Monday, July 30, 2012

Burma (Myanmar) needs to draw rule for NGO

 
အရပ်ဖက်လူ့အဖွဲ့အစည်းများတွင်ပါဝင်သော NGO များအတွက် ခေတ်နှင့်လျော်ညီသော ဥပဒေပြဌာန်းပေးရန် ဦးသိန်းညွန့်အဆိုတင်သွင်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွင် နိုင်ငံတော်သမ္မတက အရပ်ဖက်လူမှုအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဘက်လူ့အဖွဲ့အစည်းတွင်ပါဝင်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရန်ပြည်သူ့လွှတ်တော်မှ နိုင်ငံတော်အစိုးရသို့တိုက်တွန်းကြောင်းအဆို ကို သင်္ယန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ ၀န်ကြီးက လက်ခံဆွေးနွေးရန်အတွက် မကန့်ကွက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

"အရပ်ဘက်လူ့အဖွဲ့အစည်းတွေဆိုတာ ပရဟိတကိုခြေခံထားတာပါ။အမြတ်အစွန်းလဲမရကြပါဘူး။ ဒါကို မှတ်ပုံတင်ကြေးငါးသိန်းကောက်တာက သူတို့အတွက်အလွန်အခက်အခဲဖြစ်စေပါတယ်။ အရပ်ဖက်အဖွဲ့အစည်းလို့ပြောရင် အများစုက ရပ်ကွက်ထဲက သာရေးနာရေးအဖွဲ့လေးတွေပါ။ ဒါကိုပြန်လည် စိစစ်သင့်ပါတယ်။ ဥပမာပေးပြောရရင် ကျွန်တော်တို့ သင်္ယန်းကျွန်းက တစ်ချို့ရပ်ကွက်တွေမှာ ၀က်နေတဲ့ တဲသာသာရှိတဲ့ ထဲမှာ ဆင်းရဲသားတွေနေကြရပါတယ် လို့ ဂျာနယ်တစ်ခုထဲမှာ ဆောင်းပါးအနေနဲ့ရေးလိုက်တော့ လူမှုအဖွဲ့အစည်း တစ်ခုကရောက်လာပြီး သွပ်ပြားတွေ လာလှုသွားလို့ လူလိုနေနိုင်အောင်လုပ်ပေးသွားတာဟာ အရပ်ဖက်လူ့အဖွဲ့အစည်း ရဲ့အားသာချက်ပါပဲ" ဟု ဦးသိန်းညွန့် က ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းဝေးတွင်ပြောကြားသွားခဲ့သည်

No comments:

Post a Comment