
တရားဥပဒေစိုးမိုးရေးတဲ့ ....... တရားစီရင်ရေးမဏ္ဍိုင်ကြံ့ခိုင်ရေးတဲ့ ....... အာဏာသုံးရပ်ခွဲခြားကျင့်သုံးကြမယ်တဲ့ ............
တရားစီရင်ရေးဌာနရဲ့ အဆောက်အဦများဟာ မုဆိုးမအိမ်ကပစ္စည်းတွေကို ကြွေးရှင်တွေဝိုင်းသိမ်းသွားကြသလို တစ်ခုပြီးတစ်ခု လုံးပါးပါးခဲ့ကြပါတယ် .....
အခုနောက်ဆုံးရန်ကုန်က (High Court) တရားရုံးချုပ်အဆောက်အဦကြီးကို ကဇတ်ရုံလုပ်တော့မယ် .....
အံ့သြမိပါတယ်။
ပိုပြီးအံ့သြမိတာက တရားသူကြီးချုပ်ဆိုသူနဲ့ တရားသူကြီးတွေအကုန်လုံး ဒီကိစ္စကို တစ်လုံးတစ်ပါဒမှ ကန့်ကွက်ခြင်းမရှိ နှုတ်ဆိတ်နေကြတာပါပဲ။ ...............
မပြောရဲကြလို့ပဲလား ...........
မပြောရဘူးလို့တားထားလို့လား .........
မဆိုင်ဘူးလို့မပြောကြတာလား ..........
တကယ်တန်းပြောကြစတမ်းဆိုရင် ဒီကိစ္စဟာ တရားသူကြီးတွေနဲ့သာဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။
မြန်မာနိုင်ငံတရားစီရင်ရေးမှာ အလွန်အရေးပါခဲ့တဲ့ တစ်ခုတည်းသောသမိုင်းဝင် အဆောက်အဦကြီးဟာ တရားစီရင်ရေးနဲ့ ဘာမှမဆိုင်တဲ့ ကဇတ်ရုံတစ်ခုဖြစ်တော့မှာပါ။
ရှေးခေတ်အဆောက်အဦတစ်ခုစီမှာ တန်ဖိုး (၂) မျိုးရှိပါတယ် တစ်ခုက ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအဆောက်အဦဆိုတဲ့ တန်ဖိုးပါ။
နောက်တစ်ခုကဲ့ အဲဒိအဆောက်အဦနဲ့ဆက်စပ်ပြီး ဘာတွေလုပ်ခဲ့တယ်၊ ဘယ်လိုအရေးပါခဲ့တယ်ဆိုတဲ့ သမိုင်းတန်ဖိုးပါ။
အဆောင်အဦတစ်ခုကို ထိန်းသိမ်းတဲ့နေရာမှာ အထက်ပါတန်ဖိုးနှစ်မျိုးလုံပါအောင် ထိန်းသိမ်းသင့်ပါတယ်။
High Court အဆောက်အဦဟာ အထက်မှာပြောခဲတဲ့တန်ဖိုးနှစ်ခုစလုံးရှိတဲ့ အဆောက်အဦပါ။
ဒီအဆောက်အဦကြီးကို ပြုပြင်ထိန်းသိမ်းတာ ဟာဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်ပေမဲ့ ကဇတ်ရုံတစ်ခုလုပ်ပြီး သမိုင်းတန်ဖိုးကို ဖျက်စီးလိုက်တာကတော့ တော်တော့်ကို မလိုလားအပ်ပါဘူး။
နိုင်ငံတကာမှာ သူတို့နိုင်ငံတွေရဲ့ တရားစီရင်ရေးခိုင်မာကြောင်းပြဖို့အတွက်
သူတို့ရဲ့ တရားစီရင်ရေးဆိုင်ရာ အဆောက်အဦတွေကို အလွန်ပဲတန်ဖိုးထား
ထိန်းသိမ်းကြပါတယ်။ တရားစီရင်ရေးဆိုင်ရာ ရှေးဟောင်းအဆောက်အဦတစ်လုံးကို အခုလိုမျိုး လက်လွတ်စပယ် သမိုင်းတန်ဖိုးဖျက်စီးပစ်တာမျိုး ဘယ်နိုင်ငံမှာမှမရှိပါဘူး။
တရားရုံးချုပ်အဆောက်အဦဟာ တရားစီရင်ရေးဆိုင်ရာမှတ်တမ်းများနဲ့ တရားစီရင်ရေးအကြောင်း ပြသထားတဲ့ ပြတိုက်တစ်ခုသာဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံမှာ တရားစီရင်ရေး၊ ဥပဒေ၊ စတာတွေနဲ့ ပက်သက်တဲ့ ပြတိုက်မျိုး မရှိသေးပါဘူး။ အဲလိုပြတိုင်မျိုးတည်ဆောက်ပြီး ကျောင်းသားလူငယ်တွေကို အခါအားလျှော်စွာ သွားရောက်လည်ပတ်စေမယ်သင့်ပါတယ်။
ဘာဖြစ်လို့ပါလဲ ....
မညာတန်းပြောကြမယ်ဆိုရင် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဥပဒေအသိ (Legal Knowledge) ဖွံ့ဖြိုးပြီးနိုင်ငံတွေမဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင်တောင် တော်တော်လေးနိမ့်နေပါတယ်။ ဘွဲ့ရပညာတတ်ဆိုသူတွေရဲ့ ရာခိုင်နှုံးတော်တော်များများဟာ ရှေ့နေ၊ တရားသူကြီးနဲ့ ဥပဒေအရာရှိဆို တာဘယ်လိုကွာခြားတယ် ဆိုတဲ့ အခြေံလောက်ကိုတောင် မသိကြပါဘူး။ ဒီမိုကရေစီဖေါ်ဆောင်ဖို့ တရားဥပဒေစိုးမိုးဖို့အတွက် ပြည်သူတွေဥပဒေအသိမြင့်မားရပါမယ်။ ဥပဒေအသိမြင့်မှလူထုဟာ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်စာတာတွေကို ခွဲခြားနားလည်ပါမယ်။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ဖြစ်နေရတာရဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ လူထုရဲ့ဥပဒေအသိမမြင့်မားခြင်းဆိုတာလည်း အဓိအကြောင်းတစ်ရပ်ပါ။တရားစီရင်ရေးပြတိုက်တည်ဆောက်တာဟာ၊ ကဇတ်ရုံတည်ဆောက်သလိုမျိုး ချက်ချင်းလက်ငင်း ငွေကြေးအမြတ်အစွန်းတွေကိုတော့ တိုက်ရိုက်ကျကျ
မြင်ရနိုင်မှာမဟုတ်ပါဘူး။ သို့သော်လည်း ရေရှည်မှာတော့သွယ်ဝိုက်သောနည်းအားဖြင့် အကျိုးအမြတ်အမြောက်အများ ပြန်လည်ရရှိမှာပါ။
- လူထုရဲ့ဥပဒေအသိမြင့်မားလာမယ်။ ဥပဒေကိုဘမ်းပြပြီး လုပ်စားလို့မရတော့ဘူး။ လူထုဥပဒေအသိမြင့်မားလာတဲ့အတွက် လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးစီမံကိန်းတွေ ပိုပြီးထိရောက်လာမယ်။
- အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စတာတွေနဲ့ လုပ်နည်းလုပ်ဟန်တွေ၊ သဘောသဘာဝတွေ၊ အယူအဆတွေကွဲပြားတဲ့ တရားစီရင်ရေးအကြောင်းပြည်သူတွေ သဘောပေါက်လာတဲ့အတွက်
တရားရုံးတွေနဲ့ ပြည်သူကြားမှာ အဖုအထစ်လျှော့ပါးသွားမယ်။ အကျိုးဆက်အားဖြင့် ပြဿနာအရပ်ရပ်တွေကို ကြုံသလိုမဖြေရှင်းတော့ပဲ ဥပဒေနဲ့
အညီစနစ်တကျဖြေရှင်းလာကြလိမ့်မယ်။
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ အရာရာဟာ Rule of Law အတိုင်းဖြစ်ရမှာပါ။ ဒီအဆောက်အဦကြီးမှာ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းတန်ဖိုးတွေရှိပါတယ်။ တရားစီရင်ရေးရဲ့ ပြယှဂ်ဖြစ်တဲ့ တစ်ခုတည်းသော သမိုင်းဝင်အဆောက်အဦကြီးပါ။
ခရိုနီတွေက်လက်အပ်လို့ လက်လွတ်စပယ်လုပ်ကြတော့မှာလား ......
တရားရုံးချုပ်အဆောက်အဦဟာ တရားစီရင်ရေးပြတိုက်သာဖြင့်သင့်ပါကြောင်း ရိုးသားစွာတောင့်တမိပါသည်။
No comments:
Post a Comment