ရွှေရည်စိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ရွှေလီမှာ တွေ့ကြပြန်တယ်။ ကတိတွေပေးသွားတယ်။ သို့သော် မထူးခြားနား ဖြစ်လာမှာပဲ၊ ဆိုပြီး အတွေ့အကြုံများတဲ့ ကေအိုင်အေ တပ်မှူးတစ်ယောက်ပြောလာသည်။
ဒီနေ့ ဆွေးနွေးပွဲမှာ အစိုးရ ကိုယ်စားလှယ်တွေရဲ့ အနေအထားကို ကြည့်လိုက်ရင် အလွတ်သဘောပုံဆောင်နေတာ တွေ့ရသည်။ လေးနက်မှု မရှိပေ။ လမ်းဘေးလူမိုက်တွေရဲ့ ရန်ပွဲဖျန်ဖြေရေး လူကြီးများပုံစံနှင့် ပိုတူသည်။ မသိနားမလည်လို့ ရန်ဖြစ်ရတာ စိတ်ငြ
— Khin Mgoo.

ိမ်သွားရင် ရန်ပွဲရပ်သွားမယ်၊ လို့ထင်ထားပုံပါ။
တကယ်တော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ရပ်ကွက် ရန်ပွဲမဟုတ်ပါ။ လူ့အသက်၊ အိုးအိမ်စည်းစိမ် မြောက်များစွာ စတေးခဲ့ရသည်။ နှစ်ပေါင်းလဲ မနဲတော့ပါ။ လက်နက်နဲ့ ဖြေရှင်းလို့ရမယ် ဆိုရင် အရင့်အရင် သူရဘွဲ့ရ ဗိုလ်ချုပ်များ လက်ထက်တွင် ပြီးနေလောက်ပါပြီ။ မပြီးနိုင်လို့သာ ဆက်ဖြစ်နေခြင်း ဖြစ်သည်။
မြောက်ပိုင်းတိုင်း တိုင်းမှူးက ထိုးစစ်မဆင်ပါဘူး လို့ ကေအိုင်အေ တပ်မှူးများရှေ့တွင် မဆင်မခြင်ပြောလာတော့၊ သံသယ စိတ် ပွါးပေးယုံကလွဲပြီး၊ ဘာအကျိုးမှ မရှိပါ။ ဘာသတင်းမှ မဖတ်ဘူးတဲ့လူတစ်ယောက်၊ ဘာမှ နိုင်ငံရေး မသိနားမလည်သူများကို ပြောရင် ယုံချင်ယုံမည်၊ သာမန်လူစိတ်ရှိသူ ကချင်ပြည်နယ်သားများ ဘယ်သူမှ မယုံပါ။
ကေအိုင်အေ က မိနစ်ပိုင်း၊ အချိန်တိုင်းတွင် စစ်အမိန့်များ ပေးနေရသော စစ်ဦးစီးချုပ်များကို အစည်းအဝေးမှာ မရမက လာခိုင်းပြီး။ တဖက်မှာ ထိုးစစ်ဆင်နေသည်။ ဒါတောင် ကေအိုင်အေက Webcast နဲ့ ဌါနချုပ်မှ live ကြည့်နိုင်ရင် မရမက စီစဉ်ခဲ့သည်။ တကမ္ဘာ လုံးရှိ ကချင် အသိုင်းအ၀ိုင်းလဲ ကြည့်လိုက်ရသည်။ ဒီခေတ်မှာ ဘာမှ ဖုံးကွယ်ထားလို့ မရပါ။
ငြိမ်းချမ်းရေးကို အမှန်အကန်လိုချင်တယ် ဆိုရင် ရွှေရည်စိမ်အဆင့်နဲ့ မရနိုင်ပါ။ ဆက်လက်စောင့်ကြည့်ရအုံးမည်။

လက်အောက်ငယ်သား
တပ်မတော်သားများနဲ့ ပြည်သူတွေ ဆင်းရဲသလောက် လူလက်တစ်ဆုပ်စာလောက်ကတော့
ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်ခဲ့ကြပါတယ်။ လက်အောက်ငယ်သား တပ်မတော်သားများ
အပင်ပန်းခံ၊ အငြိုငြင်ခံပြီးအသုံးချခံခဲ
“အာဏာရှင်ဇာတ်တော်ကြီး” က တရားဝင်နိုင်ငံရေး ဇာတ်ခုံမှာ
ကန့်လန့်ကာချပြီးသွားပြီ ဆိုပါစို့...။ ပွဲသိမ်းသွားပြီပေါ့..။
သိမ်းသွားပြီးတဲ့ ဇာတ်ခုံနံဘေးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း
ငုတ်တုတ်ကျန်ခဲ့သူ နှစ်ဦးကတော့ “တပ်မတော်” နဲ့ “ပြည်သူ” နှစ်ဦးပါပဲ...။
ပြည်သူလည်း ဆင်းရဲ.. တပ်မတော်လည်းမွဲ...။ ပြည်သူတွေလည်း အဘက်ဘက်ကနောက်ကျ..