Friday, July 13, 2012

The first test for demonstration on the road စုဝေး စီတန်းလှည့်လည် ဆန္ဒပြကြမယ်


မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ကိုနေမျိုးဝေဦးဆောင်ပြီး  ကျေးဇူးရှင်လယ်သမားကြီးများဦးရေ ၂၀၀ ခန့်ဖြင့် ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉နာရီမှ ၁၁ နာရီအထိ လယ်ယာလုပ်ကိုင်ခွင့် ဆုံးရှုံးရခြင်းနှင့် ပတ်သက်ပြီး  ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည် ဆန္ဒပြကြမယ်လို့သိရပါသည်။ 

စီတန်းလှည့်လည်ဆန္ဒပြခွင့်နှင့် ပတ်သက်ပြီး ယခု ကျင်းပလဲ့သော လွှတ်တော်တွင် ခွင့်ပြုချက်ဆိုင်ရာ နည်းဥပဒေများကို ပြဌာန်းခဲ့ပြီး ၄င်း နည်းဥပဒေသည် မည်သို့ အကျိုးသက်ရောက်မှုရှိသည် မည်မျှ ခွင့်ပြုထားသည်ကို လက်တွေ့ စမ်းသပ်မှုတခုပြုလုပ်ကြမည့် လယ်သမားကြီးများက ဘီဒီအန်ကို ပြောဆိုပါသည်။
စီတန်းလှည့်လည်ရာတွင် မိမိတို့၏ ယုံကြည်ချက်နှင့် တောင်ဆို မှုများကို အော်ဟစ် အသံပေးပြီး ပြုလုပ်ခွင့်ကိုတော့ သက်ဆိုရာ အာဏာပိုင်များက ခွင့်ပြုခြင်းမရှိသည့်အတွက် သတ်မှတ်ရာ နေရာအချို့များတွင်သာ ဟောပြောခွင့်ကို ပြုထားသည်ဟု ကိုနေမျိုးဝေက ရှင်းပြသည်။ သိုသော် မည်သို့သော အာဏာပိုင်တို့၏ နှောက်ယှက်ဟန့်တားမှု မနက်ဖြန် နံနက် ဇူလိုင် ၁၅တွင်ုကြုံရမည်ကိုတော့ မခန့်မှန်းနိုင်သေးပါဟု ဆန္ဒပြရာတွင်ပါဝင်မည့် လယ်သူမကြီး တဦးက ပြောပြသည်
အသေးစိတ်သိလိုပါက ဘီဒီအန်သို့ အောက်ပါဖုန်းနံပတ်ဖြင့် ဆက်သွယ်ပါ
630 456 6517 ကိုအောင်နိုင်ထွေး (အမေရိကန်ပြည်ထောင်စု)

No comments:

Post a Comment