Friday, July 6, 2012

Authorities' security force besieges members of Upper Burma Students’ Union အာဏာပိုင်တို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကိုဝိုင်းထားပြီ




အာဏာပိုင်တို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကိုဝိုင်းထားပြီ

မန္တလေးမြို့ရှိ မြ၀တီမင်းကြီးကျောင်းတိုက်တွင် 1962နှစ်မှ ယနေတိုင် အသက်ဆုံးရှုံးသွားကြသော နောင်တော်ကျောင်းသား ကျောင်းသူများအတွက် အထက်ဗမာပြည် ဗကသမှ ဆွမ်းကပ်အမျှဝေရန် စီစဉ်ထားသည့်အတိုင်းပြုလုပ်ကြရာ ယခု ကျောင်းတိုက်အတွင်း လက်ရှိကျောင်းသား ကျောင်းသူကျောင်းသားများ ၁၅၀ ခန့် တက်ရောက်ကြပြီး ယခုဝယ် ကျောင်းတိုက်အတွင်းအားလုံးပိတ်မိနေကြပြီး ရေစက်ချအမျှဝေရန် ကြွလာသော ကျောင်းထိုင်ဆရာတော်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက်ခေါ်ဆောင်သွားသည်ဟုသိရသည်။ ယခုအခါ တိုင်းပြည်ပြောင်းလဲနေပါပြီ နောက်ပြန်မလှည့်တော့ပါဟု ပရိတ်ရွတ်သလို
နိုင်ငံတကာအသိုင်းဝိုင်းသို့ တစာစာာရွတ်ပြနေကြသော ကြပ်ပြေးနေပြည်တော်မှ အကြီးကဲများ၏ လုပ်ရပ်မှာ အပြောနှင့်အလုပ် ဆန့်ကျင်လွန်းနေသည်ဟု အထက် ဗကသအဖွဲ့ဝင်တဦးမှ ဘီဒီအန်သို့ပြောပြသည်။

သတင်းရင်းမြစ်

မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်

နောက်ဆက်တွဲ အရေးပေါ်သတင်း



ဖုန်း 630 456 6517





 ဗကသ ကျောင်းသားများ ပြန်လည်လွတ်မြောက်ရေးမှာ မိမိတို့တွင် တာဝန်ရှိသည်ဟု ၈⁠၈ များဆို။ ယခုဖြစ်ရပ်ဖြစ်သော်လည်း ၇ ရက်နေ့ နံနက် ကိုးနာရီတွင် ဆဲဗင်းဂျူလိုင် ပွဲကို လုပ်ဖြစ်အောင် လုပ်သွားမည်ဟု ပြော။ တစ်ယောက်ကျန်လည်း လုပ်မှာဘဲ ဟု မင်းကိုနိုင်က ဆို။

 ဇူလိုင်(၇)အခမ်းအနားတွင်မိန့်ခွန်းပြောကြားနေသော ဗကသ ကျောသ်းသားခေါင်းဆောင်ကိုကျော်ကိုကို။

အဖမ်းခံရသော ကျောင်းသားများမှာ ၂၀ ကျော်ပြီ 
 
ဇူလိုင်(၇)အခမ်းအနားအားကျင်းပနေချိန်တွင်မိုးအဆက်မပြတ်ရွာ
သွန်းနေသော်လည်းအခမ်းအနားသို့လာရောက်သောဧည့်ပရိတ်သတ်
အရေအတွက်မှာပိုမိုများပြားလာကြောင်းတွေ့ရသည်။

 

  • အခမ်းအနားသို့တက်ရောက်လာသည့်မျိုးဆက်သစ်လူငယ်ကျောင်းသားများ။

မကွေးတိုင်း သတင်း
မကွေးတိုင်းချောက်မြို.တွင်ဇူလှိုင်(၇)ရက်နေ.တွင်ကျဆုံးသွားသောကျောင်းသားကျောင်းသူ
များအားရည်စူးပြီး
မေတ္တာပို.အမျှဝေခြင်းဆရာတော်သံဃာတော်အရှင်သူမြတ်များအားဆွမ်းကပ်လှူဒါန်းခြင်းများ
ပြုလုပ်ရန်အတွက်
(BDN)ရဲဘော်များနှင်.အတူတက်ကြွလှုပ်ရှားသူဦးဝေလင်း(ခ)ဦးမျိုးဇော်တို.မှကြိုးစားလျှက်
ရှိရာအမျှပေးဝေရေစက်ချတရားတော်ချီးမြှင်.ပေးမည်ဆရာတော်(သုသန်ကျောင်းတိုက်)
ဦးနန္ဒသာရအားအာဏာပိုင်များမှမည်သည်.အလှူဒါနမျိုးကိုမှလက်မခံရန်ဖိအားပေးနေပြီး
တက်ကြွလှုပ်ရှားသူဦးဝေလင်း(ခ)ဦမျိုးဇော်ကို(၆.ရ.၂၀၁၂)နေ.ည(၁)နာရီအချိန်တွင်
ရာအိမ်မှုးဦးသန်းနိုင်နှင်.အတူအာဏာပိုင်လူတချို.မှလာရောက်ခေါ်ဆောင်သွားခဲ.ပါသည်။
မည်သည်.နေရာသို.ခေါ်ဆောင်သွားသည်ကိုမသိရသေးဘဲမိသားစုဝင်များမှလိုက်လံစုံစမ်းနေဆဲ
ဖြစ်ကြောင်းကိုမိသားစုဝင်တစ်ဦးမှပြောပြပါသည်။ဆရာတော်ဦးနန္ဒသာရကိုလည်းအာဏာပိုင်များမှ
နိုင်ငံရေးအသိုင်းအ၀န်းများမှအလှူရှင်များကျောင်းတိုက်သို.လာရောက်ပါကလက်မခံရန်အာဏာပိုင်များမှ
ဖိအားပေးနေကြကြောင်းဆ၇ာတော်မှမိန်.ကြားပါသည်။ထိုကဲ.သို.သောမတရားမှုများကြောင်.
ဆက်လက်ပြိးဒီမိုကရေစီစနစ်ဖြတ်သန်းလျှောက်လှမ်းဘို.ရာဝယ်မည်သို.မှအဆင်ပြေချောမွေ.နိုင်မည်
မဟုတ်ပါကြောင်းအများပြည်သူများသိရှိနိုင်စေရန်အတွက်ရေးသားတင်ပြလိုက်ပါသည်။
မိထ္ထီလာ(BDN)


 နောက်ဆက်တွဲ သတင်း
  • ကသကျောင်းသားခေါင်းဆောင်များအဖမ်းခံရစာရင်း။

    ရန်ကုန်- ဒီငြိမ်းလင်း၊ စည်သူမောင်၊ ဖြိုးဖြိုးအောင်၊ ရဲမင်းဟိန်း။

    မန္တလေး - အောင်မိုင်းဆန်း၊ အောင်ကျော်မိုး(ခ) မိုးထက်နေ။
    ရွှေဘို- လေးဦး။
    လားရှိုး- လေးဦး။
    မြင်းခြံ- ၇ ဦး။

    ဒီငြိမ်းလင်းကို အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူး စောထွဋ်နှင့် ခရိုင်မှူး မျိုးအောင်တို့က ၀င်ရောက်ဖမ်းဆီးသည်။

    ဖြိုးဖြိုးအောင်ကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူး ထွန်းသိန်းက ၀င်ရောက်ဖမ်းဆီးသည်။

    ၈⁠၈ မျိုးဆက်ကျောင်းသားများရုံးခန်းကို ၀င်ရောက်စစ်ဆေးသူမှာ ရဲမှူးကျော်ဇေယျအပါအ၀င် ၂၀ ဦးဖြစ်သည်။

No comments:

Post a Comment