Wednesday, July 11, 2012

ငိမ်းချမ်းစွာစည်တန်းလှည့်လည်ခွင့် နည်းဥပဒေကို Test the rule and regulation of peaceful demonstration



ထုတ်ပြန်ခဲ့ပြီးသည့် ငြိမ်းချမ်းစွာစည်တန်းလှည့်လည်ခွင့် နည်းဥပဒေကို အသုံးပြု၍ (၆၅)နှစ်မြောက်အာဇာနည် နေ့ချီတက်အလေးပြုမည့် အစီအစဉ်ကို အစိုးရရုံးစိုက်ရာ နေပြည်တော် တွင်တရားဝင်ခွင့်ပြုချက်တောင်းခံ ထားကြောင်းသိရသည်။

နေပြည်တော်၊ ပျဉ်းမနာရှိ ရှေ့နေများ၊ စာပေအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ၊ ကျောင်းသား လူငယ်များနှင့် ပြည်သူများ စုစည်းကာ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဇူလိုင် ၁၀ရက်နေ့က လျှောက်ထားခဲ့ကြောင်း ဦးဆောင်စီစဉ်သူ ဦးမျိုးတေဇာမောင် ကပြောသည်။

ဇူလိုင်၁၉ရက်၌ ကျရောက်မည့် (၆၅)နှစ်မြောက်အာဇာနည်နေ့တွင် ပျဉ်းမနားမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ငွေဆောင်ရုပ်ရှင်ရုံရှေ့မှ စတင်ချီတက်မည်ဖြစ်ဖြစ်ပြီး မြို့လယ်ရှိ မင်္ဂလာရှမ်းကန်ထောင့် ဗိုလ်ချုပ်ကြေးရုပ်သို့ သွားရောက်ကာ ပန်းခွေချ အလေးပြုရန် စီစဉ်ထားကြောင်း၊ ခန့်မှန်းလူအင်အား ၁၀၀ခန့်ရှိမည်ဟု တရားဝင် ခွင့် ပြုချက်တောင်းခံထားကြောင်းသိရသည်။


Ref:ပြည်သူ့ခေတ်



Suzan Bo မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်လာတာပေါ့... ကောင်းတယ်....

No comments:

Post a Comment