Tuesday, July 3, 2012

Today , released political prisoners' name from Insein Prison


  • အင်းစိန်ထောင်မှယနေ့လွတ်မြောက်လာသည့် နိုင်ကျဉ်းစာရင်း
    အေးသိန်း (ခ) ရန်နိုင် - ၁၃(၁)၊ ၁၇(၁)
    စောဝီလျံ - ၁၃(၁)၊ ၁၇(၁)
    နိုင်ဝင်း ၁၇(၁)
    မြင့်ကြိုင် ၁၃(၁)၊ ၁၇(၁)
    မိုးသီး ၁၃(၁)၊ အသင်းအဖွဲ့ (၇)
    နွယ်နွယ်အေး ၁၃(၁)၊ ၁၇(၁)
    မဇာနည်ဦး ၁၃(၁)၊ ၁၇(၁)
    ဖရန်စစ် ၁၃(၁)၊ ၁၇(၁)
    ထွန်းမြတ်သူ ၁၇(၁)
    ဓူဝံ (ခ) ဇော်မင်းအောင် ၁၇(၁)
    အဏ်ထော်နီ ၁၇(၁) တို့ဖြစ်သည်။
     
    ယနေ့ထုတ် အစိုးရ သတင်းစာများတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ အကျဉ်းသား ၈၀ အား လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း  ဖေါ်ပြသည်။
    လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးမှ နိုင်ငံ သားနှင့် နိုင်ငံခြားသား အကျဉ်းသားများ ပါဝင်သည်ဟု ဆိုသည်။
    နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် ၂၀၄ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသား အကျဉ်းသူ ၉ ဦး စုစုပေါင်း ၄၆ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးတို့ကို ယနေ့မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြသည်။သို့သော် ယနေ့သည် အနားယူသွားပြီဟု ဖေါ်ပြနေသော ဗိုလ်ချုပ်ရူးကြီး မှုးကြီး ဦးသန်းရွှေ၏ အသက်80 တင်းတင်းပြည့်သော အကြောင်းကြောင့် သမ္မတ ဦးသိန်းစိန်မှ ဂါရ၀ပြုသည့်အနေဖြင့် အကျဉ်းသား ၈၀ ကိုလွတ်ပေးကြောင်းကိုတော့ ဖေါ်ပြထားခြင်းမရှိကြောင်းသိရသည်။
    တင်ပြသူ
    အောင်နိုင်ထွေး    (အမေရိကန်ပြည်ထောင်စု)

No comments:

Post a Comment