မီးရှို့ပြီး ဆန္ဒပြမယ်လို့ လူတစ်ယောက်က ပြောဘူးတယ်။ အဲဒီလူလည်း အခုတော့ ဘယ်ရောက်သွားမှန်း မသိဘူး။ အဲဒီလို ပြောပြီး ပျောက်သွားသူရဲ့ ဆန္ဒလည်း အကောင်အထည်ဖော်အောင်၊ စိတ်ဝင်စားမှုလည်း ပိုရအောင် ငါးမင်းဆွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဓါတ်ဆီလောင်းပြီး မီးရှို့လိုက်ပါ။“ လို့ သူ့အမြင်ကို ပြောပြပါတယ်။

(ဒီမိုဝေယံရဲ့သတင်းကို မြင့်လှိုင် ဖြည့်စွက် ရေးသားပါတယ်။)

Saturday, June 2, 2012

Aung San Suu Kyi worried about US and China jostling over Burma ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နှင့် တရုတ်တို့ မြန်မာပြည်ပေါ်ဝယ် စီးချင်းထိုးနေကြမည့် အရေး စိုးရိမ်ကြောင်းကျ


 
Ms Suu Kyi appealed to investors to think not just of the money they would make, but to consider how they could best help the Burmese people.
ဒေါ်အောင်ဆန်စုကြည်က ရင်းနှီးမြုပ်နှံကြမည့်သူများကို မိမိတို့ငွေအကျိုးမြတ်ဘယ်လောက်ရရှိမှာကို မစဉ်းစားပဲ မြန်မာပြည်သူများအပေါ်မည်သို့ အကောင်းဆုံးကူညီဆောင်ရွက်နိုင်မည်ဆိုတာ ကို ဦးစားပေးစဉ်းစားသင့်ကြောင်း မေတ္တာရပ်ခံ လိုက်သည်။
She underlined the need to help eradicate corruption and inequality.
ဒေါ်စုက မညီမျှမှုနှင့် အဂတိလိုက်စားမှုတွေကို ပပျောက်အောင် ကူညီကြဖို့ တကယ်လိုအပ်ကြောင်း အဓိက ရည်ညွန်းထောက်ပြသည်။
 
Ms Suu Kyi said she was worried about two superpowers jostling for position over her country.
ဒေါ်အောင်ဆန်းစုကြည်ကပင် သူမ၏တိုင်ပြည်ပေါ်ဝယ် မဟာအင်အားကြီးနိုင်ငံများက အသာစီးနေရာရရှိရေးအတွက် စီးချင်းထိုးနေကြမည့်အရေးကိုလည်း စိုးရိမ်နေကြောင်းပြောဆိုခဲ့သည်။
"A lot of people are talking now about what the position of Burma will be now that we are starting to engage ... more with the United States and how it will affect our relations with China," she told reporters.
 
ဒေါ်အောင်ဆန်းစုကြည်က အခုလူတော်တော်များများ ပြောနေကြတဲ့အနေထားအရ ကျမတို့က အမေရိကန်ပြည်ထောင်စုနှင့် ပိုပြီး ဆက်ဆံပေါင်းသင်းနေတယ်လို့ထင်မြင်နေကြပြီး တရုတ်နှင့် မြန်မာ ဆက်ဆံရေးကို ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်ဆိုတာ ကို သတင်းထောက်များကိုပြောကြားသည်။
"I'm always very concerned when Burma is seen as a battling ground for the United States and China.
အမေရိကန်ပြည်ထောင်စု နှင့် တရုတ်နိုင်ငံတို့က မြန်မာပြည်ကို ၄င်းတို့ စီးချင်းထိုးစစ်ဆင်ရာနေရာတခုကဲ့သို့ဖြစ်လာမည့် အချိန်ကို ကျမ အမြဲတမ်း တကယ် တွေးမိနေတယ်
"It should not be so, it should be an area of harmony for those two big countries," she said.
Ms Suu Kyi added that Burma and China had been "good neighbors" for many years.
ထိုသို့မဖြစ်သင့်ပဲ ကျမတို့တိုင်းပြည်က အဲဒီ တိုင်းပြည်ကြီးနှစ်ခုအဖို့ ဟန်ချက်ညီညီ သံစဉ်လှလှဖြင့် လက်တွဲရန်ဖြစ်သင့်သော နေရာဒေသတခုသာဖြစ်သင့်သည်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်နဲ့မြန်မာတို့သည် နှစ်ကာလကြာရှည်စွာ မိတ်ဆွေအိမ်နီးချင်းနိုင်ငံများလည်းဖြစ်လာကြသည်ကို ထည့်သွင်းပြောကြားသွားသည်။
 
Critics accuse China of extracting natural resources at the expense of Burma's impoverished people, and helping to shield the country's former junta from the full weight of international opprobrium at the UN Security Council.
လေ့လာဝေဖန်သူများက တရုတ်ပြည်သည်ဆင်းရဲမွဲတေနေသောမြန်မာပြည်သူများကသာပိုင်ဆိုင်သော သဘာဝအရင်းမြစ်သံယံဇာတများကို တရုတ်ပြည်က  ကမ္ဘာကုလသမဂ္ဂ ၏ လုံခြုံရေးကောင်စီတွင် နိုင်ငံတကာ၏အရေးယူဆောင်ရွက်နိုင်ဖွယ်ရာအားလုံးကို ၄င်းတို့၏ မီးကုန်ယမ်းကုန် အင်အားသုံးကာ မြန်မာအာဏာရှင်ကို ခိုင်ခိုမာမာ အကာကွယ်ပေးပြီး ဆွဲထုတ်ယူငင်နေကြသည်ဟု စွပ်စွဲထားသည်။
In a rare sop to public opinion, Burma last year halted construction of a $3.6bn Chinese-backed dam project, risking the ire of Beijing, its second-largest trading partner and biggest foreign investor.
အလွန့်အလွန်ရှားပါးသော လူထုတောင်းဆိုမှုအရ ခနကြေအေးစေနိုင်အောင်ချွေးသိပ်လိုက်သည့်သဘောအရ မြန်မာက လွန်ုခဲ့သောနှစ်က မြန်မာပြည်တွင်းရင်းနှီးမြုပ်နှံမှုအကြီးမားဆုံး နှင့် ကုန်သွယ်မှုအကြေီးဆုံးတရုတ်အစိုးရက ကျားထောက်ကန်ပေးထားသည်အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၃ဒသမ၆ထောင်သန်းကုန်ကျခံမည်ဖြစ်သောစီမံကိန်း၏မြစ်ဆုံရေကာတာဆောက်လုပ်မှုကိုရပ်တန့်စေခဲ့သည်။
In that time, US has sought to build links with President Thein Sein's government, easing some investment sanctions and naming its first ambassador to the country in 22 years, to reward steps towards democracy including by-elections in April.
ထိုအတောတွင်းဝယ်၊ အမေရိကန်ပြည်ထောင်စုက  အေပရယ်လအတွင်းက ကြားဖြတ်ပြုလုပ်ပေးခဲ့သော ရွေးကောက်ပွဲအပါဝင် ဒီမိုကရေစီသို့ဦးတည်သောခြေလှမ်းများလှမ်းထွက်လာသည်ဟုယူဆပြီး ၂၂နှစ်ကြာ ပြတ်တောက်နေသောပထမအဆင့်သံတမန် ခန့်အပ်တိုးမြှင့်ပြီး စီးပွါးရေးပိတ်ဆို့ထားမှုအချို့ကို လျော့ချပြကာဦးသိန်းစိန်၏အစိုးရနှင့်ဆက်သွယ်ရေးလမ်းကြောင်းဖေါက်တည်ဆောက်မည်ဖြစ်သောလမ်းကြောင်းများကိုရှာဖွေလုပ်ကိုင်ခဲ့သည်။
But Washington has vowed to keep broad sanctions against Burma as an "insurance policy" against "backsliding" on democratic reforms even as it seeks to open up certain types of investment.
သို့ရာတွင် ၀ါရှင်တန်က အာမခံပေးသော မူဝါဒဆိုင်ရာအရမြန်မာပြည်ကို ချမှတ်ထာသော စီးပွါးရေးဆိုင်ရာ၏ကျယ်ပြန့်သော စီးပွါးရေးပိတ်ဆို့မှုမှ အချို့ကိုဆက်လက်ထိန်းထားပြီး အချို့ကိုဆက်လက်ချမှတ်ထားပုံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲေ၇းပေါါ်မှ ပြန်လျောကျလာကောင်းလာနိုင်သည်ဟုယူဆပြီး တဖက်ကလည်း စစ်မှန်သောရင်းနှီးမြုပ်နှံမှုပုံစံတခုကို တခါးဖွင့်ပြထားသကဲ့သို့ရှိပြန်သည်။
Burma occupies a key strategic position between neighbours China and India and its gas, oil, water, wood and precious stones are widely coveted by foreign investors.
မြန်မာပြည်၏ သြဇာတိကမ သော့ချက်ကတော့ နိုင်ငံရပ်ခြားမှ ရင်းနှီးမြုပ်နှံသူများကို ကျယ်ပြန့်စွာ စိတ်ဝင်စားဆွဲဆောင်ထားနိုင်သောအရာမှာ တရုတ်နှင့် အိန္ဒြိယအကြားက သဘာဝဓါတ်ငွေ့ ရေနံ နှင့် ရေမြေသဘာဝ သစ်တောထွက်ပစ္စည်းများနှင့် တန်ဘိုးကြီးမားသော အဖိုးတန် ကျောက်မျက်ရတနာတို့ပင်ဖြစ်တော့သည်။

Friday, June 1, 2012

What does Daw Suu speak out in Bangkok? ဘန်ကောက်မှာ ဒေါ်စုဘာတွေပြောခဲ့သလဲ


 


Suu Kyi's speech lasted about 10 minutes and was followed by a 15-minute question-answer session with Schwab. He ended the event by asking Suu Kyi what went through her mind when she stepped off the airplane after 24 years in Myanmar.
ဒေါ်အောင်ဆန်းစုကြည်၏ ၁၀ မိနစ်မျှလောက်သာရှိသော မိန့်ခွန်းပြောပြီးနောက် ၁၅ မိနစ်ကြာလောက်ရှိသော မေးခွန်းများကို ကမ္ဘာစီးပွါးရေး ကွန်ဖရင့်တည်ထောင်သူ ရှာဝပ်ကမေးမြန်းခဲ့သည်။ ၂၄နှစ်ကြာမျှ မြန်မာနိုင်ငံအတွင်းနေပြီးနောက်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လေယာဉ်ပေါ်မှလှမ်းထွက်လိုက်တာနဲ့ သူမ၏ စိတ်ထဲတွင်မည်သို့ အတွေးများဖြတ်သန်းဝင်ရောက်ခဲ့ပါသလဲဟုမေးခဲ့သည်

Suu Kyi said she was stunned before she even left the plane.
ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေရာတွင် လေယာဉ်စထွက်လိုက်တဲ့ အခါသမယမှာပင် ကျမ ငေးကြောင်ကြောင်ကလေးဖြစ်သွားသည်ဟုဆိုသည်။
"It struck me that 30 years ago my attention would have been riveted on the control panel, not all the lights below," she said. Bangkok's urban sprawl glittering at night stood in stark contrast to sleepy Yangon, where rolling blackouts due to electricity shortages have spurred protests for more than a week.
ကျမကို လှုပ်ခါစေလိုက်တဲ့အရာကတော့ လွန်ခဲ့တဲ့နှစ်၃၀က သတိထားမိမှုတွေက ကျမတို့လေယာဉ်ဆိုက်ကပ်ရာပြေးလမ်းပေါ်က အလင်းရောင်မဟုတ်ရပဲ ၇ွန်းလဲတောက်ပ ဖြတ်ဖြတ်ခါလင်းထိန်နေပြီးပြန့်ပြူးလှတဲ့ ဘန်ကောက်ကျေးလက်ဒေသက အလင်းတွေက မှေးမိန်လေးကန်ငိုက်မြည်းနေတဲ့ ရန်ကုန်နဲ့နိုင်းယှင်တွေးမိလိုက်တဲ့ စိတ်အတွေးဖြစ်ခဲ့ရတယ်။ ပြီးတော့ အဲဒီရန်ကုန်ဆိုတဲ့နေရာဟာ တပတ်ကျော်ကြာလာပြီဖြစ်တဲ့ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေကြောင့် အမှောင်ထု တအိအိကြီးစိုးလာနေတဲ့အတွက်ဆန္ဒထုတ်ဖေါ်ပြသနေတဲ့နေရာလို့  ဆိုပါတယ်။
"When I left Burma three days ago there were candlelight demonstrations all over the country," she said. The two cities were once not so far apart but now: "The difference is considerable."
လွန်ခဲ့တဲ့ ၃ ရက်က ကျမမြန်မာပြည်ကထွက်လာတဲ့အချိန်မှာ တတိုင်းပြည်လုံး ဖရောင်းတိုင်ထွန်းပြီးဆန္ဒပြနေခဲ့ကြပါတယ်။ အခုလိုမြို့ကြီးနှစ်မြို့ဟာ အလှမ်းကလေးကွာဝေတာကလွဲပြီး သိပ်ကွဲပြာမှုတော့မရှိလောက်ပါဘူး ၊ ကျမပြောလိုတာက အခုလိုခြားနားမှုကတော့ဖြင့် စဉ်းစားစရာပါ လိုဖြေကြားခဲ့ပါတယ်။
 

ဒေါ်အောင်ဆန်စုကြည် ညီလာခံမှာ လူငယ်အကြောင်း ဘာတွေပြောခဲ့သလဲ
Suu Kyi said,”I'm extremely worried about youth unemployment," which she called "a time bomb."
ဒေါ်အောင်ဆန်းစုကြည်ပြောကြားရာမှာ လူငယ်တွေအလုပ်လက်မဲ့ဖြစ်နေတာကို ကျမအတော်ကြီးစိုးရိမ်မိပြီး ၄င်းကိစ္စသည် အချိန်မှီဦးစားပေးဆောင်ရွက်ရမည့် အရာဟု ဆိုပါသည်။
ရင်းနှီးမြုပ်နှံမှုဆိုင်ရာနှင့်ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘာပြောသလဲ
Suu Kyi said she hoped foreign firms would invest cautiously and transparently, so the influx of money can benefit the impoverished masses.
ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် နိုင်ငံခြားမှ လာရောက်ရင်းနှီးမြုပ်နှံမှုများမှာ ပွင့်လင်းမြင်သာစွာနှင့် စဉ်းစားဆင်ခြင်စွာ လာရောက်လုပ်ကိုင်မည်ဟုမျှော်လင့်ကြောင်း၊ ထိုသို့မှပင် ရရှိစီးဝင်လာမည်ဖြစ်သော ငွေပင်ငွေရင်းများသည် ဆင်းရဲချို့တဲ့သော အများစုအတွက် အကျိုးမြတ်ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်၊
"We do not want more investment to mean more possibilities for corruption," she said. "Our country must benefit."
ကျမတို့အနေဖြင့် အဂတိလိုက်စားရေးအတွက် ပိုပြီးအခွင့်လမ်းသာမှုကို ရည်ရွယ်ရေးအတွက် များပြားသောရင်းနှီးမြုပ်နှံမှုတွေကိုမလိုချင်ကြောင်း၊ ကျမတို့တိုင်းပြည်အတွက် အကျိုးသက်ရောက်ရမည်ဖြစ်သောအရာသာလိုချင်ကြောင်းဆိုပါသည်။
 
မြန်မာပြည်ပြောင်းလဲရေးနဲ့ရော ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘာပြောသလဲ
At a news conference later Friday, Suu Kyi said she didn't doubt Thein Sein's desire to make reforms but that he was not the country's sole power.
သောကြာနေ့ရဲ့ ညီလာခံကျင်းပပြီး နောက်ဆုံး သတင်းစာရှင်းလင်းပွဲမှာတော့ ၊ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးများလုပ်ဖို့ ဆန္ဒရှိနေတာကို ကျမအနေနဲ့ သံသယမရှိခဲ့ပါကြောင်း ၊ သို့ရာတွင် တိုင်းပြည်၏ အဓိက အဏာတည်မှုသည် သူ့ထံတွင်မဟုတ်ပါကြောင်း ပြောဆိုသည်။
"I do believe in the sincerity of the president when he speaks of his commitment to reform," she said. "But I also recognize that he's not the only person in government. And, as I keep repeating, there's the military to be reckoned with."
ကျမအနေဖြင့်  ပြုပြင်ပြောင်းလဲမှုကို အမှန်လက်တွေ့လုပ်ဆောင်တော့မည်ဟု သမ္မတမှ ပြောဆိုလာချိန်ဝယ် သမ္မတ၏ စေတနာရင်းကို ယုံကြည်ပါကြောင်း သိုသော်လည်း ကျမ သတိပြုမိသောအချက်မှာ အစိုးရအဖွဲ့ထဲတွင်သူတဦးတည်းပါဝင်နေတာမဟုတ်ပဲ ၊ အဲဒီမှာ  စစ်တပ် ရှိနေတာကိုပါ ထည့်သွင်းကောက်ချက်ဆွဲရမှာကို အကြိမ်ကြိမ် ကျမပြောပြီးဖြစ်ပါသည်ဟု ပြောဆိုခဲ့ပါသည်။

PRESENTED BY AUNG NAING HTWE 


MYINT SONE DAM PROJECT WILL HAVE TO RESTART AGAIN


။ ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံရေကာတာ စီမံကိန်းအား ပြန်လည် လုပ်ဆောင်နိုင်ရေး အတွက် တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း CPI က စိုင်းပြင်းနေသည်ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ဇွန်လ ၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။

CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းအပေါ် လေ့လာသုံးသပ်ချက်များ ပြုလုပ်ပေးရန်အတွက် တိုက်ရိုက် တောင်းဆိုမှုများ
ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ အကြီးစား ရေကာတာ စီမံကိန်းကော်မရှင် အဖွဲ့ ICOLD မှ မေလ ၃ဝ ရက်နေ့ ထုတ်ပြန်ချက်အပေါ် အခြေခံ၍ KDNG က သုံးသပ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ICOLD အဖွဲ့က မြစ်ဆုံရေကာတာစီမံကိန်း သုံးသပ်တာကို တိုက်ရိုက်ပါဝင်မှု မရှိဘူး ဆိုတာ ထုတ်ပြန်တယ်။ ဒါပေမယ့် CPI က သူတို့ မြစ်ဆုံမှာ လေ့လာမှုလုပ်ဖို့ တောင်းဆိုခဲ့တာတော့ မှန်တယ်ဆိုတာကို ထုတ်ပြန်ထားတယ်” ဟု KDNG ပြောရေးဆိုခွင့် ရှိသူ မဆိုင်းမိုင်က ပြောသည်။


လုပ်ငန်းတွေကို လာရောက်အကဲဖြတ်ဖို့အတွက် နိုင်ငံတကာက ရေကာတာကြီးတွေ ဆောက်လုပ်ရေးနဲ့ စီမံခန့်ခွဲမှုရေးရာ သဘာရင့် ကျွမ်းကျင်သူတွေကို တိုက်ရိုက် မေတ္တာရပ်ခံထားသည်” ဟု ဖော်ပြပါရှိသည်။

CPI မှ မြစ်ဆုံရေကာတာ အပေါ် လေ့လာသုံးသပ်မှု လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုထားကြောင်း KDNG က ဆိုသည်။

မြစ်ဆုံရေကာတာ စီမံကိန်းသည် လုံးဝ လုံခြုံစိတ်ချရမှု ရှိသည့်အပြင် အကျိုးရလဒ်များစွာ ရှိကြောင်း သက်သေပြရန် အတွက် ICOLD က ပြန်လည် သုံးသပ်မှုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသည်ဟု ပြီးခဲ့သည့် မေလ အအစောပိုင်းက တရုတ်သတင်းဌာန တခုတွင် CPI က ပြောဆိုသည်ဟု KDNG က ဆိုသည်။

ထို့ပြင် မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ထားခြင်းကို ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာ အစိုးရနှင့် CPI အကြိမ်ကြိမ်
ပြောဆိုခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြခဲ့သည်။

သမ္မတ ဦးသိန်းစိန်က ပြည်သူလူထုဆန္ဒအရ မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ထားမှုကို CPI က စီမံကိန်းအတွက် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသဖြင့် မြန်မာအစိုးရက ဆိုင်းငံ့ ထားမှုအပေါ် “မထီမဲ့မြင် လုပ်တာပဲ” ဟု မဆိုင်းမိုင်က ပြောသည်။

စီမံကိန်းအတွင်း စက်ယန္တရားများနှင့် တရုတ်ဝန်ထမ်းများ ရှိနေခြင်းနှင့် ပြောင်းရွှေ့ခံ ရွာသားများကိုလည်း ၎င်းတို့၏
နေရပ်သို့ ပြန်လည်နေထိုင်ခွင့် မပြုသေးသည့်အပြင် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်တွင် ဖွင့်ထားသော CPI ရုံးကို လည်း ရုပ်သိမ်းခြင်း မရှိသေးသဖြင့် ဒေသခံများက သံသယ ဝင်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

အစိုးရအနေဖြင့် မိမိနိုင်ငံမှ သဘောဝသယံဇာတများကို တခြားနိုင်ငံများအား ရောင်းချခြင်းကြောင့် လျှပ်စစ်မီး မလုံမလောက်ဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်းက မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြ တောင်းဆိုမှုများ ပေါ်ပေါက် လာရကြောင်း မဆိုင်းမိုင်က ပြောသည်။

“ဆန္ဒပြမှု အဓိကအကြောင်းအရင်းက အစိုးရက ကိုယ့်နိုင်ငံက ထွက်ရှိတဲ့ ဓါတ်ငွေ့တွေ၊ ရေအားလျှပ်စစ်တွေကို ကိုယ့်နိုင်ငံမှာ မသုံးဘဲ တခြားနိုင်ငံကို တင်ပို့ရောင်းချလို့ ဖြစ်တယ်။ ရွှေလီဓါတ်တိုင်ပျက်လို့၊ မိုးမရွာလို့ ရေအား မလောက်လို့ ဆိုတဲ့ဟာက လုံးဝ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အခြေစိုက် ICOLD အဖွဲ့သည် ရေအား လျှပ်စစ် ကုမ္ပဏီများ ပါဝင်သော အဖွဲ့ဝင် နိုင်ငံပေါင်း ၉ဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အင်ဂျင်နီယာများ၊ ဘူမိဗေဒ ပညာရှင်များ၊ အတိုင်ပင်ခံ လုပ်ငန်းများ၊ တက္ကသိုလ်များ၊ ဓါတ်ခွဲခန်းများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်ဟု ICOLD ၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။

ICOLD သည် ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဆည်များအား ဘေးကင်းစွာ၊ စီးပွါးရေးအရ တွက်ချေကိုက်စွာ တည်ဆောက်နိုင်ရန်အတွက် သတင်းအချက်အလက်များ စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်းများ၊ နည်းပညာပိုင်းဆိုင်ရာ
လေ့လာ အကူအညီပေးမှုများဖြင့် ဆည်ကြီးများအား ဆောက်လုပ်ရာတွင် စီမံကိန်းချမှတ်ပြုလုပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊
ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးတွင် ကူညီရန် ဖြစ်ကြောင်း သိရသည်။

ထိုအဖွဲ့သည် CPI ကုမ္ပဏီနှင့် အလွန်ရင်းနှီးကျွမ်းဝင်မှု ရှိပြီး လက်ရှိ ဥက္ကဋ္ဌမှာ Dr Jinsheng Jia ဖြစ်ပြီး သူသည် တရုတ်နိုင်ငံ အကြီးစားရေကာတာ စီမံကိန်း ကော်မရှင် CHINCOLD ၏ ဒု-ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူ ထားသည် ဟု သိရသည်။ မြန်မာ နိုင်ငံသည် ICOLD အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် လျှောက်လွှာ တင်ထားသည်။
Mizzama