Monday, July 9, 2012

ငိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေ ထွက်ပြီ Rule and regulation appear for peaceful organizing and demonstration


ယမန်နှစ် နိုဝင်ဘာလက လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းကာ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ လက်တွေ့ကျင့်သုံးရန် လိုအပ်သည့် နည်းဥပဒေ မှာ ထွက်ရှိလာပြီဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အတည်ပြု ပြောဆိုသည်။

ဥပဒေ အတည်ပြုပြန်ဋ္ဌာန်းပြီးနောက် နည်းဥပဒေမှာ ထွက်ရှိမလာသေးသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ တရားဝင် ပြုလုပ်ခွင့်မရှိသေးပဲ ယခု ၈ လ၀န်းကျင် အကြာတွင် ထွက်ရှိလာခြင်းဖြစ်သည်။

ယင်း၈ လ၀န်းကျင်ကာလအတွင်း အလုပ်သမား ရပိုင်ခွင့်များ၊ လယ်ယာမြေ သိမ်းဆည်းခံရသည့် ကိစ္စများ၊ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်ပွဲများ မြန်မာနိုင်ငံအ၀ှမ်း အကြိမ်များစွာ ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ စုဝေး ဆန္ဒဖေါ်ထုတ်မှုများကို ရဲတပ်ဖွဲ့ဝင်များက တားဆီးရာတွင် ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့် နည်းဥပဒေ မထွက်ရှိသေးသဖြင့် တည်ဆဲဥပဒေအရ အရေးယူနိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်များအား ဝေငှ ထုတ်ပြန်လိုက်သည့် နည်းဥပဒေကို မကြာမီ ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရပြီး ယင်းသို့ကြေညာပြီးနောက်တွင် ငြိမ်းချမ်းစွာ စုဝေးမှုများနှင့် စီတန်းလှည့်လည်မှုများ တရားဝင် လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။
YIP



No comments:

Post a Comment