Tuesday, July 3, 2012

7 JULY


ပိတ်စမ်း
တားစမ်း
7 July ဆိုတာ ငါတို့ရင်ထဲက ကျောက်စာတိုင်
အေး.....
မင်းတို့အတွက်တော့
ရင်ဝမှာ စိုက်နေတဲ့  ဆူး 

သစ်မိုး
Let them to block
Let them to obstruct
What 7 July is the obelisk which is in our inner heart
OK….
That is piercing your hearts 
as thorn for you

အောင်နိုင်ထွေး ဘာသာပြန်သည်

 နှင်းဆီပွင့် 
တလောကလုံးအမှောင်ဖုံးတဲ့ ည
အသက်ရှူမဝအောင် မွန်းလှတယ်
သုံးခွင့်မရတဲ့ ငွေစက္ကူတချပ်လို
လူတယောက်ကို ဖျက်သိမ်းဖို့ ကြိုးစားကြသလား
မှားမယ်။
ထွေးပြီးသားကိုပြန်မမျို၊ ကံကိုလည်းရိုးမယ်မဖွဲ့
တိုက်ပွဲရဲ့သီးသန့်အဖြစ် စံနစ်ရဲ့အကျဉ်းသားဘဝ
ငါခံယူပါ့မယ်။
ကျေနပ်တယ်။
ဟေ့
နင်းချေမယ့်သူတွေခရေပွင့်လို ငါမကြွေ၊
 မြေတလက်မ ပိုင်ဆိုင်ခွင့်ရသ၍
 နေ့သစ်ရဲ့အရုဏ်ဦးမှာ၊
ယုံကြည်ချက်ဆူးတွေစွင့်ခေါင်းထောင်လို့ ဝင့်လိုက်မယ်
ငါဟာ… 
နီရဲတဲ့ နှင်းဆီပွင့်။ 
မင်းကိုနိုင်

No comments:

Post a Comment