လက်ရှိ ဒုတိယသမ္မတ (၁) ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့်
ရုံးမတက်နိုင်တော့ပဲ အနားယူသွားပြီဟု တရာဝင် နေပြည်တော်မှ သိရသည်။
ဒုသမ္မတနေရာ လစ်လပ်မှု စတင်ဖြစ်ပေါ်ခဲ့သောအချိန်မှစပြီး အနားယူနေပြီဟု
သတင်းလွှင့်ထားသော ဦးသန်းရွှေ ယခင် စစ်အာဏာရှင်၏ နေအိမ်သို့ အပြေးအလွားသွားရောက်
ဂါရ၀ပြုနေကြသည်မှာ အတော်ပင် မျက်စေ့နောက်စရာကောင်းနေသည်ဟု လုံခြုံရေးတာဝန်ယူနေရသော
ရဲဘော်တဦးက ဘီဒီအန်သို့ ပြောပြသည်။
ထိုသို့ အပြေးကလေးလာရောက်ကြသူများမှ အောင်သိန်းလင်း ၊ ဦးသောင်း နှင့် ဦးဌေးဦးတို့မှာ အကြိမ်ရေ
အခေါက်ရေအများဆုံးဖြစ်သည်ဟု ဆိုသည်။
ယခုအခါ ဘဘကြီး ရွှေက ဦးဌေးဦးအားအမည်နာမအတိကျတပ်ကာ နေပြည်တော် သမ္မတရုံးသို့
အကြောင်းကြားလိုက်ပြီဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဝင် အကြီးကဲတဦးက ဘီဒီအန်နှင့်
ပတ်သက်သော အသိုင်းဝန်းသို့ တရာဝင်ပြောကြားလာသည်၊
အကြောင်းမှာ အများပြည်သူများမျှော်လင့်နေသော ဒေါ်အောင်ဆန်းစုကြည်အား
သက်ဆိုင်ရာကန့်သတ်ချက်ဥပဒေလုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ပြီး ဒုသမ္မတနေရာတွင်
ခန့်အပ်နိုင်သည်ဟု ထင်ကြေးပေးနေမှုများ လွဲချော်သွားပြီး
ယခုလက်ရှိသမ္မတဦးသိန်းစိန်သည်လည်းနှံ့လုံးသွေးကြေားကျဉ်းရောဂါခံစားနေရသည်မို့မကြာခင်
အနားယူဖွယ်ရှိကြောင်းသိရသည်၊ ထိုအတွက်ကြောင့် လက်ရှိခန့်အပ်ထားသောဒုသမ္မတနှစ်ဦးမှ
တဦးကို သမ္မတကြီးအနေဖြစ်ပြန်လည်တင်မြှောက်ကြရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဒုသမ္မတနေ၇ာသို့
ခန့်အပ်ထားမိမည်ဆိုလျှင် လက်ရှိ သမ္မတကြီးလည်း မကြာခင်
အနားယူကောင်းယူသွားနိုင်သည်မို့ ထိုအချိန်တွင် ကြီးမားသော
စိန်ခေါ်မှုကြီးတရပ်ဖြစ်လာမည်ကိုေ၇ှာင်ရှားနိုင်၇န် အလိုငှာ
ဦးဌေးဦးအားခန့်အပ်ရန် စီစဉ်ခဲ့သည်ဟု သိရသည်။
ယခု ကြံ့ဖွတ်ပါတီအတွင်းပြောဆိုနေကြသော စကားတခုမှာ ဒေါ်အောင်ဆန်းစုကြည်သည်
နိုင်ငံခြားခရီးစဉ်တလျောက်ဝယ် မြန်မာ အစား ဗားမားဟု ခေါ်ဝေါ်သုံးစွဲနေသောကြောင့်
နေပြည်တော်နှင့် စစ်တပ်အသိုင်းဝိုင်းမှ အတော်ပင်မလိုလားကြောင်းနှင့် ၂၀၁၅
တွင်ကျင်းပရန်ရှိသော ရွေးကောက်ပွဲတွင်ပင် အန်အယ်ဒီ အားအပြီးတိုင်ပိတ်ဆို့ရေးလမ်းကြောင်းများစတင်ချမှတ်ကြရမည်ဟု
စီစဉ်နေကြကြောင်း ကြားသိရသည်။
သတင်းရင်းမြစ်
မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်
ဆက်သွယ်ရန်
ကိုအောင်နိုင်ထွေး (အမေ၇ိကန်ပြည်ထောင်စု)
ဖုန်း 630 456 6517
No comments:
Post a Comment